သရဲနီကစားသမားဟောင်းကြီး ဂယ်ရီ နဗီးကတော့ ဆုဖလားတွေများစွာ အောင်မြင်ထားဖူးတဲ့ ရော်နယ်ဒိုနဲ့ ဗဟိုနောက်ခံလူ ဗာရိန်းတို့ကို ဒီနွေမှာ ခေါ်ယူထားသည့်တိုင် ဆိုးရှားရဲ့ အသင်းဟာ အောင်မြင်မှု ရရှိဦးမှာဟုတ်ပဲ တိုးတက်ဖို့ သင်ယူဖို့ လိုသေးတယ်လို့ ထောက်ပြခဲ့ပါတယ်။

သရဲနီတွေရဲ့ ဂန္တဝင်ကြီး ဆာအဲလက်စ် ဖာဂူဆန်လက်အောက် ယူနိုက်တက်မှာ ကစားခဲ့စဉ်က ရော်နယ်ဒိုဟာ ပရီးမီးယားလိဂ် ၃ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်နဲ့ လိဂ်ဖလား ၂ ကြိမ် အောင်မြင်ခဲ့ပါတယ်။
သူဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၈၄ ဂိုး သွင်းယူခဲ့ဖူးပြီးဖြစ်သလို အခု ၂၀၂၁-၂၂ ရာသီ မပြီးခင် ကလပ်အတွက် ဂိုး ၁၀၀ မှတ်တိုင်ကို ရောက်ရှိလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။ ဒါပေမယ့်လို့ လက်ရှိ ယူနိုက်တက်ဟာ ရော်နယ်ဒိုထံက အတွေ့အကြုံတွေကို ရယူကာ သင်ယူမှုတွေ လုပ်ရဦးမယ်လို့ နဗီးက မြင်နေတာဖြစ်ပါတယ်။
“ ဒါက မတူညီတဲ့ အချိန်ကာလ၊ မတူညီတဲ့ အသင်းစုဖွဲ့မှုပါ။ ရော်နယ်ဒိုအနေနဲ့ အရင်တုန်းက ကလပ်မှာ သူရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ထပ်မံရရှိဖို့ ကြိုးစားရမယ်။ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဝိန်းရွန်းနီတို့က ၂၀၀၄ ကနေ ၂၀၀၈ အထိ အတူတကွ ရှိခဲ့ကြပြီး ကလပ်အတွက် ဥရောပချန်ပီယံဖြစ်ဖို့ မတူညီတဲ့ အရည်အသွေးတွေ ပေးနိုင်ခဲ့တယ်။
အခု ယူနိုက်တက်အသင်းမှာ ရော်နယ်ဒိုရဲ့ အကျိုးပြုနိုင်မှုကို မြင်တွေ့ရဖို့က စိတ်ဝင်စားစရာ ကောင်းမှာပါ။ ယူနိုက်တက်မှာ လူငယ်ခြေတက်ကလေးတွေ အများကြီးရှိတယ်။ ဒါပေမယ့် သူတို့ အောင်မြင်မှု မရသေးဘူး။ ဘာမှ မအောင်မြင်ခဲ့ဘူး။ ဘယ်လို အောင်မြင်အောင် လုပ်ရမလဲဆိုတာ သူတို့မသိဘူး။ ဒါကို သင်ယူဖို့ လိုသေးတယ်။
ရော်နယ်ဒိုကတော့ ဘယ်လို အောင်မြင်အောင် လုပ်ရမလဲဆိုတာ သိတယ်။ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဝတ်လဲခန်းထဲကို အဲ့ဒီ့ အောင်ပွဲစိတ်ဓာတ်တွေ သူယူဆောင်လာပေးနိုင်ဖို့ မျှော်လင့်ပါတယ် ” လို့ နဗီးက ပြောဆိုခဲ့တာပါ။
ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးဟာ ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ်ကနေ တဆင့် ရော်နယ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေးအတွက် ကမ်းလှမ်းခံခဲ့ရပြီး သူ့ကို ခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေခဲ့တာပါ။ ဒါပေမယ့်လို့ ယူနိုက်တက်ကပဲ အပြောင်းအရွှေ့ ညိနှိုင်းမှုကနေ သဘောတူညီမှုရယူခဲ့ကာ ရော်နယ်ဒိုကို