ပွဲဦးထွက် အပတ်မှာတင် အကောင်းဆုံးအသင်းထဲ ပါဝင်သွားခဲ့တဲ့ လူကာကူနဲ့ အသင်းဖော်

ပရီးမီးယားလိဂ်ပွဲစဉ် (၂) မှာတော့ ချယ်ဆီးက ဒုတိယမြောက် လန်ဒန်ဒါဘီပွဲအဖြစ် အာဆင်နယ်ကို လူကာကူ၊ ရိစ်ဂျိမ်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရခဲ့တယ်။

ဒီအပတ်ရဲ့ အကောင်းဆုံး အသင်းအဖြစ် ဘီဘီစီမှ Garth Crooks ရွေးချယ်ထားမှုမှာ ချယ်ဆီးအသင်းသား နှစ်ဦးပါဝင်လာခဲ့တယ်။ သူကတော့ ၄-၄-၂ ပုံစံဖြင့် ရွေးချယ်ထားခြင်းဖြစ်ကာ အင်တာကနေ ပြောင်းလာပြီးနောက် ချယ်ဆီးအတွက် ပွဲဦးထွက် ကစားပေးခဲ့တဲ့ လူကာကူနဲ့ လူငယ်အစွန်သမား ရိစ်ဂျိမ်းတို့ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဒီတစ်ပတ်ရဲ့ ဘီဘီစီ Team of the week

ဂိုး – Raya
ခံစစ် – Arnold, Azpillicueta, Duffy, James
ကွင်းလယ် – Bissouma, Henderson, Alli, D Gray
တိုက်စစ် – Jesus, Lukaku

ရိစ်ဂျိမ်း (ချယ်ဆီး)

ရိစ်ဂျိမ်းဟာ လူကာကူရဲ့ အဖွင့်ဂိုးအတွက် ဖန်တီးမှု လုပ်ပေးနိုင်ခဲ့ပြီးတော့ သူကိုယ်တိုင်လဲ ဒုတိယဂိုးကို သွင်းယူခဲ့ပါတယ်။ သူက အနာဂတ်မှာ ချယ်ဆီးနဲ့ အင်္ဂလန်အတွက် အဖြည့်ခံ အရန်ကစားသမားအဆင့်မှာ ရှိနေတော့မှာ မဟုတ်ပါဘူး။

အာဆင်နယ်ပွဲမှာ အသင်းဖော်အတွက် ဂိုးဖန်တီးပေးမှုကော ကိုယ်တိုင် ဂိုးသွင်းမှုကော လုပ်နိုင်ခဲ့တဲ့ သူဟာ ၂၀၁၂ စက်တင်ဘာတုန်းက ဟွမ်မာတာ နောက်ပိုင်း အာဆင်နယ်ကို အဝေးကွင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲအတွင်း ဂိုးနဲ့ ဖန်တီးမှု နှစ်ခုလုံး လုပ်နိုင်တဲ့ ဒုတိယမြောက် ချယ်ဆီးကစာသမား ဖြစ်လာပါတယ်။

လူကာကူ (ချယ်ဆီး)

လူကာကူရဲ့ အဆုံးသတ် စွမ်းရည်တွေ ပိုကောင်းလာပြီး သူ့ရဲ့ စွယ်စုံရ အကျိုးပြနိုင်စွမ်းတွေက အများကြီး တိုးတက်လာပါတယ်။ ချယ်ဆီးနဲ့ ပွဲဦးထွက်မှာပဲ ဂိုးသွင်းယူခဲ့တဲ့ လူကာကူကို ရင်ဆိုင်ရမယ့် ပြဿနာကို အာဆင်နယ်တင်မဟုတ်ဘဲ ကျန်ပြိုင်ဘက်တွေအားလုံး ဒီရာသီမှာ တွေ့ကြုံ ရင်ဆိုင်ရတော့မှာပါ။

ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်လာခဲ့တဲ့ လူကာကူဟာ သူ့ရဲ့ ပရီးမီးယားလိဂ် ပွဲကစားမှုတွေအတွင်း သွင်းဂိုး ၁၁၄ ဂိုးအထိ ရှိလာပြီဖြစ်ပြီး လိဂ်သမိုင်းတလျှောက် အယောက် ၂၀ မြောက် ထိပ်တန်းဂိုးသွင်းရှင် ဖြစ်လာခဲ့ပါတယ်။ အင်္ဂလန်မှာ အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ ဂိုး ၅၀ နဲ့အထက် သွင်းယူနိုင်တဲ့ ၈ ယောက်မြောက် နိုင်ငံခြားသားလဲ ဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ပြဲစဥ္ (၂) မွာေတာ့ ခ်ယ္ဆီးက ဒုတိယေျမာက္ လန္ဒန္ဒါဘီပြဲအျဖစ္ အာဆင္နယ္ကို လူကာကူ၊ ရိစ္ဂ်ိမ္းတို႔ရဲ႕ သြင္းဂိုးေတြနဲ႔အတူ ၂-၀ ဆိုတဲ့ ရလဒ္ျဖင့္ အႏုိင္ရခဲ့တယ္။

