အန်ကတ်တီးယားရဲ့ ဟက်ထရစ်နဲ့ ဂိုးဒါဇင်ဝက်သွင်းပြီး ပြိုင်ဘက်တွေကို အာဆင်နယ် တပ်လှန့်

အာဆင်နယ်အသင်းဟာ စနေနေ့မှာ ချာလ်တန် အသင်းနဲ့ ကွင်းပိတ် ခြေစမ်းပွဲ ကစားခဲ့ရာမှာတော့ ဂန်းနားတွေ ခြေစွမ်းပေါက်ကွဲမှုနဲ့ အတူ ဂိုး ဒါဇင်ဝက် သွင်းကာ ချန်ပီယံရှစ်အသင်းကို ၆-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်ရဲ့ လူငယ်တိုက်စစ် ကြယ်ပွင့် အန်ကတ်တီးယားကတော့ ၃ ဂိုးသွင်းကာ ဟက်ထရစ်ယူသွားခဲ့တာပါ။

အာဆင်နယ်ဟာ ပထမပိုင်းမှာတည်းက လာကာဇက်တီနဲ့ အူဘာမီးယန်းတို့ သွင်းဂိုးတွေနဲ့ ချာလ်တန်ကို ၂-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ လာကာဇက်က အဖွင့်ဂိုး မသွင်းနိုင်ခင်မှာ ဧရိယာထဲ ဝင်ဖို့ ခက်ခဲနေခဲ့ရပြီး အဝေးကန်ပဲ အပြင်းကန်သွင်းကာ ဂိုးရယူခဲ့ပါတယ်။ အူဘာမီးယန်းကလည်း ဘယ်ခြမ်းက ပြေးတက်လာခဲ့ပြီး ဂန်းနားတို့အတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းပေးခဲ့ပါတယ်။

ဒုတိယပိုင်းကတော့ လူငယ်ကြယ်ပွင့် အန်ကတ်တီးယား ပွဲ ဖြစ်သွားခဲ့ပါတယ်။ အင်္ဂလန်သား လူငယ်လေး ဟာ ဒုတိယပိုင်းမှာ တစ်ဂိုးပြီး တစ်ဂိုး ဆက်တိုက် သွင်းယူသွားခဲ့ပြီး ပွဲသိမ်းဂိုးကိုမှ ဝယ်လော့ခ်က သွင်းပေးခဲ့ကာ ၆-၀ နဲ့ ဂိုးပြတ် နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဝယ်လော့က အန်ကတ်တီးယားကို တစ်ဂိုး ထောက်ပံ့မှုလည်း ပြုလုပ်ခဲ့ပါတယ်။

အဲဒီခြေစမ်းပွဲမှာ ပွဲထွက်ပါဝင် သူတွေကတော့ ဂိုးသမား လီနို၊ ဘယ်လာရင်၊ မူစတာဖီ၊ ဒေးဗစ်လူးဝစ်၊ တီရာနေး၊ ဂွမ်ဒူဇီ၊ မစ်လန်းနေးစ်၊ နယ်ဆန်၊ အိုဇေး၊ အူဘာမီးယန်းနဲ့ လာကာဇက်တို့ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဇွန် ၁၈ ရက် ကြာသပတေးနေ့ မြန်မာအချိန် မနက်အစောပိုင်းမှာ ပရီးမီးယားလိဂ် ပွဲဦးထွက် ပြန်လည် စတင် ကစားရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ အမှတ်ပေးဇယား အဆင့် ၉ မှာ ရှိနေပေမယ့် အဆင့် ၄ နေရာမှ ချယ်ဆီးနဲ့ ၈ မှတ် အကွာ ရှိနေတာကြောင့် ဂန်းနားတို့က ဥရောပ ဝင်ခွင့် မျှော်လင့်ချက် အနည်းငယ်ကို လက်မလျှော့ဘဲ အားကုန် ရုန်းသွားဖွယ် ရှိနေပါတယ်။

