ယူနိုက်တက်ဟာ ဒီနွေမှာ ခေါ်ယူမှုကောင်းတွေအဖြစ် ဆန်ချို၊ ဗာရိန်းနဲ့ ရော်နယ်ဒိုတို့ကို ခေါ်ယူနိုင်ခဲ့တာကြောင့် ၂၀၁၃ ခုနှစ်နောက်ပိုင်း ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ဖို့ ရေပန်းစားနေပါတယ်။

အထူးသဖြင့် ရော်နယ်ဒိုလို ဆုဖလားတွေ အများကြီးကို အောင်မြင်ခဲ့တဲ့ တိုက်စစ်သမားမျိုးကို အောင်နိုင်ခဲ့တာဟာ ယူနိုက်တက်အပေါ် သက်ရောက်မှုကြီးတွေ ရှိလာမှာဖြစ်တယ်။ မနှစ်ကရာသီ ချန်ပီယံ မန်စီးတီးနောက် ၁၂ မှတ်အကွာ အမှတ်ပေးဖလား ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံဖြစ်ဖို့ ရေပန်းစားကလပ်တွေထဲက တစ်သင်းလည်းဖြစ်ပါတယ်။
သို့ပေမယ့်လို့ ပရီးမီးယားလိဂ် ကစားသမားဟောင်း အဘွန်လလေဟာကတော့ ယူနိုက်တက်ဟာ အမှတ်ပေးချန်ပီယံဖြစ်ဖို့ထိ တောက်ပဖို့ လိုအပ်ချက် တစ်ခုရှိနေသေးတယ်လို့ မြင်ပါတယ်။ သူရဲ့ အမြင်နဲ့ ပတ်သက်လို့လည်း ဆွေးနွေးစကားပြောမှု လုပ်ခဲ့သေးတာဖြစ်ပါတယ်။
အဘွန်လဟောက “ ဒီခေါ်ယူမှုတွေအပြီးမှာ ယူနိုက်တက်က အကောင်းဆုံး လုပ်နိုင်ခဲ့ပြီလို့ ထင်ကြမှာပေါ့။ သူတို့က ပွဲတွေကို ကစားဖို့ အကောင်းဆုံး တွဲဘက် ကစားသမားဖြစ်တဲ့ ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့တာလေ။
လက်မှတ်ထိုး ခေါ်ယူမှုကောင်းအဖြစ် ရော်နယ်ဒိုလို ကစားသမားကို ဆွဲဆောင်လိုက်နိုင်တာက ဒီရာသီမှာ ယူနိုက်တက်တို့ ဆုဖလားတွေကို အနိုင်ရအောင် ကြိုးစားနိုင်တော့မယ်လို့ မြင်လာရတယ်။ ရော်နယ်ဒိုက ယူနိုက်တက်ရဲ့ အသင်းအဝတ်လဲခန်းကို ကြီးကြီးမားမား သက်ရောက်မှုကြီး ဖြစ်ပါလိမ့်မယ်။
ဒါပေမယ့်လို့ ရော်နယ်ဒိုကို ခေါ်ယူလိုက်တာက ယူနိုက်တက်တို့ အမှတ်ပေးဖလား အနိုင်ရဖို့ လုလောက်ခဲ့ပြီလား?
