လူကာကူကို ရင်ဆိုင်ဖို့ ဆာအဲလက်စ်ဆိုရင် ဘယ်လိုလုပ်မလဲ သတိတရ ပြောလာတဲ့ ဂယ်ရီနဗီး

အမ်းမရိတ်က လန်ဒန်ဒါဘီမှာ လူကာကူဟာ ချယ်ဆီးအတွက် တောက်ပခဲ့ပြီး ကိုယ်တိုင် တစ်ဂိုး သွင်းယူခဲ့တယ်။ အဲ့ဒီ့ပွဲဟာ ပေါင် ၉၈ သန်းနဲ့ ချယ်ဆီးထံ ပြန်လည်ရောက်ရှိလာခဲ့ လူကာကူအတွက် အနောက်လန်ဒန်မှာ ဒုတိယမြောက် ပွဲဦးထွက်ရခြင်းလဲ ဖြစ်ခဲ့ပါတယ်။

အဆိုပါပွဲကို ကြည့်ချိန်မှာ ဂန်းနားမန်နေဂျာ အာတီတာက ချယ်ဆီးရဲ့ နံပါတ် ၁၀ တွေ အာရုံစိုက်ပေမယ့် အဓိကလူ လူကာကူကို မေ့လျော့နေခဲ့တယ်။ အာတီတာဟာ မေဆန်မောင့်နဲ့ ဟားဗတ်တို့လို ချယ်ဆီးရဲ့ ကွင်းလယ်တိုက်စစ်တွေကို တန်ပြန်ထိုးနှက်ဖို့အတွက်ပဲ ပြင်ဆင်ခဲ့တယ်လို့ နဗီးက မှတ်ချက်ပေးခဲ့ပါတယ်။

သူကတော့ ပွဲကြီးတွေမှဆိုရင် ဆာအဲလက်စ်က ရင်ဆိုင်ရမယ့် အန္တရာယ်တိုင်းကို ထည့်တွက်ထားလေ့ရှိတယ်ဆိုပြီး သရဲနီ မန်နေဂျာဟောင်း ကိုင်တွယ်နိုင်တဲ့ ပုံစံကို ပြောပြခဲ့တာဖြစ်ပါတယ်။

“ အာဆင်နယ်က ချယ်ဆီးရဲ့ နံပါတ် ၁၀ တွေအကြောင်းကိုပဲ စဉ်းစားနေခဲ့တာပါ။ မောင့်နဲ့ ဟားဗတ်က အာဆင်နယ်ကို နာကျင်အောင် လုပ်နိုင်တာ မှန်ပါတယ်။ ဒါပေမယ့် အဓိက ဖြေရှင်းရမှာက လူကာကူရဲ့ တိုက်စစ်ခြိမ်းခြောက်မှုကို ဖြစ်ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်ဆိုရင် သူရင်ဆိုင်ရမယ့် အန္တရာယ်တွေပေါ်မှာပဲ အာရုံစိုက်လိမ့်မယ်။ အာဆင်နယ်နဲ့ ရင်ဆိုင်ရမယ်ဆိုရင် ဘယ်ခြမ်းမှာ ပီရက်စ်၊ အွန်နရီနဲ့ ကိုးလ်တို့ကို တွေ့ရမှာ မှန်ပေမယ့် ညာခြမ်းက ရေးပါလာက ဘာမှမလုပ်ပဲ ရပ်နေမှာမှ မဟုတ်တာ။ အဲ့ဒါတွေကို ရင်ဆိုင်ပြီးတော့ပွဲကို အနိုင်ယူရမှာပါ။

အာဆင်နယ်ကတော့ လူကာကူကို ရင်ဆိုင်ဖြေရှင်းဖို့ မလုပ်ခဲ့ဘူး။ မောင့်နဲ့ ဟားဗတ်က မင်းကို နာကျင်စေနိုင်ပေမယ့် လူကာကူကမှ ဂိုးတွေသွင်းပြီး မင်းကို သေချာပေါက် ဖျက်ဆီးမယ့်သူလေ။ သူတို့တွေ ဗဟိုခံစစ်သမား ၂ ယောက်၊ သူ့ရှေ့မှာ ၂ ယောက်နဲ့ လေးထာင့်ဆန်ဆန် ထားပြီး မကစားခဲ့တာကို ကျွန်တော် အံ့ဩမိတယ်။

အဲ့ဒါကြောင့် ချယ်ဆီးက ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့တာ ဖြစ်နိုင်တယ်။ ကိုဗာဆစ်နဲ့ ဂျော်ဂျင်ဟိုက ဘောလုံးကို အနောက်ထိ ဆင်းယူလို့လဲ ဖြစ်နိုင်ပါတယ်။ သူတို့ ဘောလုံးရလားဆိုတာ ဘယ်သူဂရုစိုက်လို့လဲ။ တိုက်စစ်ကို ပိုအားပြုမလား ခံစစ်အထိုင်ပဲ ဆော့မလား တခုခု လုပ်ရမှာပါ။ နှစ်ခုလုံး လုပ်လို့မှ မရတာ”လို့ နဗီးက ထောက်ပြခဲ့တာဖြစ်ပါတယ်။

