၁၁း၅၇ မိနစ်မှ အပြီးသတ်နိုင်ခဲ့တဲ့ ချယ်ဆီးပြောင်းရွှေ့ရေးနဲ့ ပတ်သက်လို့ ဖွင့်ဟလာတဲ့ ဆာအူးလ်

စပိန်ကွင်းလယ်လူ ဆာအူးလ်က သူရဲ့ ချယ်ဆီးအသင်းထံ အပြောင်းအရွှေ့ဟာ ဈေးကွက် နောက်ဆုံးမိနစ်မှ အဆုံးသတ်နိုင်ခဲ့ခြင်းကြောင့် အတော်လေး စိုးရိမ်မိခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။

ချယ်ဆီးဟာ ဆာအူးလ်ကို အက်သလက်တီကိုကနေ အငှားခေါ်ယူရေး သဘောတူညီမှု ရယူချိန်မှာ နောက်ကျမှုတွေ ရှိနေခဲ့တယ်။ ၂၀၁၅ တုန်းက ယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်ထံ ဒီဂီယာ ပြောင်းရွှေ့ဖို့ ကြိုးစားခဲ့စဉ် fax စက်ပျက်လို့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ဖူးတာကြောင့် သူ့အလှည့်မှာ အလားတူ ထပ်ဖြစ်မှာကို ဆာအူးလ်က စိုးရိမ်ခဲ့ရပါသေးတယ်။

“ဈေးကွက်ပိတ်ခါနီး ၃ မိနစ်အလို ၁၁ နာရီ ၅၇ မိနစ်မှာ ကျွန်တော်တို့ စာချုပ်ကို ပြန်လည်စစ်ဆေးမှု ပြီးဆုံးခဲ့တယ်။ အဲ့ဒီ့မတိုင်ခင် ကျွန်တော် ဒီဂီယာလို ဖြစ်မှာ စိုးရိမ်နေခဲ့တယ်။ “အပြောင်းအရွှေ့ ဖြစ်မှာ မဟုတ်တော့ဘူး”လို့ ကျွန်တော် တွေးနေမိခဲ့တာပါ။

ရှည်ကြာလွန်းလှတဲ့ နေ့လယ်နဲ့ ညခင်းပါပဲ။ ကျွန်တော့် ဇနီးကလဲ စိုးရိမ်နေခဲ့တာ။ ကျွန်တောာ်တို့ သိပ်ရှုပ်ထွေးတဲ့ နေ့ရက်တချို့ကို ရင်ဆိုင်ခဲ့ရတာလေ။ ဘာလို့လဲဆိုတော့ ဒီဆုံးဖြတ်ချက်က မလွယ်ကူခဲ့ဘူး။ စွန့်စားခန်း အသစ်အတွက် အက်သလက်တီကို ကို စွန့်ခွာရတာက ရှုပ်ထွေးပါတယ်”လို့ ဆာအူးလ်က ရှင်းပြပါတယ်။

ဆာအူးလ်က သူဟာ အင်္ဂလိပ်စကား နည်းနည်းပဲ ပြောတတ်တယ်လို့ ဝန်ခံခဲ့ပြီး မိသားစု မပါပဲ လန်ဒန်ထံ ပြောင်းရွှေ့ရမှာကို စိုးရိမ်နေပေမယ့် ၂၀၂၁-၂၂ ရာသီအတွက် ဥရောပချန်ပီယံတွေနဲ့ အတူတွဲကစားဖို့ စိတ်လှုပ်ရှားနေတယ်လို့ ပြောပါတယ်။

“ ဒီစိတ်ကူးက ကျွန်တော် ကိုယ်ဘာသာ ပြန်ရှာဖွေဖို့နဲ့ ပြည့်စုံအောင် လုပ်ဖို့ပါပဲ။ ကျွန်တော် မြင်ချင်တဲ့ ဆာအူးလ်ကို မြင်ရဖို့ပေါ့။ ကျွန်တော် လုပ်နိုင်တဲ့ အရာကို လူတွေသိအောင် မပြသနိုင်ခဲ့တာက စိတ်ပျက်စရာ ကောင်းခဲ့တယ်။ မသင်ယူနိုင်၊ မတိုးတက်၊ မရင့်ကျက်လာတာက စိတ်ပျက်စရာ ကောင်းတယ်။

အသင်းပြောင်းဖို့ ဆုံးဖြတ်ချက်က ကိုယ့်ကိုယ်ကို တားဆီးနေတာတွေကို ဖွင့်လှစ်ဖို့ အကူအညီ ပေးနိုင်တယ်လို့ ထင်ပါတယ်”လို့ ဆာအူးလ်က ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။

စပိန်မှာ ရှိခဲ့စဉ်အတွင်း ဆာအူးလ်ဟာ အက်သလက်တီကိုအတွက် ၄၄၇ ပွဲ ကစားပေးခဲ့ပြီး ၅၃ ဂိုး သွင်းယူခဲ့ကာ ယူရိုပါလိဂ် ဖလား ၂ ကြိမ်၊ ကိုပါဒယ်ရေးနဲ့ ဥရောပစူပါဖလား တို့အပြင် မနှစ်က သူ့ရဲ့ မွေးရပ်မြေမှာ လာလီဂါဖလားကို အောင်မြင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – စပိန္ကြင္းလယ္လူ ဆာအူးလ္က သူရဲ႕ ခ်ယ္ဆီးအသင္းထံ အေျပာင္းအေရႊ႔ဟာ ေစ်းကြက္ ေနာက္ဆံုးမိနစ္မွ အဆံုးသတ္ႏုိင္ခဲ့ျခင္းေၾကာင့္ အေတာ္ေလး စိုးရိမ္မိခဲ့တယ္လို႔ ဖြင့္ဟလာပါတယ္။

