ရီးရဲလ်ကို ကျော်ပြီး ဗန်ဒါဘိ ကို ခေါ်ဖို့ ယူနိုက်တက်က အေဂျက်နဲ့ စတင် ဆွေးနွေးနေ

မန်ချက်စတာယူနိုက်တက်ဟာ ဟော်လန်သား ကွင်းလယ်တိုက်စစ်သမား ဗန်ဒါဘိကို ခေါ်ယူနိုင်ဖို့ အေဂျက်နဲ့ ဆွေးနွေးမှုတွေ ဒီတစ်ပတ်ထဲမှာ စတင်ထားကြောင်း ဟော်လန်ဘက်က သတင်းတွေမှာ ဖော်ပြနေပါတယ်။

အေဂျက်ဟာ ဗန်ဒါဘိကို ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ (ပေါင် ၄၄.၅ သန်း) နဲ့ ရီးရဲလ်မက်ဒရစ်ကို ရောင်းချဖို့ မီးစိမ်းပြခဲ့ပြီ ဖြစ်ပြီး ကစားသမား ကပါ လိုလားနေခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ရဲ့ လတ်တလော ဘဏ္ဍာရေး အကြပ်အတည်းများကြောင့် ဗန်ဒါဘိ အပြောင်းအရွှေ့ အပြီးသတ်ဖို့ အဆင်မပြေ ဖြစ်နေခဲ့ပါတယ်။

ဒီအချိန်မှာပဲ မန်ချက်စတာ ယူနိုက်တက်က ကြားဝင်လာပြီး ဗန်ဒါဘိ အတွက် ချဉ်းကပ်ဆွေးနွေးမှု စတင်ခဲ့တာပါ။ ယူနိုက်တက်ဟာ ရီးရဲလ်ရဲ့ လှုပ်ရှားထားမှုများကို ဝင်ရောက် ကျော်ဖြတ်ပြီး ညှိနှိုင်းနိုင်မယ်လို့ ယုံကြည်ချက် ရှိနေပါတယ်။

အေဂျက်ကတော့ မြန်မြန်နဲ့ ပိုသေချာတဲ့ ရောင်းချမှုကို ပို အလိုရှိနေပြီး အေဂျက် အကြီးအကဲ ဗန်ဒါဆားကလည်း သူ့ ကလပ်အသင်းဟောင်း ယူနိုက်တက်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိထားပါတယ်။

ဗန်ဒါဘိဟာ အေဂျက်နဲ့ အတူ ပြီးခဲ့တဲ့ သုံးရာသီဆက် ခြေစွမ်းပြထားတဲ့ ကစားသမား ဖြစ်ပြီး ဟော်လန်ကလပ် အတွက် ၁၇၅ ပွဲ ကစား ပြီးချိန်မှာ ၄၁ ဂိုး သွင်း ၃၄ ကြိမ် ဂိုးေ်ထာက်ပံ့မှု ပြုလုပ်ထားပါတယ်။

ဟော်လန်သား အတွက် ပြောင်းရွှေ့ကြေးကို ယူနိုက်တက်က ယူရို သန်း ၅၀ ထက် နည်းပြီး ညှိနှိုင်းလိုပေမယ့် အေဂျက်ဘက်ကတော့ ဒိထက် မလျှော့လိုကြောင်း အသိပေးထားပါတယ်။ ဒီနွေမှာ ကစားသမား တစ်ယောက် အတွက် ယူရို သန်း ၁၅၀၊ ၂၀၀ တွေ တောင်းဆိုဖို့ မဖြစ်နိုင်ပေမယ့် မျှတတဲ့ တန်ကြေးကိုတော့ လျှော့မှာ မဟုတ်ကြောင်း ဗန်ဒါဆားက ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawguo – မန္ခ်က္စတာယူနုိက္တက္ဟာ ေဟာ္လန္သား ကြင္းလယ္တိုက္စစ္သမား ဗန္ဒါဘိကို ေခၚယူနိုင္ဖို႔ ေအဂ်က္နဲ႕ ေဆြးေႏြးမႈေတြ ဒီတစ္ပတ္ထဲမွာ စတင္ထားေၾကာင္း ေဟာ္လန္ဘက္က သတင္းေတြမွာ ေဖာ္ျပေနပါတယ္။

ေအဂ်က္ဟာ ဗန္ဒါဘိကို ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၅၀ (ေပါင္ ၄၄.၅ သန္း) နဲ႕ ရီးရဲလ္မက္ဒရစ္ကို ေရာင္းခ်ဖို႔ မီးစိမ္းျပခဲ့ျပီ ျဖစ္ျပီး ကစားသမား ကပါ လိုလားေနခဲ့ေပမယ့္ ရီးရဲလ္မက္ဒရစ္ရဲ႕ လတ္တေလာ ဘ႑ာေရး အၾကပ္အတည္းမ်ားေၾကာင့္ ဗန္ဒါဘိ အေျပာင္းအေရႊ႕ အျပီးသတ္ဖို႔ အဆင္မေျပ ျဖစ္ေနခဲ့ပါတယ္။

ဒီအခ်ိန္မွာပဲ မန္ခ်က္စတာ ယူနုိက္တက္က ၾကား၀င္လာျပီး ဗန္ဒါဘိ အတြက္ ခ်ဥ္းကပ္ေဆြးေႏြးမႈ စတင္ခဲ့တာပါ။ ယူနုိက္တက္ဟာ ရီးရဲလ္ရဲ႕ လႈပ္ရွားထားမႈမ်ားကို ၀င္ေရာက္ ေက်ာ္ျဖတ္ျပီး ညွိနိႈင္းနိုင္မယ္လို႔ ယံုၾကည္ခ်က္ ရွိေနပါတယ္။

ေအဂ်က္ကေတာ့ ျမန္ျမန္နဲ႕ ပိုေသခ်ာတဲ့ ေရာင္းခ်မႈကို ပို အလိုရွိေနျပီး ေအဂ်က္ အၾကီးအကဲ ဗန္ဒါဆားကလည္း သူ႔ ကလပ္အသင္းေဟာင္း ယူနုိက္တက္နဲ႕ ေကာင္းမြန္တဲ ့ ဆက္ဆံေရး ရွိထားပါတယ္။

ဗန္ဒါဘိဟာ ေအဂ်က္နဲ႕ အတူ ျပီးခဲ့တဲ့ သံုးရာသီဆက္ ေျခစြမ္းျပထားတဲ့ ကစားသမား ျဖစ္ျပီး ေဟာ္လန္ကလပ္ အတြက္ ၁၇၅ ပြဲ ကစား ျပီးခ်ိန္မွာ ၄၁ ဂိုး သြင္း ၃၄ ၾကိမ္ ဂိုးေ္ထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။

ေဟာ္လန္သား အတြက္ ေျပာင္းေရႊ႕ေၾကးကို ယူနိုက္တက္က ယူရို သန္း ၅၀ ထက္ နည္းျပီး ညွိနိႈင္းလိုေပမယ့္ ေအဂ်က္ဘက္ကေတာ့ ဒိထက္ မေလွ်ာ့လိုေၾကာင္း အသိေပးထားပါတယ္။ ဒီေႏြမွာ ကစားသမား တစ္ေယာက္ အတြက္ ယူရို သန္း ၁၅၀၊ ၂၀၀ ေတြ ေတာင္းဆိုဖို႔ မျဖစ္နုိင္ေပမယ့္ မွ်တတဲ့ တန္ေၾကးကိုေတာ့ ေလွ်ာ့မွာ မဟုတ္ေၾကာင္း ဗန္ဒါဆားက ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။