ပွဲတွေ ပြန်စရင် မထင်မှတ်ဘဲ လမ်းပတ်ရဲ့ ချယ်ဆီး ထိုးကျသွားနိုင်တယ်လို့ သတိပေးမှု ထွက်ပေါ်

ခြေလှမ်းသွက်နေတဲ့ လမ်းပတ်ရဲ့ ချယ်ဆီးကို အားလုံးက မျှော်လင့်ချက်ကြီး ထားကြပေမယ့် ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် ချယ်ဆီး အသင်းက မထင်မှတ်ဘဲ အဆင့် ၄ အတွင်းကနေ လျောကျကာ ပုံစံကောင်း ပျောက်ဆုံးသွားနိုင်ကြောင်း ဂန်းနားဟောင်းကြီး ချာလီ နစ်ကိုးလပ်စ်က သုံးသပ်လိုက်ပါတယ်။

ချယ်ဆီးအသင်းဟာ လမ်းပတ်ရဲ့ ပွဲဦးထွက် ရာသီ ဖြစ်ပေမယ့် ဒီရာသီ ပရီးမီးယားလိဂ် ၂၉ ပွဲ ကစားပြီးချိန် ၁၄ ပွဲနိုင်၊ အဆင့် ၄ နေရာမှာ ရှိနေပြီး နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေ ကောင်းနေပါတယ်။ ပြိုင်ဘက် ယူနိုက်တက်ကတော့ ချယ်ဆီးနဲ့ သုံးမှတ် အကွာ နောက်မှာ ရှိနေတာပါ။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် ချယ်ဆီးက ဇွန် ၂၁ မှာ အက်စတွန်ဗီလာနဲ့ အဝေးကွင်း သွားရောက် ကစားရမှာ ဖြစ်ပါတယ်။ ချာလီ နစ်ကိုးလပ်စ်ကတော့ လမ်းပတ်ရဲ့ အသင်းဟာ မထင်မှတ်ဘဲ ထိုးကျသွားနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

” လီဗာပူးနဲ့ မန်စီးတီးကတော့ အားလုံးထက် အသာကြီး သာနေတော့ သံသယ မရှိပါဘူး။ လက်စတာလည်း နေရာကောင်းမှာ ရှိနေတယ်။ ချယ်ဆီးနဲ့ သူ့ လူငယ်တွေကတော့ ပွဲတွေ ပြန်စရင် အခြေအနေ ကောင်းပါ့မလား မေးခွန်း ထုတ်စရာ ရှိနေတယ်။

အားလုံးကတော့ ချယ်ဆီး လူငယ်တွေက လုံး၀ လန်းဆန်း တက်ကြွနေမယ်၊ အခြေအနေ ဆက်ကောင်းနေမယ်ပေါ့။ ဒါပေမယ့် တခါတလေကျ လူငယ် ကစားသမားတွေက ပရိသတ်တွေကို သဘောကျတယ်။ ပရိသတ်တွေ အားပေးမှုနဲ့ဆို သူတို့မှာ အကြောက်တရား ဆိုတာကို မရှိဘူး။ အဲဒါကြောင့်ပဲ ပရိသတ် မပါဘဲ ကွင်းပိတ် ကစားရတဲ့ ဒီလိုပွဲတွေမှာ ချယ်ဆီးက ကျဆင်းသွားနိုင်တယ်လို့ ထင်နေတယ်။ ” လို့ ချာလီက သုံးသပ် သွားပါတယ်။

ချယ်ဆီး အသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် နေရာ အတွက် ပြိုင်ဘက် ကောင်းတွေ ဖြစ်တဲ့ ယူနိုက်တက်၊ ဝုဗ်၊ ရှက်ဖီး၊ စပါး၊ အာဆင်နယ်တို့နဲ့ ယှဉ်ရမှာ ဖြစ်ပြီး အမှားအယွင်း ပြုလုပ်လို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။

