တိုက်စစ်မှူး ဘတ်ရှူဝါရီ အတွက် ဈေးသတ်မှတ်ပေးလိုက်တဲ့ ချယ်ဆီး

ချယ်ဆီးအသင်းရဲ့ ဘယ်လ်ဂျီယံသား တိုက်စစ်သမား ဘတ်ရှူဝါရီ ကို လန်ဒန် မြို့ခံပြိုင်ဘက် ဝက်စ်ဟမ်း အသင်းက အလိုရှိနေပြီး သိသိသာသာ ချဉ်းကပ်နေတာကြောင့် ချယ်ဆီးအသင်းကတော့ ဘတ်ရှူဝါရီ အတွက် တန်ကြေး သတ်မှတ်ပေးလိုက်ပြီ ဖြစ်ပါတယ်။

ဒီနွေမှာသာ ချယ်ဆီးက တီမိုဝါနာကို ခေါ်ယူလိုက်ရင် ဘယ်လ်ဂျီယံသား အတွက် ပွဲကစားခွင့် ပိုမိုနည်းပါးသွားမှာ ဖြစ်ကာ အသင်းပြောင်းဖို့ ပိုမို အလေးသာလာမှာ ဖြစ်ပါတယ်။ နည်းပြ လမ်းပတ် ကိုယ်တိုင်ကလည်း အသင်း လူစာရင်းက သူ အသုံးပြုမှာ မဟုတ်တော့တဲ့ ကစားသမားတွေ ကို ရှင်းထုတ်ကာ အပြောင်းအလဲ ပြုလုပ်လိုနေပါတယ်။

အသက် ၂၆ နှစ် ရှိပြီ ဖြစ်တဲ့ ဘတ်ရှူဝါရီ ဟာ လွန်ခဲ့တဲ့ လေးနှစ်က မာဆေးအသင်းကနေ ချယ်ဆီးအသင်းထံ ပေါင် ၃၃ သန်းနဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ဦးစားပေး ပွဲကစားခွင့်တော့ မရရှိခဲ့ပါဘူး။ ချယ်ဆီးအသင်းမှာ ၇၇ ပွဲ ကစား ၂၅ ဂိုး သွင်းထာားတဲ့ ဘတ်ရှူဝါရီ က ဒေါ့မွန်၊ ဗလင်စီယာနဲ့ ခရစ္စတယ်ပဲလေ့စ်တို့မှာ အငှား ထွက် ကစားခဲ့ပါသေးတယ်။

ဒီနွေမှာတော့ ဝက်စ်ဟမ်း အသင်းက ဘတ်ရှူဝါရီ ကို ခေါ်ယူလိုကြောင်း စိတ်ဝင်စားမှု အခိုင်အမာ ပြသထားပြီး ခရစ္စတယ် ပဲလေ့စ်ကလည်း ၎င်း အတွက် မေးမြန်းထားပါတယ်။ ဒါပေမယ့် ချယ်ဆီးအသင်းက ဘတ်ရှူဝါရီ အတွက် ပေါင် သန်း ၄၀ အလိုရှိကြောင်း တန်ကြေး သတ်မှတ်ထားလိုက်ပါတယ်။

ထိုတန်ကြေးက ဘတ်ရှူဝါရီ ကို အလိုရှိနေတဲ့ အသင်းတွေ အတွက် အနည်းငယ် အဟန့်အတား ဖြစ်နေတာကြောင့် အပြောင်းအရွှေ့ တကယ် ဖြစ်လာဖို့ တော့ အကြိတ်အနယ် ဆွေးနွေးမှုတွေ ပြုလုပ်ရဖွယ် ရှိပါသေးတယ်။ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်တော့မယ့် နယူးကာဆယ်ကလည်း ပိုင်ရှင်သစ် ရောက်လာတာနဲ့ ခေါ်ယူလိုတဲ့ ကစားသမား စာရင်းထဲ ဘတ်ရှူဝါရီ ကို ထည့်သွင်း ထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းရဲ႕ ဘယ္လ္ဂ်ီယံသား တိုက္စစ္သမား ဘတ္ရွဴ၀ါရီ ကို လန္ဒန္ ျမိဳ႔ခံျပိဳင္ဘက္ ၀က္စ္ဟမ္း အသင္းက အလိုရွိေနျပီး သိသိသာသာ ခ်ဥ္းကပ္ေနတာေၾကာင့္ ခ်ယ္ဆီးအသင္းကေတာ့ ဘတ္ရွဴ၀ါရီ အတြက္ တန္ေၾကး သတ္မွတ္ေပးလိုက္ျပီ ျဖစ္ပါတယ္။

