စီရော်နယ်ဒို ပါလာမယ့် ယူနိုက်တက်ရဲ့ ဆုဖလား ရေပန်းစားမှုက နံပါတ် ဘယ်လောက်မှာ ရှိနေမလဲ

မန်ချက်စတာ ယူနိုက်တက်ဟာ ခရစ္စတီယာနို ရော်နယ်ဒိုကို ပြန်လည်ခေါ်ယူခဲ့ပေမယ့် ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးအတွက် တတိယနေရာကနေသာ ရေပန်းစားနေဆဲ ဖြစ်ပါတယ်လို့ ဂယ်ရီနဗီးက ဆိုပါတယ်။

ဒီရာသီမှာ အင်္ဂလန်ပြည်တွင်းလိဂ်အတွင်း ယူနိုက်တက် ရင်ဆိုင်ရမယ့် အဓိက ပြိုင်ဘက်အသင်း သုံးသင်းရှိတယ်လို့ ဂယ်ရီနဗီးက မြင်ပါတယ်။

” ရှင်းရှင်းပြောရအောင်။ လွန်ခဲ့တဲ့ သုံးလေးရာသီအတွင်း မန်စီးတီးက ထူးထူးချွန်ချွန် လုပ်ပြခဲ့တယ်။ ချယ်ဆီးက မနှစ်ကတင်ပဲ ချန်ပီယံလိဂ်ဖလား အနိုင်ရခဲ့ပြီးတော့ ဒီရာသီမှာ ပိုကောင်းတဲ့ အသင်း ဖြစ်လာတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလေးနှစ်အတွင်း လီဗာပူးကိုပါ ထည့်တွက်မယ်ဆိုရင် ယူနိုက်တက်ဟာ ဥရောပရဲ့အကောင်းဆုံး အသင်း ၃ သင်းကို ရင်ဆိုင်ရမှာပါ ” လို့ နဗီးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သောကြာနေ့ကပဲ ယူနိုက်တက်က သူတို့ရဲ့ ကြယ်ပွင့်ဟောင်းကို ဂျူဗင်တပ်ကနေ အိုးလ်ထရက်ဖို့ဒ်ထံ ပြန်လည်ခေါ်ယူဖို့ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။ ဒါပေမယ့် ရော်နယ်ဒို ရှိနေရင်တောင် လီဗာပူးကို ၁၀ ယောက်ထဲနဲ့ သရေကျအောင် ကစားနိုင်ခဲ့တဲ့ ချယ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ အင်အားက ဒီနှစ်မှာ အခက်ခဲဆုံး ပရီးမီးယားလိဂ်ဖလား ပြိုင်ဆိုင်မှု ဖြစ်စေလိမ့်မယ်လို့ နဗီးက ယုံကြည်နေပါတယ်။

“ ပရီးမီးယားလိဂ်က ဟိုးအရင်တုန်းကလိုမျိုး အမြင့်ဆုံး အဆင့်အတန်းမှာ ရှိနေပါတယ်။ ဒီလိဂ်ဟာ ဥရောပရဲ့ ထိပ်တန်းအဆင့်ကို ပြန်လည်ရောက်ရှိခဲ့ပြီးတော့ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ တကယ် ကောင်းတဲ့ အသင်းတွေကို ရင်ဆိုင်ရလိမ့်မယ်။

ဟိုအရင် နှစ်တွေလိုဆိုရင်တော့ မန်ချက်စတာ ယူနိုက်တက်က ၁၀ မှတ်အသာနဲ့ ပရီးမီးယာလိဂ်ဖလားကို အောင်မြင်လိမ့်မယ်လို့ ကျွန်တော် ပြောလို့ရနိုင်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှု ဖြစ်နေပါပြီ။

ရာသီကုန်ရင် မန်စီးတီး၊ ချယ်ဆီး၊ ယူနိုက်တက်တို့ အစဉ်လိုက် အဆုံးသတ်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းခဲ့တယ်။ ကျွန်တော်ရဲ့ ခန့်မှန်းကို ပြောင်းလဲဦးမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ရော်နယ်ဒိုကို ခေါ်ယူရုံနဲ့ မန်ယူနိုက်တက်ဟာ မနှစ်က ချန်ပီယံလိဂ်ဖလားရခဲ့တဲ့ ချယ်ဆီးနဲ့ အမှတ် ၂၀ အသာနဲ့ လိဂ်မှာ အောင်မြင်ခဲ့တဲ့ မန်စီးတီးတို့ထက် ပိုကောင်းတဲ့ အသင်း ဖြစ်စေမယ်လို့ ကျွန်တော် မထင်ဘူး။

