၂၀၂၁-၂၂ ရာသီ ယူနိုက်တက်ရဲ့ ပထမဆုံး ၃ ပွဲမှာ ပါခွင့်မရခဲ့ပေမယ့် အပြောင်းအရွှေ့ ချိတ်ဆက်လာမှုတွေကို ငြင်းဆန်ခံခဲ့ရပြီး အသင်းမှာ အရန်လူအဖြစ်ပဲ ဆက်ထားခံရခြင်းကို ဗန်ဒါဘိခ်ရဲ့ အေးဂျင့်က စိတ်ပျက်နေပါတယ်။

စီးရီးအေ၊ ဘွန်ဒက်စ်လီဂါနဲ့ ပရီးမီးယားလိဂ် ကလပ်တွေထံကနေ ဗန်ဒါဘိခ်အတွက် စိတ်ဝင်စားမှုတွေ ရရှိခဲ့ပေမယ့် အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့ရာ ယူနိုက်တက်ဘက်က အဆင်ပြေအောင် ညှိနှိုင်းပေးခဲ့ခြင်း မရှိပါဘူး။ ဗန်ဒါဘိခ်ဟာ ဆိုးရှားရဲ့ ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပုံမှန်ကစားခွင့်အတွက် ယုံကြည်ခြင်းခံရမှု မရှိသေးပါဘူး။
၂၀၂၀ စက်တင်ဘာမှာ ပေါင် ၃၅ သန်းနဲ့ အေဂျက်ထံကနေ ပြောင်းရွှေ့လာပြီးကတည်းက ဗန်ဒါဘိခ်ဟာ သူ့အရည်အချင်းကို ပြသဖို့ ထိုက်တန်တဲ့ အခွင့်အရေး မရထားခဲ့ဘူး။ နယ်သာလန်ဟာ ၂၀၂၅ မတိုင်ခင်အထိ ယူနိုက်တက်နဲ့ စာချုပ်ရှိထားပေမယ့် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ သူ့အတွက် ချိတ်ဆက်ခံရမှုတွေကို ယူနိုက်တက်က တားဆီးခဲ့တာဖြစ်ပါတယ်။
အပြောင်းအရွှေ့ကာလ ကုန်ဆုံးခဲ့တဲ့ အချိန်မှာ ဗန်ဒါဘိခ်ရဲ့ အေးဂျင့်အနေနဲ့ စိတ်ပျက်ခဲ့ရပေမယ့် သူ့ကစားသမားဟာ မန်ချက်စတာမှာ သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေးရရှိလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။
“ အီတလီ၊ ဂျာမနီ၊ အင်္ဂလန်တို့ဆီက စိတ်ဝင်စားမှုများစွာ ရရှိခဲ့တာကြောင့် အဲ့ဒါက အဆင်ပြေခဲ့ပါတယ်။ ဒါပေမယ့် ကလပ်ရဲ့ ပူးပေါင်းလုပ်ဆောင်မှုပဲ လိုအပ်တာပါ။ ယူနိုက်တက်က အပြောင်းအရွှေ့ကို လက်ခံလိမ့်မယ်လို့ ထင်ခဲ့ရပေမယ့် အဆုံးသတ်မှာ သူတို့ မကူညီပေးခဲ့ဘူး။ စိတ်ပျက်ခဲ့ရပါတယ်။
ဒါပေမယ့် ဗန်ဒါဘိခ်က အသင်းမှာ အခွင့်အရေး ရရှိမှာဖြစ်လို့ စိတ်ချရပါတယ်။ သူ ကစားချိန် ဘယ်လောက်ရမလဲဆိုတာ မကြာခင် သေချာသိရတော့မှာပါ။ ကလပ်က အရင်ထဲက သူ့ကို ကတိပေးထားပေမယ့် ကျွန်တော်တို့ သေချာတဲ့ သဘောတူညီမှု ယူခဲ့တယ်။ ဒါကြောင့် အခု သူ အသင်းမှာ အခွင့်အရေး ရလိမ့်မယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည်ပါတယ်”လို့ အယ်ဘားစ်က ပြောပါတယ်။
ဒီအခြေအနေအပေါ် ဗန်ဒီဘိခ်က ပျော်ရွှင်နေလားလို့ မေးမြန်းခဲ့ရာ ၎င်းက “ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒွန်နီကို သိတဲ့လူတိုင်းက သူ ပွဲတွေကို ချစ်တယ်၊ အပတ်တိုင်း သူ ကွင်းထဲမှာ ရှိနေချင်တယ်ဆိုတာ သိပါတယ်။ ဒီအဖြေကို ကြည့်ပြီ သူ ဘာကို အလိုချင်ဆုံးလဲဆိုတာ မင်းတို့ ပြောနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။
ဗန်ဒါဘိခ်ဟာ သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၃၆ ပွဲ ပါဝင်ခဲ့ရပေမယ့် ၁၅ ပွဲသာ ပွဲထွက်ခဲ့ရပြီး အဲ့ဒီ့ထဲမှာ ပရီးမီးယားလိဂ် ၄ ပွဲသာ ပါဝင်ခဲ့ပါတယ်။