မလုံလောက်ပါဘူး။ ကျနော်ကတော့ အဲ့လို မထင်ပါဘူး။ သူတို့က ပြည့်စုံတဲ့ လူစာရင်းဖြစ်လာဖို့ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခု လိုအပ်နေဆဲဖြစ်ပါတယ်။ ပွဲတွေကို ထိန်းချုပ်ပေးနိုင်မယ့် ကွင်းလယ်လူတစ်ဦး လိုအပ်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI – ယူႏုိက္တက္ဟာ ဒီေႏြမွာ ေခၚယူမႈေကာင္းေတြအျဖစ္ ဆန္ခ်ိဳ၊ ဗာရိန္းနဲ႔ ေရာ္နယ္ဒိုတို႔ကို ေခၚယူႏုိင္ခဲ့တာေၾကာင့္ ၂၀၁၃ ခုႏွစ္ေနာက္ပိုင္း ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ဖို႔ ေရပန္းစားေနပါတယ္။
အထူးသျဖင့္ ေရာ္နယ္ဒိုလို ဆုဖလားေတြ အမ်ားၾကီးကို ေအာင္ျမင္ခဲ့တဲ့ တိုက္စစ္သမားမ်ိဳးကို ေအာင္ႏုိင္ခဲ့တာဟာ ယူႏုိက္တက္အေပၚ သက္ေရာက္မႈၾကီးေတြ ရွိလာမွာျဖစ္တယ္။ မႏွစ္ကရာသီ ခ်န္ပီယံ မန္စီးတီးေနာက္ ၁၂ မွတ္အကြာ အမွတ္ေပးဖလား ဒုတိယေနရာမွာ ရပ္တည္ႏုိင္ခဲ့တဲ့ ယူႏုိက္တက္ဟာ ဒီရာသီ ခ်န္ပီယံျဖစ္ဖို႔ ေရပန္းစားကလပ္ေတြထဲက တစ္သင္းလည္းျဖစ္ပါတယ္။
သို႔ေပမယ့္လို႔ ပရီးမီးယားလိဂ္ ကစားသမားေဟာင္း အဘြန္လေလဟာကေတာ့ ယူႏုိက္တက္ဟာ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ထိ ေတာက္ပဖို႔ လိုအပ္ခ်က္ တစ္ခုရွိေနေသးတယ္လို႔ ျမင္ပါတယ္။ သူရဲ႕ အျမင္နဲ႔ ပတ္သက္လို႔လည္း ေဆြးေႏြးစကားေျပာမႈ လုပ္ခဲ့ေသးတာျဖစ္ပါတယ္။
အဘြန္လေဟာက “ ဒီေခၚယူမႈေတြအျပီးမွာ ယူႏိုက္တက္က အေကာင္းဆံုး လုပ္ႏုိင္ခဲ့ျပီလို႔ ထင္ၾကမွာေပါ့။ သူတို႔က ပြဲေတြကို ကစားဖို႔ အေကာင္းဆံုး တြဲဘက္ ကစားသမားျဖစ္တဲ့ ေရာ္နယ္ဒိုကို ေခၚယူႏုိင္ခဲ့တာေလ။
လက္မွတ္ထိုး ေခၚယူမႈေကာင္းအျဖစ္ ေရာ္နယ္ဒိုလို ကစားသမားကို ဆြဲေဆာင္လိုက္ႏိုင္တာက ဒီရာသီမွာ ယူႏုိက္တက္တို႔ ဆုဖလားေတြကို အႏုိင္ရေအာင္ ၾကိဳးစားႏုိင္ေတာ့မယ္လို႔ ျမင္လာရတယ္။ ေရာ္နယ္ဒိုက ယူႏုိက္တက္ရဲ႕ အသင္းအဝတ္လဲခန္းကို ၾကီးၾကီးမားမား သက္ေရာက္မႈၾကီး ျဖစ္ပါလိမ့္မယ္။
ဒါေပမယ့္လို႔ ေရာ္နယ္ဒိုကို ေခၚယူလိုက္တာက ယူႏုိက္တက္တို႔ အမွတ္ေပးဖလား အႏုိင္ရဖို႔ လုေလာက္ခဲ့ျပီလား?
မလံုေလာက္ပါဘူး။ က်ေနာ္ကေတာ့ အဲ့လို မထင္ပါဘူး။ သူတို႔က ျပည့္စံုတဲ့ လူစာရင္းျဖစ္လာဖို႔ အဓိကက်တဲ့ အစိတ္အပိုင္းတစ္ခု လိုအပ္ေနဆဲျဖစ္ပါတယ္။ ပြဲေတြကို ထိန္းခ်ဳပ္ေပးႏုိင္မယ့္ ကြင္းလယ္လူတစ္ဦး လိုအပ္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