ZAWGYI – အမ္းမရိတ္က လန္ဒန္ဒါဘီမွာ လူကာကူဟာ ခ်ယ္ဆီးအတြက္ ေတာက္ပခဲ့ၿပီး ကိုယ္တိုင္ တစ္ဂိုး သြင္းယူခဲ့တယ္။ အဲ့ဒီ့ပြဲဟာ ေပါင္ ၉၈ သန္းနဲ႔ ခ်ယ္ဆီးထံ ျပန္လည္ေရာက္ရွိလာခဲ့ လူကာကူအတြက္ အေနာက္လန္ဒန္မွာ ဒုတိယေျမာက္ ပြဲဦးထြက္ရျခင္းလဲ ျဖစ္ခဲ့ပါတယ္။

အဆိုပါပြဲကို ၾကည့္ခ်ိန္မွာ ဂန္းနားမန္ေနဂ်ာ အာတီတာက ခ်ယ္ဆီးရဲ႕ နံပါတ္ ၁၀ ေတြ အာရံုစိုက္ေပမယ့္ အဓိကလူ လူကာကူကို ေမ့ေလ်ာ့ေနခဲ့တယ္။ အာတီတာဟာ ေမဆန္ေမာင့္နဲ႔ ဟားဗတ္တို႔လို ခ်ယ္ဆီးရဲ႕ ကြင္းလယ္တိုက္စစ္ေတြကို တန္ျပန္ထိုးႏွက္ဖို႔အတြက္ပဲ ျပင္ဆင္ခဲ့တယ္လို႔ နဗီးက မွတ္ခ်က္ေပးခဲ့ပါတယ္။

သူကေတာ့ ပြဲၾကီးေတြမွဆိုရင္ ဆာအဲလက္စ္က ရင္ဆိုင္ရမယ့္ အႏၱရာယ္တိုင္းကို ထည့္တြက္ထားေလ့ရွိတယ္ဆိုျပီး သရဲနီ မန္ေနဂ်ာေဟာင္း ကိုင္တြယ္ႏုိင္တဲ့ ပံုစံကို ေျပာျပခဲ့တာျဖစ္ပါတယ္။

“ အာဆင္နယ္က ခ်ယ္ဆီးရဲ႕ နံပါတ္ ၁၀ ေတြအေၾကာင္းကိုပဲ စဥ္းစားေနခဲ့တာပါ။ ေမာင့္နဲ႔ ဟားဗတ္က အာဆင္နယ္ကို နာက်င္ေအာင္ လုပ္ႏိုင္တာ မွန္ပါတယ္။ ဒါေပမယ့္ အဓိက ေျဖရွင္းရမွာက လူကာကူရဲ႕ တိုက္စစ္ၿခိမ္းေျခာက္မႈကို ျဖစ္ပါတယ္။

ဆာအဲလက္စ္ ဖာဂူဆန္ဆိုရင္ သူရင္ဆိုင္ရမယ့္ အႏၲရာယ္ေတြေပၚမွာပဲ အာ႐ုံစိုက္လိမ့္မယ္။ အာဆင္နယ္နဲ႔ ရင္ဆိုင္ရမယ္ဆိုရင္ ဘယ္ျခမ္းမွာ ပီရက္စ္၊ အြန္နရီနဲ႔ ကိုးလ္တို႔ကို ေတြ႕ရမွာ မွန္ေပမယ့္ ညာျခမ္းက ေရးပါလာက ဘာမွမလုပ္ပဲ ရပ္ေနမွာမွ မဟုတ္တာ။ အဲ့ဒါေတြကို ရင္ဆိုင္ၿပီးေတာ့ပြဲကို အႏိုင္ယူရမွာပါ။

အာဆင္နယ္ကေတာ့ လူကာကူကို ရင္ဆိုင္ေျဖရွင္းဖို႔ မလုပ္ခဲ့ဘူး။ ေမာင့္နဲ႔ ဟားဗတ္က မင္းကို နာက်င္ေစႏိုင္ေပမယ့္ လူကာကူကမွ ဂိုးေတြသြင္းၿပီး မင္းကို ေသခ်ာေပါက္ ဖ်က္ဆီးမယ့္သူေလ။ သူတို႔ေတြ ဗဟိုခံစစ္သမား ၂ ေယာက္၊ သူ႔ေရွ႕မွာ ၂ ေယာက္နဲ႔ ေလးထာင့္ဆန္ဆန္ ထားၿပီး မကစားခဲ့တာကို ကြၽန္ေတာ္ အံ့ဩမိတယ္။

အဲ့ဒါေၾကာင့္ ခ်ယ္ဆီးက ေဘာလုံးပိုင္ဆိုင္မႈ ပိုရခဲ့တာ ျဖစ္ႏိုင္တယ္။ ကိုဗာဆစ္နဲ႔ ေဂ်ာ္ဂ်င္ဟိုက ေဘာလုံးကို အေနာက္ထိ ဆင္းယူလို႔လဲ ျဖစ္ႏိုင္ပါတယ္။ သူတို႔ ေဘာလုံးရလားဆိုတာ ဘယ္သူဂ႐ုစိုက္လို႔လဲ။ တိုက္စစ္ကို ပိုအားျပဳမလား ခံစစ္အထိုင္ပဲ ေဆာ့မလား တခုခု လုပ္ရမွာပါ။ ႏွစ္ခုလုံး လုပ္လို႔မွ မရတာ”လို႔ နဗီးက ေထာက္ျပခဲ့တာျဖစ္ပါတယ္။