အပြောင်းအရွှေ့ ပိတ်သွားပေမယ့် အလွတ်စာချုပ်ဖြင့် ကစားသမားသစ် ထပ်ခေါ်ဦးမယ့် အာဆင်နယ်

အသက် ၂၈ နှစ်အရွယ် ညာအစွန်လူ အော်ရီယေးက သူ့အနာဂတ်ကို အင်္ဂလန်မှာပဲ ဆက်ရှိနေချင်တာကြောင့် လန်ဒန်ကလပ် အာဆင်နယ်ကို ပြောင်းဖို့ စဉ်းစားနေတယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

မကြာသေးမီကမှ ဖရီးအေးဂျင့် အသစ်ဖြစ်သွားတဲ့ အော်ရီယေးဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်၊ နောက်ဆုံးနာရီမှာ စပါးနဲ့ စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။ အိုင်ဗရီကို့စ် ညာအစွန်လူဟာ မြောက်လန်ဒန်မှာ လေးရာသီကြာ ကစားခဲ့ပေမယ့် သူ့ရဲ့ တည်ငြိမ်မှုမရှိတဲ့ ခံစစ်ကစားပုံတွေကြောင့် နည်းပြရဲ့ ယုံကြည်မှုကို မရရှိခဲ့တာပါ။

စပါးအတွက် ပွဲပေါင်း ၁၁၀ ကစားပေးခဲ့ပေမယ့်လဲ နည်းပြသစ် နူနို ဆန်တိုက ဘာစီလိုနာထံကနေ အီမာဆန် ရွိုင်ရယ်ကို ခေါ်ယူပြီး ဝုဗ်ကြယ်ပွင့်ဟောင်း မတ် ဒိုဟာတီရဲ့ သူ့ရဲ့ အရန်လူအဖြစ် နေရာပေးဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ စာချုပ် မဖျက်သိမ်းခင်မှာ ပြင်သစ်၊ ရုရှား၊ တူရကီဘက်က ကမ်းလှမ်းမှုတွေ ရခဲ့ပေမယ့် စပါးဘက်က ရောင်းထုတ်နိုင်ခဲ့ခြင်း မရှိပါဘူး။

အာတီတာဟာ ဘယ်လာရင်ကို ရောင်းထုတ်ခဲ့ပြီး ကလပ်မှာ ညာအစွန်လူ စစ်စစ်ဆိုလို့ ဆီဒရစ် တစ်ယောက်သာ ရှိတာကြောင့် မြောက်လန်ဒန် ခါးသီးပြိုင်ဘက် ဖြစ်နေသည့်တိုင် အော်ရီယေးဟာ အာဆင်နယ်ကို ရောက်ရှိလာနိုင်ပါတယ်။

အာဆင်နယ်ဟာ ဈေးကွက် နောက်ဆုံးရက်မှာ ဘိုလော့ညာက ဂျပန်လက်ရွေးစင် တိုမီယာဆုကို ခေါ်ယူခဲ့ပါသေးတယ်။ တိုမီယာဆုဟာ ဗဟိုခံစစ်မှူးနဲ့ ညာခြမ်းခံစစ်နေရာတွေက ကစားနိုင်သူဖြစ်ပြီး အာတီတာကတော့ သူ့ရဲ့ ညာခြမ်းအတွက် ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားတစ်ဦး ရမယ်ဆိုရင် ခေါ်ယူသွားမယ်လို့တော့ ယူဆခံနေရတာဖြစ်ပါတယ်။

ZAWGYI – အသက္ ၂၈ ႏွစ္အ႐ြယ္ ညာအစြန္လူ ေအာ္ရီေယးက သူ႔အနာဂတ္ကို အဂၤလန္မွာပဲ ဆက္ရွိေနခ်င္တာေၾကာင့္ လန္ဒန္ကလပ္ အာဆင္နယ္ကို ေျပာင္းဖို႔ စဥ္းစားေနတယ္လို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။

မၾကာေသးမီကမွ ဖရီးေအးဂ်င့္ အသစ္ျဖစ္သြားတဲ့ ေအာ္ရီေယးဟာ အေျပာင္းအေ႐ႊ႕ကာလ ေနာက္ဆုံးရက္၊ ေနာက္ဆုံးနာရီမွာ စပါးနဲ႔ စာခ်ဳပ္ဖ်က္သိမ္းခဲ့တာ ျဖစ္ပါတယ္။ အိုင္ဗရီကို႔စ္ ညာအစြန္လူဟာ ေျမာက္လန္ဒန္မွာ ေလးရာသီၾကာ ကစားခဲ့ေပမယ့္ သူ႔ရဲ႕ တည္ၿငိမ္မႈမရွိတဲ့ ခံစစ္ကစားပုံေတြေၾကာင့္ နည္းျပရဲ႕ ယုံၾကည္မႈကို မရရွိခဲ့တာပါ။

စပါးအတြက္ ပြဲေပါင္း ၁၁၀ ကစားေပးခဲ့ေပမယ့္လဲ နည္းျပသစ္ ႏူႏို ဆန္တိုက ဘာစီလိုနာထံကေန အီမာဆန္ ႐ြိဳင္ရယ္ကို ေခၚယူၿပီး ဝုဗ္ၾကယ္ပြင့္ေဟာင္း မတ္ ဒိုဟာတီရဲ႕ သူ႔ရဲ႕ အရန္လူအျဖစ္ ေနရာေပးဖို႔ ေ႐ြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ စာခ်ဳပ္ မဖ်က္သိမ္းခင္မွာ ျပင္သစ္၊ ရုရွား၊ တူရကီဘက္က ကမ္းလွမ္းမႈေတြ ရခဲ့ေပမယ့္ စပါးဘက္က ေရာင္းထုတ္ႏုိင္ခဲ့ျခင္း မရွိပါဘူး။

အာတီတာဟာ ဘယ္လာရင္ကို ေရာင္းထုတ္ခဲ့ၿပီး ကလပ္မွာ ညာအစြန္လူ စစ္စစ္ဆိုလို႔ ဆီဒရစ္ တစ္ေယာက္သာ ရွိတာေၾကာင့္ ေျမာက္လန္ဒန္ ခါးသီးၿပိဳင္ဘက္ ျဖစ္ေနသည့္တိုင္ ေအာ္ရီေယးဟာ အာဆင္နယ္ကို ေရာက္ရွိလာႏိုင္ပါတယ္။

အာဆင္နယ္ဟာ ေစ်းကြက္ ေနာက္ဆံုးရက္မွာ ဘိုေလာ့ညာက ဂ်ပန္လက္ေရြးစင္ တိုမီယာဆုကို ေခၚယူခဲ့ပါေသးတယ္။ တိုမီယာဆုဟာ ဗဟိုခံစစ္မွဴးနဲ႔ ညာျခမ္းခံစစ္ေနရာေတြက ကစားႏုိင္သူျဖစ္ျပီး အာတီတာကေတာ့ သူ႔ရဲ႕ ညာျခမ္းအတြက္ ပရီးမီးယားလိဂ္ အေတြ႔အၾကံဳရွိ ကစားသမားတစ္ဦး ရမယ္ဆိုရင္ ေခၚယူသြားမယ္လို႔ေတာ့ ယူဆခံေနရတာျဖစ္ပါတယ္။