ယူနိုက်တက် ထရိန်နင်မှာ ကျောနံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်နေတဲ့ ဖာနန်ဒက်စ်

မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ကတော့ စနေနေ့က အသင်းထရိန်နင်မှာ အသင်းဖော်တွေနဲ့ လေ့ကျင့်နေစဉ် ထူးထူးခြားခြား နံပါတ် ၁၀ ဂျာစီကို ဝတ်ဆင်နေတာ တွေ့ရပါတယ်။

ယူနိုက်တက်ရဲ့ လက်ရှိ နံပါတ် ၁၀ ဝတ်ဆင်သူကတော့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ် ဖြစ်ပါတယ်။ ဖာနန်ဒက်စ်က နံပါတ် ၁၀ ယူ ဝတ်ဆင်တာနဲ့ ပတ်သတ်လို့တော့ စိတ်ပူစရာ မလိုဘဲ ၎င်းက ထရိန်နင်မှာ ၁၁ ယောက်စီ အသင်း ခွဲ ကစားတော့ ယူ ဝတ်ဆင်ခဲ့ ဟန် ရှိပါတယ်။

ဇွန် ၁၉ ပွဲစဉ် မတိုင်ခင် ယူနိုက်တက်က ထရိန်နင်မှာ အရှိန်မြှင့် ပြင်ဆင်နေပြီး ပွဲဆက်ပြတ်နေတာ ကြာပြီ ဖြစ်တဲ့ အသင်းသားတွေကို အိုးထရက်ဖို့ဒ်မှာ ၁၁ ယောက်စီ ခွဲပြီး ယှဉ်ပြိုင် စေခဲ့ပါတယ်။ တစ်ဖက်ကတော့ အသင်းရဲ့ အိမ်ကွင်း ဝတ်စုံ အနီရောင်ကို ဝတ်ဆင်ပြီး နောက်တစ်ဖက်ကတော့ အဝေးကွင်း အသားရောင် ဂျာစီ ဝတ်ခဲ့တာပါ။

ဖာနန်ဒက်စ်ကတော့ အဝေးကွင်း ဝတ်စုံဘက် ပါဝင်ခဲ့တာကြောင့် နံပါတ် ၁၀ ကို ယူ ဝတ်ဆင်ခဲ့ဟန် ရှိပါတယ်။ အကျီၤတွေမှာ ကျောနံပါတ်သာ ပါပြီး အမည် ရေးထိုးထားတာ မရှိပါဘူး။ ဖာနန်ဒက်စ် က နံပါတ် ၁၀ ဝတ်ခဲ့သလို မေဆန် ဂရင်းဝုဒ်ကလည်း နံမည်ကျော် ကျောနံပါတ် ၇ ကို ဝတ်ဆင် ကစားခဲ့တာ တွေ့ရပါတယ်။

ထူးခြားတဲ့ နောက်တစ်ချက်ကတော့ ထိုပွဲမှာ ပေါ့ဘာနဲ့ ဘရူနို ဖာနန်ဒက်စ် တွဲဖက် ကစားတာ မမြင်ခဲ့ရဘဲ တစ်သင်းစီ နေရာချထားခြင်း ခံထားရပါတယ်။

ဆိုးရှားကတော့ အသင်း ထရိန်နင်က လေ့ကျင့်မှုတွေကို အားရနေပြီး သူ့အသင်းက အဆင့် ၄ အတွင်း ကောင်းစွာ ဝင်နိုင်မယ်လို့ ယုံကြည်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ ကြင္းလယ္ၾကယ္ပြင့္ ဘရူနို ဖာနန္ဒက္စ္ကေတာ့ စေနေန႔က အသင္းထရိန္နင္မွာ အသင္းေဖာ္ေတြနဲ႕ ေလ့က်င့္ေနစဥ္ ထူးထူးျခားျခား နံပါတ္ ၁၀ ဂ်ာစီကို ၀တ္ဆင္ေနတာ ေတြ႔ရပါတယ္။

ယူနုိက္တက္ရဲ႕ လက္ရွိ နံပါတ္ ၁၀ ၀တ္ဆင္သူကေတာ့ တိုက္စစ္မွဴး မားကပ္ ရက္ဖို႔ဒ္ ျဖစ္ပါတယ္။ ဖာနန္ဒက္စ္က နံပါတ္ ၁၀ ယူ ၀တ္ဆင္တာနဲ႕ ပတ္သတ္လို႔ေတာ့ စိတ္ပူစရာ မလိုဘဲ ၄င္းက ထရိန္နင္မွာ ၁၁ ေယာက္စီ အသင္း ခြဲ ကစားေတာ့ ယူ ၀တ္ဆင္ခဲ့ ဟန္ ရွိပါတယ္။

ဇြန္ ၁၉ ပြဲစဥ္ မတိုင္ခင္ ယူနိုက္တက္က ထရိန္နင္မွာ အရွိန္ျမွင့္ ျပင္ဆင္ေနျပီး ပြဲဆက္ျပတ္ေနတာ ၾကာျပီ ျဖစ္တဲ့ အသင္းသားေတြကို အိုးထရက္ဖို႔ဒ္မွာ ၁၁ ေယာက္စီ ခြဲျပီး ယွဥ္ျပိဳင္ ေစခဲ့ပါတယ္။ တစ္ဖက္ကေတာ့ အသင္းရဲ႕ အိမ္ကြင္း ၀တ္စံု အနီေရာင္ကို ၀တ္ဆင္ျပီး ေနာက္တစ္ဖက္ကေတာ့ အေ၀းကြင္း အသားေရာင္ ဂ်ာစီ ၀တ္ခဲ့တာပါ။

ဖာနန္ဒက္စ္ကေတာ့ အေ၀းကြင္း ၀တ္စံုဘက္ ပါ၀င္ခဲ့တာေၾကာင့္ နံပါတ္ ၁၀ ကို ယူ ၀တ္ဆင္ခဲ့ဟန္ ရွိပါတယ္။ အက်ီၤေတြမွာ ေက်ာနံပါတ္သာ ပါျပီး အမည္ ေရးထိုးထားတာ မရွိပါဘူး။ ဖာနန္ဒက္စ္ က နံပါတ္ ၁၀ ၀တ္ခဲ့သလို ေမဆန္ ဂရင္း၀ုဒ္ကလည္း နံမည္ေက်ာ္ ေက်ာနံပါတ္ ၇ ကို ၀တ္ဆင္ ကစားခဲ့တာ ေတြ႔ရပါတယ္။

ထူးျခားတဲ့ ေနာက္တစ္ခ်က္ကေတာ့ ထိုပြဲမွာ ေပါ့ဘာနဲ႕ ဘရူနို ဖာနန္ဒက္စ္ တြဲဖက္ ကစားတာ မျမင္ခဲ့ရဘဲ တစ္သင္းစီ ေနရာခ်ထားျခင္း ခံထားရပါတယ္။

ဆိုးရွားကေတာ့ အသင္း ထရိန္နင္က ေလ့က်င့္မႈေတြကို အားရေနျပီး သူ႔အသင္းက အဆင့္ ၄ အတြင္း ေကာင္းစြာ ၀င္နိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။