ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (07/06/20)

တီမိုဝါနာကို ချယ်ဆီးထံ လက်လွှတ်ရဖို့ သေချာသလောက် ရှိသွားတဲ့ အပြင် ယူနိုက်တက်ရဲ့ နောက်ထပ် ပစ်မှတ် ကိုင်ဟာဗက်ဇ်ကိုလည်း ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့ အလေးသာနေပါတယ်။

ယူနိုက်တက်ဟာ ယူရို သန်း ၅၀ တန် ဟော်လန်သား ကွင်းလယ်တိုက်စစ်သမား ဗန်ဒါဘိကို ခေါ်ယူနိုင်ဖို့ အေဂျက်နဲ့ ဆွေးနွေးမှုတွေ ဒီတစ်ပတ်ထဲမှာ စတင်ထားကြောင်း သိရပါတယ်။

ဒီနှစ်ရာသီမှာ အသင်းအနေနဲ့ ချန်ပီယံလိဂ်မဝင်ရင်လည်း ယူနိုက်တက်ဟာ ထိပ်တန်းအသင်းဖြစ်တဲ့အတွက် ကစားသမားအသစ်တွေကို ဆွဲဆောင်နိုင်ဦးမှာဖြစ်ပြီး ကစားသမားအသစ် ဝယ်ယူဖို့လည်း ရှိနေတယ်လို့ နည်းပြ ဆိုးရှားက ယုံကြည်နေပါတယ်။

ယူနိုက်တက်နဲ့ အတူ တောက်ပလာမယ့် ကစားသမားတွေ အဖြစ် ဘရူနို ဖာနန်ဒက်စ်၊ မာရှယ်၊ ရက်ဖို့ဒ်၊ ပေါ့ဘာ၊ တော်မီနေးနဲ့ ဘရန်ဒန် ဝီလီယံတို့ ကို စခိုးလ်က ထောက်ခံချက် ပေးလိုက်ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ ထိပ်တန်းပစ်မှတ် တိုက်စစ်သမားတွေကိုသာ ခေါ်ယူနိုင်ခဲ့ရင် တောင်ပံ တိုက်စစ်ကစားသမား ဒန်နီရယ်ဂျိမ်းစ် ကို အငှားစေလွှတ်ဖို့ စီစဉ်နေပါတယ်။

ယူနိုက်တက် တိုက်စစ်မှူး ရပ်ဖို့ဒ်ကတော့ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာပြီးနောက် ပြန်ကစားဖို့ အသင့် ပြင်နေပြီး ပွဲတွေ ပြန်စရင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အင်အားအပြည့် ဖြစ်နေတယ်လို့ ယုံကြည်နေပါတယ်။

ချယ်ဆီးနဲ့ ယူနိုက်တက်တို့ ချိတ်ဆက်နေတဲ့ တောင်ပံတိုက်စစ်သမား ဖက်ဒရီကို ချီဆာ အတွက် သင့်တော်တဲ့ ဈေးနှုန်း ရရင် ရောင်းချသွားမယ် လို့ ဖီရင်အိုတီးနား အသင်းပိုင်ရှင်က ပြောဆိုလိုက်ပါတယ်။

Zawgyi – တီမိုဝါနာကို ချယ်ဆီးထံ လက်လွှတ်ရဖို့ သေချာသလောက် ရှိသွားတဲ့ အပြင် ယူနိုက်တက်ရဲ့ နောက်ထပ် ပစ်မှတ် ကိုင်ဟာဗက်ဇ်ကိုလည်း ဘိုင်ယန်မြူးနစ်က ခေါ်ယူဖို့ အလေးသာနေပါတယ်။