ဒီအပတ္ရဲ႕ အေကာင္းဆံုး အသင္းအျဖစ္ ဘီဘီစီမွ Garth Crooks ေရြးခ်ယ္ထားမႈမွာ ခ်ယ္ဆီးအသင္းသား ႏွစ္ဦးပါဝင္လာခဲ့တယ္။ သူကေတာ့ ၄-၄-၂ ပံုစံျဖင့္ ေရြးခ်ယ္ထားျခင္းျဖစ္ကာ အင္တာကေန ေျပာင္းလာျပီးေနာက္ ခ်ယ္ဆီးအတြက္ ပြဲဦးထြက္ ကစားေပးခဲ့တဲ့ လူကာကူနဲ႔ လူငယ္အစြန္သမား ရိစ္ဂ်ိမ္းတို႔ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဒီတစ္ပတ္ရဲ႕ ဘီဘီစီ Team of the week

ဂိုး – Raya
ခံစစ္ – Arnold, Azpillicueta, Duffy, James
ကြင္းလယ္ – Bissouma, Henderson, Alli, D Gray
တိုက္စစ္ – Jesus, Lukaku

ရိစ္ဂ်ိမ္း (ခ်ယ္ဆီး)

ရိစ္ဂ်ိမ္းဟာ လူကာကူရဲ႕ အဖြင့္ဂိုးအတြက္ ဖန္တီးမႈ လုပ္ေပးႏိုင္ခဲ့ၿပီးေတာ့ သူကိုယ္တိုင္လဲ ဒုတိယဂိုးကို သြင္းယူခဲ့ပါတယ္။ သူက အနာဂတ္မွာ ခ်ယ္ဆီးနဲ႔ အဂၤလန္အတြက္ အျဖည့္ခံ အရန္ကစားသမားအဆင့္မွာ ရွိေနေတာ့မွာ မဟုတ္ပါဘူး။

အာဆင္နယ္ပြဲမွာ အသင္းေဖာ္အတြက္ ဂိုးဖန္တီးေပးမႈေကာ ကိုယ္တိုင္ ဂိုးသြင္းမႈေကာ လုပ္ႏုိင္ခဲ့တဲ့ သူဟာ ၂၀၁၂ စက္တင္ဘာတုန္းက ဟြမ္မာတာ ေနာက္ပိုင္း အာဆင္နယ္ကို အေဝးကြင္းမွာ ရင္ဆိုင္ခဲ့ရတဲ့ ပရီးမီးယားလိဂ္ပြဲအတြင္း ဂိုးနဲ႔ ဖန္တီးမႈ ႏွစ္ခုလုံး လုပ္ႏိုင္တဲ့ ဒုတိယေျမာက္ ခ်ယ္ဆီးကစာသမား ျဖစ္လာပါတယ္။

လူကာကူ (ခ်ယ္ဆီး)

လူကာကူရဲ႕ အဆုံးသတ္ စြမ္းရည္ေတြ ပိုေကာင္းလာၿပီး သူ႔ရဲ႕ စြယ္စုံရ အက်ိဳးျပႏိုင္စြမ္းေတြက အမ်ားႀကီး တိုးတက္လာပါတယ္။ ခ်ယ္ဆီးနဲ႔ ပြဲဦးထြက္မွာပဲ ဂိုးသြင္းယူခဲ့တဲ့ လူကာကူကို ရင္ဆိုင္ရမယ့္ ျပႆနာကို အာဆင္နယ္တင္မဟုတ္ဘဲ က်န္ျပိဳင္ဘက္ေတြအားလံုး ဒီရာသီမွာ ေတြ႕ႀကဳံ ရင္ဆိုင္ရေတာ့မွာပါ။

ပရီးမီးယားလိဂ္ကို တစ္ေက်ာ့ျပန္လာခဲ့တဲ့ လူကာကူဟာ သူ႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲကစားမႈေတြအတြင္း သြင္းဂိုး ၁၁၄ ဂိုးအထိ ရွိလာၿပီျဖစ္ၿပီး လိဂ္သမိုင္းတေလွ်ာက္ အေယာက္ ၂၀ ေျမာက္ ထိပ္တန္းဂိုးသြင္းရွင္ ျဖစ္လာခဲ့ပါတယ္။ အဂၤလန္မွာ အိမ္ကြင္းေရာ၊ အေဝးကြင္းမွာပါ ဂိုး ၅၀ နဲ႔အထက္ သြင္းယူႏိုင္တဲ့ ၈ ေယာက္ေျမာက္ ႏိုင္ငံျခားသားလဲ ျဖစ္ပါတယ္။