ဥရောပတခွင်မှ ယနေ့ နံနက်ခင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (26/8/21)

အသင်းလက်မဲ့ ဖြစ်နေတာကြောင့် သားဖြစ်သူရဲ့ ဘယ်အသင်း ကစားမလဲ အမေးကိုတောင် မဖြေနိုင်ကြောင်း ဂန်းနားဟောင်း ဂျက် ဝီရှိုင်းယားက ဖွင့်ဟလိုက်တဲ့နောက် လိဂ်ဝမ်းကလပ် ဝီဂန်အသင်း ဥက္ကဌ ဖြစ်သူက အသင်းသို့ လာကစားဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

မန်စီးတီး နည်းပြ ပက် ဂွာဒီယိုလာက ဂျီဆု ကို အသင်းသား အဖြစ် ဆက်လက် ထိန်းထားလိုနေပြီး ခရစ္စတီယာနို ရော်နယ်ဒို ကိစ္စ ပြောဆိုဆွေးနွေးမှုများမျာလည်း အခုထိ ဝင်ပါခြင်း မရှိသေးကြောင်း သတင်းထောက် ရိုမန်နို က ဖော်ထုတ်ထားပါတယ်။

ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်များအတွက် မဲခွဲမှု ရလဒ်များ ထွက်ပေါ်လာပြီ ဖြစ်ရာ ပရီးမီးယားလိဂ် အသင်းကြီးတွေရဲ့ ပြိုင်ဘက်တွေက အောက်ပါ အတိုင်း ဖြစ်ပါတယ်။

  • Manchester United vs West Ham
  • Chelsea vs Aston Villa
  • Norwich City vs Liverpool
  • Arsenal vs AFC Wimbledon
  • Manchester City vs Wycombe
  • Millwall vs Leicester City
  • Wolves vs Tottenham

ပီအက်စ်ဂျီအသင်းဟာ အမ်ဘတ်ပီ အသင်းက ထွက်ခွာလိုပါက ပိတ်ပင်မှာ မဟုတ်ပေမယ့် ပြောင်းရွှေ့ကြေး ယူရို သန်း ၂၂၀ (ပေါင် ၁၈၈ သန်း) ရမှ လက်လွှတ်မှာ ဖြစ်ပါတယ်။

ရိုးမား အသင်း နည်းပြ မော်ရင်ညိုကတော့ ချယ်ဆီးအသင်းမှ ပေါင် ၁၃.၅ သန်းတန် ကွင်းလယ် ကစားသမား လော့ဖ်တပ်ချိကို ခေါ်ယူဖို့ ကြိုးစားလာပါတယ်။

၂၀၂၃ ခုနှစ်မှာ မန်စီးတီးနဲ့ စာချုပ်ကုန်ဆုံးမယ့် မန်နေဂျာ ပက် ဂွာဒီယိုလာ က သူ့နည်းပြ ဘ၀ ရှေ့ဆက်နိုင်ဖို့ ခေတ္တ အနားယူလိုကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။ အဆိုပါ ကာလအပြီးမှာ နိုင်ငံ လက်ရွေးစင်အသင်း တစ်သင်းကိုလည်း ကိုင်တွယ်လိုကြောင်းပါ ၎င်းက ဆိုခဲ့ပါတယ်။

Zawgyi

အသင္းလက္မဲ့ ျဖစ္ေနတာေၾကာင့္ သားျဖစ္သူရဲ႕ ဘယ္အသင္း ကစားမလဲ အေမးကိုေတာင္ မေျဖနုိင္ေၾကာင္း ဂန္းနားေဟာင္း ဂ်က္ ၀ီရွိဳင္းယားက ဖြင့္ဟလိုက္တဲ့ေနာက္ လိဂ္၀မ္းကလပ္ ၀ီဂန္အသင္း ဥကၠဌ ျဖစ္သူက အသင္းသို႔ လာကစားဖို႔ ဖိတ္ေခၚလိုက္ပါတယ္။

မန္စီးတီး နည္းျပ ပက္ ဂြာဒီယိုလာက ဂ်ီဆု ကို အသင္းသား အျဖစ္ ဆက္လက္ ထိန္းထားလိုေနျပီး ခရစၥတီယာနို ေရာ္နယ္ဒို ကိစၥ ေျပာဆိုေဆြးေႏြးမႈမ်ားမ်ာလည္း အခုထိ ၀င္ပါျခင္း မရွိေသးေၾကာင္း သတင္းေထာက္ ရိုမန္နို က ေဖာ္ထုတ္ထားပါတယ္။

ကာရာေဘာင္းဖလား တတိယအဆင့္ ပြဲစဥ္မ်ားအတြက္ မဲခဲြမႈ ရလဒ္မ်ား ထြက္ေပၚလာျပီ ျဖစ္ရာ ပရီးမီးယားလိဂ္ အသင္းၾကီးေတြရဲ႕ ျပိဳင္ဘက္ေတြက ေအာက္ပါ အတုိင္း ျဖစ္ပါတယ္။

  • Manchester United vs West Ham
  • Chelsea vs Aston Villa
  • Norwich City vs Liverpool
  • Arsenal vs AFC Wimbledon
  • Manchester City vs Wycombe
  • Millwall vs Leicester City
  • Wolves vs Tottenham

ပီအက္စ္ဂ်ီအသင္းဟာ အမ္ဘတ္ပီ အသင္းက ထြက္ခြာလိုပါက ပိတ္ပင္မွာ မဟုတ္ေပမယ့္ ေျပာင္းေရႊ႕ေၾကး ယူရို သန္း ၂၂၀ (ေပါင္ ၁၈၈ သန္း) ရမွ လက္လႊတ္မွာ ျဖစ္ပါတယ္။

ရိုးမား အသင္း နည္းျပ ေမာ္ရင္ညိဳကေတာ့ ခ်ယ္ဆီးအသင္းမွ ေပါင္ ၁၃.၅ သန္းတန္ ကြင္းလယ္ ကစားသမား ေလာ့ဖ္တပ္ခ်ိကို ေခၚယူဖို႔ ၾကိဳးစားလာပါတယ္။

၂၀၂၃ ခုနွစ္မွာ မန္စီးတီးနဲ႕ စာခ်ဳပ္ကုန္ဆံုးမယ့္ မန္ေနဂ်ာ ပက္ ဂြာဒီယိုလာ က သူ႔နည္းျပ ဘ၀ ေရွ႕ဆက္နုိင္ဖို႔ ေခတၱ အနားယူလိုေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။ အဆိုပါ ကာလအျပီးမွာ နိုင္ငံ လက္ေရြးစင္အသင္း တစ္သင္းကိုလည္း ကိုင္တြယ္လိုေၾကာင္းပါ ၄င္းက ဆိုခဲ့ပါတယ္။