ယူနိုက်တက်က ဆုဖလားအောင်မြင်မှုနဲ့ ပိုနီးစပ်လာမှာတော့ အမှန်ပါပဲ။ အခုချိန်မှာ သူတို့ ဖလားအောင်မြင်မယ်လို့ ထင်လားလို့ ကျွန်တော့်ကို မေးရင် မထင်ပါဘူး။ ဒါပေမယ့် မန်ယူနိုက်တက် ဖလားစိန်ခေါ်ဖို့နဲ့ ပတ်သက်ပြီး အရင် ၅ရက်၊ ၆ ရက်လောက်ကထက် အခုချိန်မှာ ကျွန်တော် ပိုပြီးစိတ်လှုပ်ရှားမိပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဗာရိန်းတို့က ဖလားအောင်မြင်ဖို့ အောင်ပွဲစိတ်ဓာတ်တွေ ပိုင်ဆိုင်ထားလိမ့်မယ်။ သူတို့ကို ကျွန်တော်လဲ ဖလားရစေချင်ပါတယ်။ ဒါပေမယ့် ဒီရာသီမှာတော့ မအောင်မြင်လောက်ဘူး ထင်ပါတယ်။ ကျွန်တော်က လက်တွေ့ကျတာကို ပြောနေတာပါ။

ဒီကစားသမားတွေနဲ့ ဖလားရမလား၊ မရလားဆိုတာ မသေချာပေမယ့် သူတို့က လွန်ခဲ့တဲ့ ၄၈ နာရီကထက် အခုချိန်မှာ ပိုကောင်းတဲ့ အခွင့်အရေးတော့ ရှိနေပါတယ် ” လို့ နဗီးက ဆိုပါတယ်။

ZAWGYI – မန္ခ်က္စတာ ယူႏိုက္တက္ဟာ ခရစၥတီယာႏို ေရာ္နယ္ဒိုကို ျပန္လည္ေခၚယူခဲ့ေပမယ့္ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေရးအတြက္ တတိယေနရာကေနသာ ေရပန္းစားေနဆဲ ျဖစ္ပါတယ္လို႔ ဂယ္ရီနဗီးက ဆိုပါတယ္။

ဒီရာသီမွာ အဂၤလန္ျပည္တြင္းလိဂ္အတြင္း ယူႏုိက္တက္ ရင္ဆိုင္ရမယ့္ အဓိက ျပိဳင္ဘက္အသင္း သံုးသင္းရွိတယ္လို႔ ဂယ္ရီနဗီးက ျမင္ပါတယ္။

” ရွင္းရွင္းေျပာရေအာင္။ လြန္ခဲ့တဲ့ သုံးေလးရာသီအတြင္း မန္စီးတီးက ထူးထူးခြၽန္ခြၽန္ လုပ္ျပခဲ့တယ္။ ခ်ယ္ဆီးက မႏွစ္ကတင္ပဲ ခ်န္ပီယံလိဂ္ဖလား အႏိုင္ရခဲ့ၿပီးေတာ့ ဒီရာသီမွာ ပိုေကာင္းတဲ့ အသင္း ျဖစ္လာတယ္။ ဒါေၾကာင့္ လြန္ခဲ့တဲ့ သုံးေလးႏွစ္အတြင္း လီဗာပူးကိုပါ ထည့္တြက္မယ္ဆိုရင္ ယူႏိုက္တက္ဟာ ဥေရာပရဲ႕အေကာင္းဆုံး အသင္း ၃ သင္းကို ရင္ဆိုင္ရမွာပါ ” လို႔ နဗီးက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ေသာၾကာေန႔ကပဲ ယူႏိုက္တက္က သူတို႔ရဲ႕ ၾကယ္ပြင့္ေဟာင္းကို ဂ်ဴဗင္တပ္ကေန အိုးလ္ထရက္ဖို႔ဒ္ထံ ျပန္လည္ေခၚယူဖို႔ သေဘာတူညီမႈ ရယူႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ေရာ္နယ္ဒို ရွိေနရင္ေတာင္ လီဗာပူးကို ၁၀ ေယာက္ထဲနဲ႔ သေရက်ေအာင္ ကစားႏိုင္ခဲ့တဲ့ ခ်ယ္ဆီးနဲ႔ မန္စီးတီးတို႔ရဲ႕ အင္အားက ဒီႏွစ္မွာ အခက္ခဲဆုံး ပရီးမီးယားလိဂ္ဖလား ၿပိဳင္ဆိုင္မႈ ျဖစ္ေစလိမ့္မယ္လို႔ နဗီးက ယုံၾကည္ေနပါတယ္။

