ယူနိုက်တက် နည်းပြ ဆိုးရှားက ၎င်းရဲ့ လက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်း လူစာရင်းဟာ ဖလားသုံးလုံး သိမ်းခဲ့တဲ့ ၁၉၉၉ ခုနှစ် ယူနိုက်တက် အသင်းထက် သာလွန်ကောင်းမွန်နေတယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
ဒါပေမယ့် နည်းပြ ဆိုးရှားက ဒီရာသီ ယူနိုက်တက်ကို အကြီးအကျယ် ယှဉ်လာနိုင်တာက သောမတ်စ် တူချယ်ရဲ့ ချယ်ဆီး အသင်း ဖြစ်တယ်လို့လည်း ထုတ်ဖော် ပြောဆိုထားပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ဟာ တနင်္ဂနွေနေ့ အန်ဒိုရာကို ၄-၀ နဲ့ နိုင်တဲ့ ပွဲမှာ အင်္ဂလန် အသင်းအတွက် ပွဲထွက် ပါဝင်ခွင့်ရပြီး ဂိုးလည်း ၂ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ လင်ဂတ်ဟာ ၂၀၁၈ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အင်္ဂလန်အတွက် ဂိုးပြန်သွင်းနိုင်တာလည်း ဖြစ်ပါတယ်။
ညကပွဲမှာ လင်ဂတ်က ဂိုးသွင်းအပြီး ရော်နယ်ဒို စတိုင် အောင်ပွဲခံခဲ့ပြီး ထို အောင်ပွဲခံမှုဟာ သရဲနီသစ် အဖြစ် ပြန်ရောက်လာတဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို ကြိုဆိုတဲ့ လက်ဆောင်လေးပဲ ဖြစ်တယ်လို့ ပွဲအပြီးမှာ လင်ဂတ်က ဆိုခဲ့ပါတယ်။
ရော်နယ်ဒို ရောက်လာပြီးတဲ့နောက် ယူနိုက်တက် တိုက်စစ်မှုး မာရှယ်ရဲ့ အခြေအနေက စောင့်ကြည့်ခံနေရပြီး နေ့ရက်တွေကို ရေတွက်ခံနေရပါတယ်။ မာရှယ်ဟာ နောက်နှစ် ဒါမှမဟုတ် ခပ်မြန်မြန်ပဲ အသင်းရဲ့ ရောင်းချခြင်း ခံသွားရနိုင်တယ်လို့ အင်္ဂလန်သတင်းတွေက သုံးသပ်ထားပါတယ်။
ပြင်သစ်လက်ရွေးစင် ကွင်းလယ်သမား ပေါ့ဘာကတော့ ယူနိုက်တက်မှာ ရော်နယ်ဒိုနဲ့ ဗာရိန်းတို့ ရောက်ရှိလာတဲ့ အပေါ် ကျေနပ်နေပြီး ၎င်းတို့နဲ့ တွဲဖက် ကစားရမှာ စိတ်လှုပ်ရှားမိကြောင်း ပြောဆိုခဲ့ပါတယ်။

Zawgyi
ယူနိုက္တက္ နည္းျပ ဆိုးရွားက ၄င္းရဲ႕ လက္ရွိ မန္ခ်က္စတာ ယူနိုက္တက္ အသင္း လူစာရင္းဟာ ဖလားသံုးလံုး သိမ္းခဲ့တဲ့ ၁၉၉၉ ခုနွစ္ ယူနိုက္တက္ အသင္းထက္ သာလြန္ေကာင္းမြန္ေနတယ္လို႔ ယံုၾကည္ေနေၾကာင္း သိရပါတယ္။
ဒါေပမယ့္ နည္းျပ ဆိုးရွားက ဒီရာသီ ယူနုိက္တက္ကို အၾကီးအက်ယ္ ယွဥ္လာနုိင္တာက ေသာမတ္စ္ တူခ်ယ္ရဲ႕ ခ်ယ္ဆီး အသင္း ျဖစ္တယ္လို႔လည္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။
ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ဟာ တနဂၤေႏြေန႔ အန္ဒိုရာကို ၄-၀ နဲ႕ နိုင္တဲ့ ပြဲမွာ အဂၤလန္ အသင္းအတြက္ ပြဲထြက္ ပါ၀င္ခြင့္ရျပီး ဂိုးလည္း ၂ဂိုး သြင္းယူနိုင္ခဲ့ပါတယ္။ လင္ဂတ္ဟာ ၂၀၁၈ ေနာက္ပိုင္း ပထမဆံုး အၾကိမ္ အျဖစ္ အဂၤလန္အတြက္ ဂိုးျပန္သြင္းနိုင္တာလည္း ျဖစ္ပါတယ္။
ညကပြဲမွာ လင္ဂတ္က ဂိုးသြင္းအျပီး ေရာ္နယ္ဒို စတိုင္ ေအာင္ပြဲခံခဲ့ျပီး ထို ေအာင္ပြဲခံမႈဟာ သရဲနီသစ္ အျဖစ္ ျပန္ေရာက္လာတဲ့ ခရစၥတီယာနို ေရာ္နယ္ဒိုကို ၾကိဳဆိုတဲ့ လက္ေဆာင္ေလးပဲ ျဖစ္တယ္လို႔ ပြဲအျပီးမွာ လင္ဂတ္က ဆိုခဲ့ပါတယ္။
ေရာ္နယ္ဒို ေရာက္လာျပီးတဲ့ေနာက္ ယူနိုက္တက္ တိုက္စစ္မႈး မာရွယ္ရဲ႕ အေျခအေနက ေစာင့္ၾကည့္ခံေနရျပီး ေန႔ရက္ေတြကို ေရတြက္ခံေနရပါတယ္။ မာရွယ္ဟာ ေနာက္နွစ္ ဒါမွမဟုတ္ ခပ္ျမန္ျမန္ပဲ အသင္းရဲ႕ ေရာင္းခ်ျခင္း ခံသြားရနုိင္တယ္လို႔ အဂၤလန္သတင္းေတြက သံုးသပ္ထားပါတယ္။
ျပင္သစ္လက္ေရြးစင္ ကြင္းလယ္သမား ေပါ့ဘာကေတာ့ ယူနိုက္တက္မွာ ေရာ္နယ္ဒိုနဲ႕ ဗာရိန္းတို႔ ေရာက္ရွိလာတဲ့ အေပၚ ေက်နပ္ေနျပီး ၄င္းတို႔နဲ႕ တဲြဖက္ ကစားရမွာ စိတ္လႈပ္ရွားမိေၾကာင္း ေျပာဆိုခဲ့ပါတယ္။