ဒီေႏြမွာသာ ခ်ယ္ဆီးက တီမို၀ါနာကို ေခၚယူလိုက္ရင္ ဘယ္လ္ဂ်ီယံသား အတြက္ ပြဲကစားခြင့္ ပိုမိုနည္းပါးသြားမွာ ျဖစ္ကာ အသင္းေျပာင္းဖို႔ ပိုမို အေလးသာလာမွာ ျဖစ္ပါတယ္။ နည္းျပ လမ္းပတ္ ကိုယ္တိုင္ကလည္း အသင္း လူစာရင္းက သူ အသံုးျပဳမွာ မဟုတ္ေတာ့တဲ့ ကစားသမားေတြ ကို ရွင္းထုတ္ကာ အေျပာင္းအလဲ ျပဳလုပ္လိုေနပါတယ္။

အသက္ ၂၆ နွစ္ ရွိျပီ ျဖစ္တဲ့ ဘတ္ရွဴ၀ါရီ ဟာ လြန္ခဲ့တဲ့ ေလးနွစ္က မာေဆးအသင္းကေန ခ်ယ္ဆီးအသင္းထံ ေပါင္ ၃၃ သန္းနဲ႕ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး ဦးစားေပး ပြဲကစားခြင့္ေတာ့ မရရွိခဲ့ပါဘူး။ ခ်ယ္ဆီးအသင္းမွာ ၇၇ ပြဲ ကစား ၂၅ ဂိုး သြင္းထာားတဲ့ ဘတ္ရွဴ၀ါရီ က ေဒါ့မြန္၊ ဗလင္စီယာနဲ႕ ခရစၥတယ္ပဲေလ့စ္တို႔မွာ အငွား ထြက္ ကစားခဲ့ပါေသးတယ္။

ဒီေႏြမွာေတာ့ ၀က္စ္ဟမ္း အသင္းက ဘတ္ရွဴ၀ါရီ ကို ေခၚယူလိုေၾကာင္း စိတ္၀င္စားမႈ အခိုင္အမာ ျပသထားျပီး ခရစၥတယ္ ပဲေလ့စ္ကလည္း ၄င္း အတြက္ ေမးျမန္းထားပါတယ္။ ဒါေပမယ့္ ခ်ယ္ဆီးအသငး္က ဘတ္ရွဴ၀ါရီ အတြက္ ေပါင္ သန္း ၄၀ အလိုရွိေၾကာင္း တန္ေၾကး သတ္မွတ္ထားလိုက္ပါတယ္။

ထိုတန္ေၾကးက ဘတ္ရွဴ၀ါရီ ကို အလိုရွိေနတဲ့ အသင္းေတြ အတြက္ အနည္းငယ္ အဟန္႔အတား ျဖစ္ေနတာေၾကာင့္ အေျပာင္းအေရႊ႕ တကယ္ ျဖစ္လာဖို႔ ေတာ့ အၾကိတ္အနယ္ ေဆြးေႏြးမႈေတြ ျပဳလုပ္ရဖြယ္ ရွိပါေသးတယ္။ အသင္းပိုင္ရွင္ အေျပာင္းအလဲ ျဖစ္ေတာ့မယ့္ နယူးကာဆယ္ကလည္း ပိုင္ရွင္သစ္ ေရာက္လာတာနဲ႕ ေခၚယူလိုတဲ့ ကစားသမား စာရင္းထဲ ဘတ္ရွဴ၀ါရီ ကို ထည့္သြင္း ထားပါတယ္။