ပွဲတွေ ပြန်မစခင် ချာလ်တန်ကို ဂိုးဒါဇင်ဝက်သွင်းပြီး ခြေစွမ်းပြလိုက်တဲ့ ဂန်းနားတွေကတော့ ပရီးမီးယားလိဂ် ပြိုင်ဘက် အသင်းတွေကို အသင့်ပဲလို့ တပ်လှန့်လိုက်ပြီ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ စေနေန႔မွာ ခ်ာလ္တန္ အသင္းနဲ႕ ကြင္းပိတ္ ေျခစမ္းပြဲ ကစားခဲ့ရာမွာေတာ့ ဂန္းနားေတြ ေျခစြမ္းေပါက္ကြဲမႈနဲ႕ အတူ ဂိုး ဒါဇင္၀က္ သြင္းကာ ခ်န္ပီယံရွစ္အသင္းကို ၆-၀ နဲ႕ အနိုင္ရရွိခဲ့ပါတယ္။ အာဆင္နယ္ရဲ႕ လူငယ္တုိက္စစ္ ၾကယ္ပြင့္ အန္ကတ္တီးယားကေတာ့ ၃ ဂိုးသြင္းကာ ဟက္ထရစ္ယူသြားခဲ့တာပါ။

အာဆင္နယ္ဟာ ပထမပိုင္းမွာတည္းက လာကာဇက္တီနဲ႕ အူဘာမီးယန္းတို႔ သြင္းဂိုးေတြနဲ႕ ခ်ာလ္တန္ကို ၂-၀ နဲ႕ ဦးေဆာင္ထားနုိင္ခဲ့တာ ျဖစ္ပါတယ္။ လာကာဇက္က အဖြင့္ဂိုး မသြင္းနုိင္ခင္မွာ ဧရိယာထဲ ၀င္ဖို႔ ခက္ခဲေနခဲ့ရျပီး အေ၀းကန္ပဲ အျပင္းကန္သြင္းကာ ဂိုးရယူခဲ့ပါတယ္။ အူဘာမီးယန္းကလည္း ဘယ္ျခမ္းက ေျပးတက္လာခဲ့ျပီး ဂန္းနားတို႔အတြက္ ဒုတိယ ဦးေဆာင္ဂိုး သြင္းေပးခဲ့ပါတယ္။

ဒုတိယပိုင္းကေတာ့ လူငယ္ၾကယ္ပြင့္ အန္ကတ္တီးယား ပြဲ ျဖစ္သြားခဲ့ပါတယ္။ အဂၤလန္သား လူငယ္ေလး ဟာ ဒုတိယပိုင္းမွာ တစ္ဂိုးျပီး တစ္ဂိုး ဆက္တိုက္ သြင္းယူသြားခဲ့ျပီး ပြဲသိမ္းဂိုးကိုမွ ၀ယ္ေလာ့ခ္က သြင္းေပးခဲ့ကာ ၆-၀ နဲ႕ ဂိုးျပတ္ နုိင္ခဲ့တာ ျဖစ္ပါတယ္။ ၀ယ္ေလာ့က အန္ကတ္တီးယားကို တစ္ဂိုး ေထာက္ပံ့မႈလည္း ျပဳလုပ္ခဲ့ပါတယ္။

အဲဒီေျခစမ္းပြဲမွာ ပြဲထြက္ပါ၀င္ သူေတြကေတာ့ ဂိုးသမား လီနို၊ ဘယ္လာရင္၊ မူစတာဖီ၊ ေဒးဗစ္လူး၀စ္၊ တီရာေနး၊ ဂြမ္ဒူဇီ၊ မစ္လန္းေနးစ္၊ နယ္ဆန္၊ အိုေဇး၊ အူဘာမီးယန္းနဲ႕ လာကာဇက္တို႔ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဇြန္ ၁၈ ရက္ ၾကာသပေတးေန႔ ျမန္မာအခ်ိန္ မနက္အေစာပိုင္းမွာ ပရီးမီးယားလိဂ္ ပြဲဦးထြက္ ျပန္လည္ စတင္ ကစားရေတာ့မွာ ျဖစ္ပါတယ္။ လက္ရွိ အမွတ္ေပးဇယား အဆင့္ ၉ မွာ ရွိေနေပမယ့္ အဆင့္ ၄ ေနရာမွ ခ်ယ္ဆီးနဲ႕ ၈ မွတ္ အကြာ ရွိေနတာေၾကာင့္ ဂန္းနားတို႔က ဥေရာပ ၀င္ခြင့္ ေမွ်ာ္လင့္ခ်က္ အနည္းငယ္ကို လက္မေလွ်ာ့ဘဲ အားကုန္ ရုန္းသြားဖြယ္ ရွိေနပါတယ္။

ပြဲေတြ ျပန္မစခင္ ခ်ာလ္တန္ကို ဂိုးဒါဇင္၀က္သြင္းျပီး ေျခစြမ္းျပလိုက္တဲ့ ဂန္းနားေတြကေတာ့ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ အသင္းေတြကို အသင့္ပဲလို႔ တပ္လွန္႔လိုက္ျပီ ျဖစ္ပါတယ္။