ဥရောပတခွင်မှ ယနေ့ညပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ (23/8/21)

စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ကတော့ မန်စီးတီး ခံစစ်မှူး လာပေါ်တေးကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း အသိပေးထားတယ် လို့ သိရပါတယ်။ စပိန် လက်ရွေးစင် ကစားသမားကလည်း မန်စီးတီးမှာ ပွဲကစားချိန် သိပ်မရတော့တာကြောင့် အသင်းပြောင်းဖွယ် ရှိနေတာပါ။

ယူနိုက်တက် အစွန်ခံစစ်သမားလေး ဘရန်ဒန် ဝီလီယံဟာ နောဝစ်ချ်အသင်းထံ တစ်ရာသီ အငှား ကစားဖို့ ထွက်ခွာခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ၎င်းတို့ ခံစစ်မှှုး ဇူးမားကို ဝက်စ်ဟမ်းက အလိုရှိနေပြီး ပေါင် ၂၆ သန်းနဲ့ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူထားကြောင်း သိရပါတယ်။ ဇူးမားကို လက်လွှတ်ရရင် ခေါ်ယူဖို့ ချယ်ဆီးက ဆီဗီလာမှ ကွန်ဒဲလ်ကိုလည်း ဆက်လက် ချိတ်ဆက်ထားဆဲပါ။

စပါးအသင်းဟာ ဝုဗ် တောင်ပံတိုက်စစ်သမား ထရာအိုရေး ကို ခေါ်ယူဖို့ စောင့်ကြည့်နေဆဲ ဖြစ်ပြီး တယ်လီဂရပ်ဖ် သတင်းဌာန အဆိုအရ နည်းပြ နူနိုဟာ ပြောင်းရွှေ့ကြေးမြင့်မြင့်နဲ့ ကမ်းလှမ်းဖွယ် ရှိတယ်လို့ သိရပါတယ်။

ဘာစီလိုနာကတော့ အပြောင်းအရွှေ့ ဈေးကွက် မပိတ်ခင်မှာပဲ အမ် တီတီကို အသင်းကနေ ထွက်ခွာစေလိုနေပြီး ၎င်းသား ထွက်ခွာမယ် ဆိုရင် ဘာ ပြောင်းရွှေ့ကြေးမှ မယူဘဲ ကို လက်လွှတ်ချင်နေတာ ဖြစ်ပါတယ်။

ပဲလေ့စ် နည်းပြ ပက်ထရစ် ဗီအဲရာကတော့ အာဆင်နယ် တိုက်စစ်သမား အမ် ကတ်တီးယားကို ပေါင် ၁၀ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း The Athletic သတင်းဌာနက ဖော်ထုတ်ထားပါတယ်။

လီဗာပူးအသင်းရဲ့ ဆွစ်ဇာလန် လက်ရွေးစင် တိုက်စစ်သမား ရှာကွီရီဟာ လိုင်ယွန်အသင်းထံ ပေါင် ၉.၅ သန်းနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ပြီး ဆေးစစ်မှုလည်း ခံယူတော့မှာ ဖြစ်ပါတယ်။

အင်္ဂလန်သား ကွင်းလယ်ကစားသမား ဒီကလန် ရိုက်စ်ကတော့ ဝက်စ်ဟမ်းအသင်းဟာ သူ့ကို တန်ကြေး ပေါင် သန်း ၁၀၀ သတ်မှတ်လိုက်တဲ့ အတွက် စိတ်ပျက်နေပြီး လန်ဒန်ကလပ်ရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုတွေကို ငြင်းပယ်သွားဖို့ ရှိနေကြောင်း The Times သတင်းဌာနက ဖော်ပြထားပါတယ်။

အေစီမီလန်နဲ့ ဘာစီလိုနာအသင်းတို့ဟာ မန်စီးတီး ကွင်းလယ်သမား ဘာနာဒို ဆေးလ်ဗားကို ခေါ်ယူဖို့ အပြိုင် ကြိုးစားနေပါတယ်။ ပက် ဂွာဒီယိုလာကလည်း ဘာနာဒိုဟာ ဒီနွေမှာ အသင်းကနေ ထွက်ခွာဖွယ် ရှိကြောင်း ဝန်ခံထားတာပါ။

