ယူနိုက်တက်နဲ့ ချယ်ဆီးတို့ ပစ်မှတ် ကို ကြိုက်ဈေးရရင် ရောင်းမယ်လို့ ဖီအိုရင်တီးနား အသင်းပိုင်ရှင် ပြော

မန်ချက်စတာယူနိုက်တက်နဲ့ ချယ်ဆီးအသင်းတို့ ပစ်မှတ်ထား ချိတ်ဆက်နေတဲ့ တောင်ပံ တိုက်စစ်သမား ဖက်ဒရီကို ချီဇာကို သင့်တော်တဲ့ တန်ကြေးနဲ့ ကမ်းလှမ်းလာရင် ထွက်ခွာခွင့်ပေးမယ်လို့ ဖီအိုရင်တီးနား အသင်းပိုင်ရှင် ရိုကို ကိုမစ်ဆိုက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

အသက် ၂၂ နှစ် အရွယ် အီတလီသားကို လာမယ့် နွေ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ထိပ်သီး အသင်းတွေ အများအပြား ရှိပြီး ယူနိုက်တက်နဲ့ ချယ်ဆီးအပြင် အင်တာမီလန်၊ ဂျူဗင်တပ်အသင်းတွေလည်း ပါဝင်ပါတယ်။

ဖီအိုရင်တီးနား အသင်း ပိုင်ရှင် ကိုမစ်ဆိုကတော့ ဖက်ဒရီကို ချီဆာ အတွက် ကြိုက်ဈေးရရင် လက်လွှတ်ဖို့ အသင့်ပဲလို့ အသိပေးလိုက်ပါတယ်။

” တကယ်လို့ ချီဆာ က ထွက်ခွာချင်တယ်ဆို သူ သွားနိုင်ပါတယ် ဒါပေမယ့် ကျနေ်ာတို့ ခွင့်ပြုနိုင်တဲ့ ပြောင်းရွှေ့ကြေးနဲ့ပေါ့။ ဒီအတွက် ညှိနှိုင်းလျှော့ပေါ့ပေးတာတွေတော့ လုပ်မှာမဟုတ်ဘူး။ ဒါက ဖီရင်အိုတီးနားပဲ။ ” လို့ အသင်းပိုင်ရှင်က ဆိုပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် အကြပ်အတည်း ကာလ မတိုင်ခင်ကတော့ ဖီရင်အိုတီးနားက ဖက်ဒရီကို ချီဇာ အတွက် တန်ကြေး ပေါင် သန်း ၆၀ လို့ သတ်မှတ်ထားခဲ့ပါတယ်။ ဒါပေမယ့် ကလပ်အသင်းတိုင်း ဘဏ္ဍာရေး အကြပ်အတည်း ရင်ဆိုင်နေရချိန်မှာ ပြောင်းရွှေ့ကြေးတွေကလည်း မျှော်မှန်းတာထက် နည်းသွားနိုင်တယ်လို့ ကျွမ်းကျင်သူတွေကတော့ သတိပေးထားပါတယ်။

ဖက်ဒရီကို ချီဆာ က ဒီရာသီ ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ ၂၆ ပွဲ ကစားထားရာမှာ ၆ ဂိုးသွင်း၊ ၇ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ ၎င်းက အီတလီ လက်ရွေးစင် အသင်းမှာလည်း ၁၇ ပွဲ ပါဝင် ကစားထားပြီး ဖြစ်ပါတယ်။

Zawgyi – မန္ခ်က္စတာယူနုိက္တက္နဲ႕ ခ်ယ္ဆီးအသင္းတို႔ ပစ္မွတ္ထား ခ်ိတ္ဆက္ေနတဲ့ ေတာင္ပံ တိုက္စစ္သမား ဖက္ဒရီကို ခ်ီဇာကို သင့္ေတာ္တဲ့ တန္ေၾကးနဲ႕ ကမ္းလွမ္းလာရင္ ထြက္ခြာခြင့္ေပးမယ္လို႔ ဖီအိုရင္တီးနား အသင္းပိုင္ရွင္ ရိုကို ကိုမစ္ဆိုက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

အသက္ ၂၂ နွစ္ အရြယ္ အီတလီသားကို လာမယ့္ ေႏြ အေျပာင္းအေရႊ႕မွာ ေခၚယူဖို႔ ခ်ိတ္ဆက္ေနတဲ့ ထိပ္သီး အသင္းေတြ အမ်ားအျပား ရွိျပီး ယူနုိက္တက္နဲ႕ ခ်ယ္ဆီးအျပင္ အင္တာမီလန္၊ ဂ်ဴဗင္တပ္အသင္းေတြလည္း ပါ၀င္ပါတယ္။

ဖီအိုရင္တီးနား အသင္း ပိုင္ရွင္ ကိုမစ္ဆိုကေတာ့ ဖက္ဒရီကို ခ်ီဆာ အတြက္ ၾကိဳက္ေစ်းရရင္ လက္လႊတ္ဖို႔ အသင့္ပဲလို႔ အသိေပးလိုက္ပါတယ္။

” တကယ္လို႔ ခ်ီဆာ က ထြက္ခြာခ်င္တယ္ဆို သူ သြားနုိင္ပါတယ္ ဒါေပမယ့္ က်ေန္ာတို႔ ခြင့္ျပဳနိုင္တဲ့ ေျပာင္းေရႊ႕ေၾကးနဲ႕ေပါ့။ ဒီအတြက္ ညွိနိႈင္းေလွ်ာ့ေပါ့ေပးတာေတြေတာ့ လုပ္မွာမဟုတ္ဘူး။ ဒါက ဖီရင္အိုတီးနားပဲ။ ” လို႔ အသင္းပိုင္ရွင္က ဆိုပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ အၾကပ္အတည္း ကာလ မတိုင္ခင္ကေတာ့ ဖီရင္အိုတီးနားက ဖက္ဒရီကို ခ်ီဇာ အတြက္ တန္ေၾကး ေပါင္ သန္း ၆၀ လို႔ သတ္မွတ္ထားခဲ့ပါတယ္။ ဒါေပမယ့္ ကလပ္အသင္းတိုင္း ဘ႑ာေရး အၾကပ္အတည္း ရင္ဆုိင္ေနရခ်ိန္မွာ ေျပာင္းေရႊ႕ေၾကးေတြကလည္း ေမွ်ာ္မွန္းတာထက္ နည္းသြားနုိင္တယ္လို႔ ကၽြမ္းက်င္သူေတြကေတာ့ သတိေပးထားပါတယ္။

ဖက္ဒရီကို ခ်ီဆာ က ဒီရာသီ ကလပ္အသင္းအတြက္ ျပိဳင္ပြဲစံု ၂၆ ပြဲ ကစားထားရာမွာ ၆ ဂိုးသြငး္၊ ၇ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ ၄င္းက အီတလီ လက္ေရြးစင္ အသင္းမွာလည္း ၁၇ ပြဲ ပါ၀င္ ကစားထားျပီး ျဖစ္ပါတယ္။