“ ပရီးမီးယားလိဂ္က ဟိုးအရင္တုန္းကလိုမ်ိဳး အျမင့္ဆုံး အဆင့္အတန္းမွာ ရွိေနပါတယ္။ ဒီလိဂ္ဟာ ဥေရာပရဲ႕ ထိပ္တန္းအဆင့္ကို ျပန္လည္ေရာက္ရွိခဲ့ၿပီးေတာ့ မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ တကယ္ ေကာင္းတဲ့ အသင္းေတြကို ရင္ဆိုင္ရလိမ့္မယ္။

ဟိုအရင္ ႏွစ္ေတြလိုဆိုရင္ေတာ့ မန္ခ်က္စတာ ယူႏိုက္တက္က ၁၀ မွတ္အသာနဲ႔ ပရီးမီးယာလိဂ္ဖလားကို ေအာင္ျမင္လိမ့္မယ္လို႔ ကြၽန္ေတာ္ ေျပာလို႔ရႏိုင္ပါတယ္။ ဒါေပမယ့္ အခုခ်ိန္မွာ ျပင္းထန္တဲ့ ၿပိဳင္ဆိုင္မႈ ျဖစ္ေနပါၿပီ။

ရာသီကုန္ရင္ မန္စီးတီး၊ ခ်ယ္ဆီး၊ ယူႏိုက္တက္တို႔ အစဥ္လိုက္ အဆုံးသတ္လိမ့္မယ္လို႔ ကြၽန္ေတာ္ ခန႔္မွန္းခဲ့တယ္။ ကြၽန္ေတာ္ရဲ႕ ခန္႔မွန္းကို ေျပာင္းလဲဦးမွာမဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ ေရာ္နယ္ဒိုကို ေခၚယူ႐ုံနဲ႔ မန္ယူႏိုက္တက္ဟာ မႏွစ္က ခ်န္ပီယံလိဂ္ဖလားရခဲ့တဲ့ ခ်ယ္ဆီးနဲ႔ အမွတ္ ၂၀ အသာနဲ႔ လိဂ္မွာ ေအာင္ျမင္ခဲ့တဲ့ မန္စီးတီးတို႔ထက္ ပိုေကာင္းတဲ့ အသင္း ျဖစ္ေစမယ္လို႔ ကြၽန္ေတာ္ မထင္ဘူး။

ယူႏုိက္တက္က ဆုဖလားေအာင္ျမင္မႈနဲ႔ ပိုနီးစပ္လာမွာေတာ့ အမွန္ပါပဲ။ အခုခ်ိန္မွာ သူတို႔ ဖလားေအာင္ျမင္မယ္လို႔ ထင္လားလို႔ ကြၽန္ေတာ့္ကို ေမးရင္ မထင္ပါဘူး။ ဒါေပမယ့္ မန္ယူႏိုက္တက္ ဖလားစိန္ေခၚဖို႔နဲ႔ ပတ္သက္ၿပီး အရင္ ၅ရက္၊ ၆ ရက္ေလာက္ကထက္ အခုခ်ိန္မွာ ကြၽန္ေတာ္ ပိုၿပီးစိတ္လႈပ္ရွားမိပါတယ္။

ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ ဗာရိန္းတို႔က ဖလားေအာင္ျမင္ဖို႔ ေအာင္ပြဲစိတ္ဓာတ္ေတြ ပိုင္ဆိုင္ထားလိမ့္မယ္။ သူတို႔ကို ကြၽန္ေတာ္လဲ ဖလားရေစခ်င္ပါတယ္။ ဒါေပမယ့္ ဒီရာသီမွာေတာ့ မေအာင္ျမင္ေလာက္ဘူး ထင္ပါတယ္။ ကြၽန္ေတာ္က လက္ေတြ႕က်တာကို ေျပာေနတာပါ။

ဒီကစားသမားေတြနဲ႔ ဖလားရမလား၊ မရလားဆိုတာ မေသခ်ာေပမယ့္ သူတို႔က လြန္ခဲ့တဲ့ ၄၈ နာရီကထက္ အခုခ်ိန္မွာ ပိုေကာင္းတဲ့ အခြင့္အေရးေတာ့ ရွိေနပါတယ္ ” လို႔ နဗီးက ဆိုပါတယ္။