ပေါ့ဘာ ဖာနန်ဒက်စ် ကွင်းလယ်အတွဲက ထင်တိုင်းပေါက်ပါ့မလား လို့ မေးခွန်း ထုတ်လိုက်တဲ့ ချာလီ

မန်ချက်စတာ ယူနိုက်တက် အသိုင်းအဝိုင်းက အမျှော်လင့်ကြီး မျှော်လင့်ထားတဲ့ ပေါ့ဘာ ဖာနန်ဒက်စ် ကွင်းလယ် အတွဲက ချက်ချင်းဆိုသလို အတွဲမိပြီး ထင်တိုင်းပေါက်နိုင်ပါ့မလား သံသယရှိစရာပဲလို့ ဂန်းနားဟောင်းကြီး ချာလီနစ်ကိုးလပ်စ်က သုံးသပ်လိုက်ပါတယ်။

အသင်း ရောက်ရောက်ချင်း ခြေစွမ်းပြနေတဲ့ ဖာနန်ဒက်စ်နဲ့ ယူနိုက်တက် ကွင်းလယ် အဓိက ကစားသမား ဖြစ်နေတဲ့ ပေါ့ဘာတို့ အတူ တွဲ ကစား ခြေစွမ်းပြမှာကို အားလုံးက မျှော်လင့်နေကြပြီး ပွဲတွေ ပြန်စတာနဲ့ မြင်ရဖို့ စောင့်ဆိုင်းနေကြတာပါ။ ဖာနန်ဒက်စ်ဟာ အိုးထရက်ဖို့ဒ် ရောက်ပြီး သိပ်မကြာခင်ပဲ ပရိသတ်တွေ အချစ်တော် ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။

ချာလီနစ်ကိုးလပ်စ်ကတော့ ဆိုးရှားနဲ့ ယူနိုက်တက်ဟာ ဒီကွင်းလယ် အတွဲအပေါ် အရမ်းမျှော်လင့်ပြီး ထိပ်သီးလေးသင်း အတွင်း ဝင်ဖို့ အခွင့်အရေးကို ပုံအပ်မထားသင့်ကြောင်း သတိပေးလိုက်ပါတယ်။

” မန်ချက်စတာယူနိုက်တက် နဲ့ ပတ်သတ်ပြီး အားလုံး မျှော်လင့်ထားကြတာက ပေါ့ဘာ ဖာနန်ဒက်စ် အတွဲပါ။ ကျနော်ကတော့ ဒါ ချက်ချင်း ဖြစ်လာနိုင်မယ် မထင်ဘူး။ ဘာလို့ အားလုံးက ဒီနှစ်ယောက် တွဲလိုက်တာနဲ့ လုံး၀ ပြီးပြည့်စုံသွားမယ် ထင်နေကြလဲ မပြောတတ်ဘူး။ ဒါဆိုရင်တော့ ထိပ်သီးလေးသင်း အတွင်း ဝင်ဖို့ အခွင့်ကောင်းက ဝုဗ် အတွက် ဖြစ်သွားလိမ့်မယ် ယူနိုက်တက် အတွက် အန္တရာယ်ရှိတယ်။

ဝုဗ်က သူတို့ကိုယ် သူတို့ နေရာကောင်း ရောက်အောင် ဆွဲတင်သွားနိုင်မယ် ကျနော် ထင်နေတုန်းပဲ။ သူတို့ အဝေးကွင်းပွဲတွေ ကစားတာကို ကျနော် တော်တော် သဘောကျတယ်။ ” လို့ ချာလီက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးရှားကတော့ အသင်းထရိန်နင်မှာ ပေါ့ဘာ ဖာနန်ဒက်စ် ကို တစ်အုပ်စုတည်း အတူတွဲ လေ့ကျင့်စေသလို နှစ်သင်းခွဲ ကန်တဲ့ ပွဲမှာလည်း တစ်ဖက်စီ ထား ကစားခိုင်းထားတာ ရှိတာကြောင့် ဘောလုံးပွဲတွေ ပြန်စရင် ဘယ်လို အခင်းအကျင်းနဲ့ ပွဲထုတ်လာဦးမလဲ ရင်ခုန်စရာ ရှိနေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနုိက္တက္ အသိုင္းအ၀ိုင္းက အေမွ်ာ္လင့္ၾကီး ေမွ်ာ္လင့္ထားတဲ့ ေပါ့ဘာ ဖာနန္ဒက္စ္ ကြင္းလယ္ အတြဲက ခ်က္ခ်င္းဆိုသလို အတြဲမိျပီး ထင္တိုင္းေပါက္နုိင္ပါ့မလား သံသယရွိစရာပဲလို႔ ဂန္းနားေဟာင္းၾကီး ခ်ာလီနစ္ကိုးလပ္စ္က သံုးသပ္လိုက္ပါတယ္။