Zawgyi – ေျခလွမ္းသြက္ေနတဲ့ လမ္းပတ္ရဲ႕ ခ်ယ္ဆီးကို အားလံုးက ေမွ်ာ္လင့္ခ်က္ၾကီး ထားၾကေပမယ့္ ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စရင္ ခ်ယ္ဆီး အသင္းက မထင္မွတ္ဘဲ အဆင့္ ၄ အတြင္းကေန ေလ်ာက်ကာ ပံုစံေကာင္း ေပ်ာက္ဆံုးသြားနုိင္ေၾကာင္း ဂန္းနားေဟာင္းၾကီး ခ်ာလီ နစ္ကိုးလပ္စ္က သံုးသပ္လိုက္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ လမး္ပတ္ရဲ႕ ပြဲဦးထြက္ ရာသီ ျဖစ္ေပမယ့္ ဒီရာသီ ပရီးမီးယားလိဂ္ ၂၉ ပြဲ ကစားျပီးခ်ိန္ ၁၄ ပြဲနိုင္၊ အဆင့္ ၄ ေနရာမွာ ရွိေနျပီး ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အေျခအေန ေကာင္းေနပါတယ္။ ျပိဳင္ဘက္ ယူနုိက္တက္ကေတာ့ ခ်ယ္ဆီးနဲ႕ သံုးမွတ္ အကြာ ေနာက္မွာ ရွိေနတာပါ။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စရင္ ခ်ယ္ဆီးက ဇြန္ ၂၁ မွာ အက္စတြန္ဗီလာနဲ႕ အေ၀းကြင္း သြားေရာက္ ကစားရမွာ ျဖစ္ပါတယ္။ ခ်ာလီ နစ္ကိုးလပ္စ္ကေတာ့ လမ္းပတ္ရဲ႕ အသင္းဟာ မထင္မွတ္ဘဲ ထိုးက်သြားနိုင္တယ္လို႔ သတိေပးလိုက္ပါတယ္။

” လီဗာပူးနဲ႕ မန္စီးတီးကေတာ့ အားလံုးထက္ အသာၾကီး သာေနေတာ့ သံသယ မရွိပါဘူး။ လက္စတာလည္း ေနရာေကာင္းမွာ ရွိေနတယ္။ ခ်ယ္ဆီးနဲ႕ သူ႔ လူငယ္ေတြကေတာ့ ပြဲေတြ ျပန္စရင္ အေျခအေန ေကာင္းပါ့မလား ေမးခြန္း ထုတ္စရာ ရွိေနတယ္။

အားလံုးကေတာ့ ခ်ယ္ဆီး လူငယ္ေတြက လံုး၀ လန္းဆန္း တက္ၾကြေနမယ္၊ အေျခအေန ဆက္ေကာင္းေနမယ္ေပါ့။ ဒါေပမယ့္ တခါတေလက် လူငယ္ ကစားသမားေတြက ပရိသတ္ေတြကို သေဘာက်တယ္။ ပရိသတ္ေတြ အားေပးမႈနဲ႕ဆို သူတို႔မွာ အေၾကာက္တရား ဆိုတာကို မရွိဘူး။ အဲဒါေၾကာင့္ပဲ ပရိသတ္ မပါဘဲ ကြင္းပိတ္ ကစားရတဲ့ ဒီလိုပြဲေတြမွာ ခ်ယ္ဆီးက က်ဆင္းသြားနုိင္တယ္လို႔ ထင္ေနတယ္။ ” လို႔ ခ်ာလီက သံုးသပ္ သြားပါတယ္။

ခ်ယ္ဆီး အသင္းဟာ ခ်န္ပီယံလိဂ္ ၀င္ခြင့္ ေနရာ အတြက္ ျပိဳင္ဘက္ ေကာင္းေတြ ျဖစ္တဲ့ ယူနုိက္တက္၊ ၀ုဗ္၊ ရွက္ဖီး၊ စပါး၊ အာဆင္နယ္တို႔နဲ႕ ယွဥ္ရမွာ ျဖစ္ျပီး အမွားအယြင္း ျပဳလုပ္လို႔ မရတဲ့ အေနအထားမွာ ရွိေနပါတယ္။