Zawgyi

စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္ကေတာ့ မန္စီးတီး ခံစစ္မွဴး လာေပၚေတးကို ေခၚယူဖို႔ စိတ္၀င္စားေၾကာင္း အသိေပးထားတယ္ လို႔ သိရပါတယ္။ စပိန္ လက္ေရြးစင္ ကစားသမားကလည္း မန္စီးတီးမွာ ပြဲကစားခ်ိန္ သိပ္မရေတာ့တာေၾကာင့္ အသင္းေျပာင္းဖြယ္ ရွိေနတာပါ။

ယူနိုက္တက္ အစြန္ခံစစ္သမားေလး ဘရန္ဒန္ ၀ီလီယံဟာ ေနာ၀စ္ခ်္အသင္းထံ တစ္ရာသီ အငွား ကစားဖို႔ ထြက္ခြာခဲ့ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ၄င္းတို႔ ခံစစ္မွႈး ဇူးမားကို ၀က္စ္ဟမ္းက အလိုရွိေနျပီး ေပါင္ ၂၆ သန္းနဲ႕ ေခၚယူဖို႔ ႏႈတ္အားျဖင့္ သေဘာတူထားေၾကာင္း သိရပါတယ္။ ဇူးမားကို လက္လႊတ္ရရင္ ေခၚယူဖို႔ ခ်ယ္ဆီးက ဆီဗီလာမွ ကြန္ဒဲလ္ကိုလည္း ဆက္လက္ ခ်ိတ္ဆက္ထားဆဲပါ။

စပါးအသင္းဟာ ၀ုဗ္ ေတာင္ပံတိုက္စစ္သမား ထရာအိုေရး ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနဆဲ ျဖစ္ျပီး တယ္လီဂရပ္ဖ္ သတင္းဌာန အဆိုအရ နည္းျပ ႏူႏိုဟာ ေျပာင္းေရႊ႕ေၾကးျမင့္ျမင့္နဲ႕ ကမ္းလွမ္းဖြယ္ ရွိတယ္လို႔ သိရပါတယ္။

ဘာစီလိုနာကေတာ့ အေျပာင္းအေရႊ႕ ေစ်းကြက္ မပိတ္ခင္မွာပဲ အမ္ တီတီကို အသင္းကေန ထြက္ခြာေစလိုေနျပီး ၄င္းသား ထြက္ခြာမယ္ ဆိုရင္ ဘာ ေျပာင္းေရႊ႕ေၾကးမွ မယူဘဲ ကို လက္လႊတ္ခ်င္ေနတာ ျဖစ္ပါတယ္။

ပဲေလ့စ္ နည္းျပ ပက္ထရစ္ ဗီအဲရာကေတာ့ အာဆင္နယ္ တိုက္စစ္သမား အမ္ ကတ္တီးယားကို ေပါင္ ၁၀ သန္းနဲ႕ ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း The Athletic သတင္းဌာနက ေဖာ္ထုတ္ထားပါတယ္။

လီဗာပူးအသင္းရဲ႕ ဆြစ္ဇာလန္ လက္ေရြးစင္ တိုက္စစ္သမား ရွာကြီရီဟာ လိုင္ယြန္အသင္းထံ ေပါင္ ၉.၅ သန္းနဲ႕ ေျပာင္းေရႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ျပီး ေဆးစစ္မႈလည္း ခံယူေတာ့မွာ ျဖစ္ပါတယ္။

အဂၤလန္သား ကြင္းလယ္ကစားသမား ဒီကလန္ ရိုက္စ္ကေတာ့ ၀က္စ္ဟမ္းအသင္းဟာ သူ႔ကို တန္ေၾကး ေပါင္ သန္း ၁၀၀ သတ္မွတ္လိုက္တဲ့ အတြက္ စိတ္ပ်က္ေနျပီး လန္ဒန္ကလပ္ရဲ႕ သက္တမ္းတိုး ကမ္းလွမ္းမႈေတြကို ျငင္းပယ္သြားဖို႔ ရွိေနေၾကာင္း The Times သတင္းဌာနက ေဖာ္ျပထားပါတယ္။

ေအစီမီလန္နဲ႕ ဘာစီလိုနာအသင္းတို႔ဟာ မန္စီးတီး ကြင္းလယ္သမား ဘာနာဒို ေဆးလ္ဗားကို ေခၚယူဖို႔ အျပိဳင္ ၾကိဳးစားေနပါတယ္။ ပက္ ဂြာဒီယိုလာကလည္း ဘာနာဒိုဟာ ဒီေႏြမွာ အသင္းကေန ထြက္ခြာဖြယ္ ရွိေၾကာင္း ၀န္ခံထားတာပါ။