အသင္း ေရာက္ေရာက္ခ်င္း ေျခစြမ္းျပေနတဲ့ ဖာနန္ဒက္စ္နဲ႕ ယူနိုက္တက္ ကြင္းလယ္ အဓိက ကစားသမား ျဖစ္ေနတဲ့ ေပါ့ဘာတို႔ အတူ တြဲ ကစား ေျခစြမ္းျပမွာကို အားလံုးက ေမွ်ာ္လင့္ေနၾကျပီး ပြဲေတြ ျပန္စတာနဲ႕ ျမင္ရဖို႔ ေစာင့္ဆိုင္းေနၾကတာပါ။ ဖာနန္ဒက္္စ္ဟာ အုိးထရက္ဖို႔ဒ္ ေရာက္ျပီး သိပ္မၾကာခင္ပဲ ပရိသတ္ေတြ အခ်စ္ေတာ္ ကစားသမား တစ္ဦး ျဖစ္လာခဲ့ပါတယ္။

ခ်ာလီနစ္ကိုးလပ္စ္ကေတာ့ ဆိုးရွားနဲ႕ ယူနိုက္တက္ဟာ ဒီကြင္းလယ္ အတြဲအေပၚ အရမ္းေမွ်ာ္လင့္ျပီး ထိပ္သီးေလးသင္း အတြင္း ၀င္ဖို႔ အခြင့္အေရးကုိ ပံုအပ္မထားသင့္ေၾကာင္း သတိေပးလိုက္ပါတယ္။

” မန္ခ်က္စတာယူနိုက္တက္ နဲ႕ ပတ္သတ္ျပီး အားလံုး ေမွ်ာ္လင့္ထားၾကတာက ေပါ့ဘာ ဖာနန္ဒက္စ္ အတြဲပါ။ က်ေနာ္ကေတာ့ ဒါ ခ်က္ခ်င္း ျဖစ္လာနိုင္မယ္ မထင္ဘူး။ ဘာလို႔ အားလံုးက ဒီနွစ္ေယာက္ တြဲလိုက္တာနဲ႕ လံုး၀ ျပီးျပည့္စံုသြားမယ္ ထင္ေနၾကလဲ မေျပာတတ္ဘူး။ ဒါဆိုရင္ေတာ့ ထိပ္သီးေလးသင္း အတြင္း ၀င္ဖို႔ အခြင့္ေကာင္းက ၀ုဗ္ အတြက္ ျဖစ္သြားလိမ့္မယ္ ယူနိုက္တက္ အတြက္ အႏၱရာယ္ရွိတယ္။

၀ုဗ္က သူတို႔ကိုယ္ သူတို႔ ေနရာေကာင္း ေရာက္ေအာင္ ဆြဲတင္သြားနိုင္မယ္ က်ေနာ္ ထင္ေနတုန္းပဲ။ သူတို႔ အေ၀းကြင္းပြဲေတြ ကစားတာကို က်ေနာ္ ေတာ္ေတာ္ သေဘာက်တယ္။ ” လို႔ ခ်ာလီက သံုးသပ္ ေျပာဆိုသြားခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးရွားကေတာ့ အသင္းထရိန္နင္မွာ ေပါ့ဘာ ဖာနန္ဒက္စ္ ကို တစ္အုပ္စုတည္း အတူတြဲ ေလ့က်င့္ေစသလို နွစ္သင္းခြဲ ကန္တဲ့ ပြဲမွာလည္း တစ္ဖက္စီ ထား ကစားခိုင္းထားတာ ရွိတာေၾကာင့္ ေဘာလံုးပြဲေတြ ျပန္စရင္ ဘယ္လို အခင္းအက်င္းနဲ႕ ပြဲထုတ္လာဦးမလဲ ရင္ခုန္စရာ ရွိေနပါတယ္။