အိမ်ပြန်ခေါ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI – သရဲနီကစားသမားေဟာင္းၾကီး ဂယ္ရီ နဗီးကေတာ့ ဆုဖလားေတြမ်ားစြာ ေအာင္ျမင္ထားဖူးတဲ့ ေရာ္နယ္ဒိုနဲ႔ ဗဟိုေနာက္ခံလူ ဗာရိန္းတို႔ကို ဒီေႏြမွာ ေခၚယူထားသည့္တိုင္ ဆိုးရွားရဲ႕ အသင္းဟာ ေအာင္ျမင္မႈ ရရွိဦးမွာဟုတ္ပဲ တိုးတက္ဖို႔ သင္ယူဖို႔ လိုေသးတယ္လို႔ ေထာက္ျပခဲ့ပါတယ္။
သရဲနီေတြရဲ႕ ဂႏၲဝင္ၾကီး ဆာအဲလက္စ္ ဖာဂူဆန္လက္ေအာက္ ယူႏိုက္တက္မွာ ကစားခဲ့စဥ္က ေရာ္နယ္ဒိုဟာ ပရီးမီးယားလိဂ္ ၃ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၁ ႀကိမ္၊ အက္ဖ္ေအဖလား ၁ ႀကိမ္နဲ႔ လိဂ္ဖလား ၂ ႀကိမ္ ေအာင္ျမင္ခဲ့ပါတယ္။
သူဟာ ပရီးမီးယားလိဂ္ သြင္းဂိုး ၈၄ ဂိုး သြင္းယူခဲ့ဖူးျပီးျဖစ္သလို အခု ၂၀၂၁-၂၂ ရာသီ မၿပီးခင္ ကလပ္အတြက္ ဂိုး ၁၀၀ မွတ္တိုင္ကို ေရာက္ရွိလိမ့္မယ္လို႔ ထင္ေၾကးေပးခံခဲ့ရပါတယ္။ ဒါေပမယ့္လို႔ လက္ရွိ ယူႏုိက္တက္ဟာ ေရာ္နယ္ဒိုထံက အေတြ႔အၾကံဳေတြကို ရယူကာ သင္ယူမႈေတြ လုပ္ရဦးမယ္လို႔ နဗီးက ျမင္ေနတာျဖစ္ပါတယ္။
“ ဒါက မတူညီတဲ့ အခ်ိန္ကာလ၊ မတူညီတဲ့ အသင္းစုဖြဲ႕မႈပါ။ ေရာ္နယ္ဒိုအေနနဲ႔ အရင္တုန္းက ကလပ္မွာ သူရရွိခဲ့တဲ့ ေအာင္ျမင္မႈေတြကို ထပ္မံရရွိဖို႔ ႀကိဳးစားရမယ္။ ခရစၥတီယာႏို ေရာ္နယ္ဒိုနဲ႔ ဝိန္း႐ြန္းနီတို႔က ၂၀၀၄ ကေန ၂၀၀၈ အထိ အတူတကြ ရွိခဲ့ၾကၿပီး ကလပ္အတြက္ ဥေရာပခ်န္ပီယံျဖစ္ဖို႔ မတူညီတဲ့ အရည္အေသြးေတြ ေပးႏိုင္ခဲ့တယ္။
အခု ယူႏိုက္တက္အသင္းမွာ ေရာ္နယ္ဒိုရဲ႕ အက်ိဳးျပဳႏိုင္မႈကို ျမင္ေတြ႕ရဖို႔က စိတ္ဝင္စားစရာ ေကာင္းမွာပါ။ ယူႏိုက္တက္မွာ လူငယ္ေျခတက္ကေလးေတြ အမ်ားႀကီးရွိတယ္။ ဒါေပမယ့္ သူတို႔ ေအာင္ျမင္မႈ မရေသးဘူး။ ဘာမွ မေအာင္ျမင္ခဲ့ဘူး။ ဘယ္လို ေအာင္ျမင္ေအာင္ လုပ္ရမလဲဆိုတာ သူတို႔မသိဘူး။ ဒါကို သင္ယူဖို႔ လိုေသးတယ္။
ေရာ္နယ္ဒိုကေတာ့ ဘယ္လို ေအာင္ျမင္ေအာင္ လုပ္ရမလဲဆိုတာ သိတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အဝတ္လဲခန္းထဲကို အဲ့ဒီ့ ေအာင္ပြဲစိတ္ဓာတ္ေတြ သူယူေဆာင္လာေပးႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္ ” လို႔ နဗီးက ေျပာဆိုခဲ့တာပါ။
ယူႏိုက္တက္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးဟာ ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ကေန တဆင့္ ေရာ္နယ္ဒိုကို ေခၚယူဖို႔ အခြင့္အေရးအတြက္ ကမ္းလွမ္းခံခဲ့ရျပီး သူ႔ကို ေခၚယူႏိုင္ဖို႔ အနီးစပ္ဆုံး အေနအထားမွာ ရွိေနခဲ့တာပါ။ ဒါေပမယ့္လို႔ ယူႏုိက္တက္ကပဲ အေျပာင္းအေ႐ႊ႕ ညိႏိႈင္းမႈကေန သေဘာတူညီမႈရယူခဲ့ကာ ေရာ္နယ္ဒိုကို အိမ္ျပန္ေခၚႏိုင္ခဲ့တာ ျဖစ္ပါတယ္။