ခ်ယ္ဆီးဟာ ဆာအူးလ္ကို အက္သလက္တီကိုကေန အငွားေခၚယူေရး သေဘာတူညီမႈ ရယူခ်ိန္မွာ ေနာက္က်မႈေတြ ရွိေနခဲ့တယ္။ ၂၀၁၅ တုန္းက ယူႏိုက္တက္ကေန ရီးရဲလ္မက္ဒရစ္ထံ ဒီဂီယာ ေျပာင္းေရႊ႔ဖို႔ ၾကိဳးစားခဲ့စဥ္ fax စက္ပ်က္လို႔ အေျပာင္းအေ႐ႊ႕ ပ်က္ျပယ္ခဲ့ဖူးတာေၾကာင့္ သူ႔အလွည့္မွာ အလားတူ ထပ္ျဖစ္မွာကို ဆာအူးလ္က စိုးရိမ္ခဲ့ရပါေသးတယ္။

“ေဈးကြက္ပိတ္ခါနီး ၃ မိနစ္အလို ၁၁ နာရီ ၅၇ မိနစ္မွာ ကြၽန္ေတာ္တို႔ စာခ်ဳပ္ကို ျပန္လည္စစ္ေဆးမႈ ၿပီးဆုံးခဲ့တယ္။ အဲ့ဒီ့မတိုင္ခင္ ကြၽန္ေတာ္ ဒီဂီယာလို ျဖစ္မွာ စိုးရိမ္ေနခဲ့တယ္။ “အေျပာင္းအေ႐ႊ႕ ျဖစ္မွာ မဟုတ္ေတာ့ဘူး”လို႔ ကြၽန္ေတာ္ ေတြးေနမိခဲ့တာပါ။

ရွည္ၾကာလြန္းလွတဲ့ ေန႔လယ္နဲ႔ ညခင္းပါပဲ။ ကြၽန္ေတာ့္ ဇနီးကလဲ စိုးရိမ္ေနခဲ့တာ။ ကြၽန္ေတာာ္တို႔ သိပ္ရႈပ္ေထြးတဲ့ ေန႔ရက္တခ်ိဳ႕ကို ရင္ဆိုင္ခဲ့ရတာေလ။ ဘာလို႔လဲဆိုေတာ့ ဒီဆုံးျဖတ္ခ်က္က မလြယ္ကူခဲ့ဘူး။ စြန႔္စားခန္း အသစ္အတြက္ အက္သလက္တီကို ကို စြန႔္ခြာရတာက ရႈပ္ေထြးပါတယ္”လို႔ ဆာအူးလ္က ရွင္းျပပါတယ္။

ဆာအူးလ္က သူဟာ အဂၤလိပ္စကား နည္းနည္းပဲ ေျပာတတ္တယ္လို႔ ဝန္ခံခဲ့ၿပီး မိသားစု မပါပဲ လန္ဒန္ထံ ေျပာင္းေ႐ႊ႕ရမွာကို စိုးရိမ္ေနေပမယ့္ ၂၀၂၁-၂၂ ရာသီအတြက္ ဥေရာပခ်န္ပီယံေတြနဲ႔ အတူတြဲကစားဖို႔ စိတ္လႈပ္ရွားေနတယ္လို႔ ေျပာပါတယ္။

“ ဒီစိတ္ကူးက ကြၽန္ေတာ္ ကိုယ္ဘာသာ ျပန္ရွာေဖြဖို႔နဲ႔ ျပည့္စုံေအာင္ လုပ္ဖို႔ပါပဲ။ ကြၽန္ေတာ္ ျမင္ခ်င္တဲ့ ဆာအူးလ္ကို ျမင္ရဖို႔ေပါ့။ ကြၽန္ေတာ္ လုပ္ႏိုင္တဲ့ အရာကို လူေတြသိေအာင္ မျပသႏိုင္ခဲ့တာက စိတ္ပ်က္စရာ ေကာင္းခဲ့တယ္။ မသင္ယူႏိုင္၊ မတိုးတက္၊ မရင့္က်က္လာတာက စိတ္ပ်က္စရာ ေကာင္းတယ္။

အသင္းေျပာင္းဖို႔ ဆုံးျဖတ္ခ်က္က ကိုယ့္ကိုယ္ကို တားဆီးေနတာေတြကို ဖြင့္လွစ္ဖို႔ အကူအညီ ေပးႏိုင္တယ္လို႔ ထင္ပါတယ္”လို႔ ဆာအူးလ္က ေျပာဆိုခဲ့တာပဲ ျဖစ္ပါတယ္။

စပိန္မွာ ရွိခဲ့စဥ္အတြင္း ဆာအူးလ္ဟာ အက္သလက္တီကိုအတြက္ ၄၄၇ ပြဲ ကစားေပးခဲ့ၿပီး ၅၃ ဂိုး သြင္းယူခဲ့ကာ ယူ႐ိုပါလိဂ္ ဖလား ၂ ႀကိမ္၊ ကိုပါဒယ္ေရးနဲ႔ ဥေရာပစူပါဖလား တို႔အျပင္ မႏွစ္က သူ႔ရဲ႕ ေမြးရပ္ေျမမွာ လာလီဂါဖလားကို ေအာင္ျမင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။