ZAWGYI – ၂၀၂၁-၂၂ ရာသီ ယူႏိုက္တက္ရဲ႕ ပထမဆုံး ၃ ပြဲမွာ ပါခြင့္မရခဲ့ေပမယ့္ အေျပာင္းအေရႊ႔ ခ်ိတ္ဆက္လာမႈေတြကို ျငင္းဆန္ခံခဲ့ရျပီး အသင္းမွာ အရန္လူအျဖစ္ပဲ ဆက္ထားခံရျခင္းကို ဗန္ဒါဘိခ္ရဲ႕ ေအးဂ်င့္က စိတ္ပ်က္ေနပါတယ္။
စီးရီးေအ၊ ဘြန္ဒက္စ္လီဂါနဲ႔ ပရီးမီးယားလိဂ္ ကလပ္ေတြထံကေန ဗန္ဒါဘိခ္အတြက္ စိတ္ဝင္စားမႈေတြ ရရွိခဲ့ေပမယ့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေပၚလာဖို႔ရာ ယူႏိုက္တက္ဘက္က အဆင္ေျပေအာင္ ညႇိႏႈိင္းေပးခဲ့ျခင္း မရွိပါဘူး။ ဗန္ဒါဘိခ္ဟာ ဆိုးရွားရဲ႕ ပြဲထြက္ ၁၁ ေယာက္စာရင္းမွာ ပုံမွန္ကစားခြင့္အတြက္ ယုံၾကည္ျခင္းခံရမႈ မရွိေသးပါဘူး။
၂၀၂၀ စက္တင္ဘာမွာ ေပါင္ ၃၅ သန္းနဲ႔ ေအဂ်က္ထံကေန ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ဗန္ဒါဘိခ္ဟာ သူ႔အရည္အခ်င္းကို ျပသဖို႔ ထိုက္တန္တဲ့ အခြင့္အေရး မရထားခဲ့ဘူး။ နယ္သာလန္ဟာ ၂၀၂၅ မတိုင္ခင္အထိ ယူႏိုက္တက္နဲ႔ စာခ်ဳပ္ရွိထားေပမယ့္ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ သူ႔အတြက္ ခ်ိတ္ဆက္ခံရမႈေတြကို ယူႏုိက္တက္က တားဆီးခဲ့တာျဖစ္ပါတယ္။
အေျပာင္းအေ႐ႊ႕ကာလ ကုန္ဆုံးခဲ့တဲ့ အခ်ိန္မွာ ဗန္ဒါဘိခ္ရဲ႕ ေအးဂ်င့္အေနနဲ႔ စိတ္ပ်က္ခဲ့ရေပမယ့္ သူ႔ကစားသမားဟာ မန္ခ်က္စတာမွာ သူ႔ကိုယ္သူ သက္ေသျပဖို႔ အခြင့္အေရးရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။
“ အီတလီ၊ ဂ်ာမနီ၊ အဂၤလန္တို႔ဆီက စိတ္ဝင္စားမႈမ်ားစြာ ရရွိခဲ့တာေၾကာင့္ အဲ့ဒါက အဆင္ေျပခဲ့ပါတယ္။ ဒါေပမယ့္ ကလပ္ရဲ႕ ပူးေပါင္းလုပ္ေဆာင္မႈပဲ လိုအပ္တာပါ။ ယူႏိုက္တက္က အေျပာင္းအေ႐ႊ႕ကို လက္ခံလိမ့္မယ္လို႔ ထင္ခဲ့ရေပမယ့္ အဆုံးသတ္မွာ သူတို႔ မကူညီေပးခဲ့ဘူး။ စိတ္ပ်က္ခဲ့ရပါတယ္။
ဒါေပမယ့္ ဗန္ဒါဘိခ္က အသင္းမွာ အခြင့္အေရး ရရွိမွာျဖစ္လို႔ စိတ္ခ်ရပါတယ္။ သူ ကစားခ်ိန္ ဘယ္ေလာက္ရမလဲဆိုတာ မၾကာခင္ ေသခ်ာသိရေတာ့မွာပါ။ ကလပ္က အရင္ထဲက သူ႔ကို ကတိေပးထားေပမယ့္ ကြၽန္ေတာ္တို႔ ေသခ်ာတဲ့ သေဘာတူညီမႈ ယူခဲ့တယ္။ ဒါေၾကာင့္ အခု သူ အသင္းမွာ အခြင့္အေရး ရလိမ့္မယ္လို႔ ကြၽန္ေတာ္တို႔အားလုံး ယုံၾကည္ပါတယ္”လို႔ အယ္ဘားစ္က ေျပာပါတယ္။
ဒီအေျခအေနအေပၚ ဗန္ဒီဘိခ္က ေပ်ာ္႐ႊင္ေနလားလို႔ ေမးျမန္းခဲ့ရာ ၎က “ကြၽန္ေတာ္ ေျပာမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒြန္နီကို သိတဲ့လူတိုင္းက သူ ပြဲေတြကို ခ်စ္တယ္၊ အပတ္တိုင္း သူ ကြင္းထဲမွာ ရွိေနခ်င္တယ္ဆိုတာ သိပါတယ္။ ဒီအေျဖကို ၾကည့္ၿပီ သူ ဘာကို အလိုခ်င္ဆုံးလဲဆိုတာ မင္းတို႔ ေျပာႏိုင္ပါတယ္”လို႔ ေျဖၾကားခဲ့ပါတယ္။
ဗန္ဒါဘိခ္ဟာ သူ႔ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ ေဘာလံုးရာသီမွာ ၿပိဳင္ပြဲစုံ ၃၆ ပြဲ ပါဝင္ခဲ့ရေပမယ့္ ၁၅ ပြဲသာ ပြဲထြက္ခဲ့ရၿပီး အဲ့ဒီ့ထဲမွာ ပရီးမီးယားလိဂ္ ၄ ပြဲသာ ပါဝင္ခဲ့ပါတယ္။
