စီရော်နယ်ဒိုဟာ သူ့ရဲ့ ယူနိုက်တက်ကစားသမားဘဝ ဒုတိယအကြိမ် ပွဲထွက်မှုကို လာမယ့် စနေနေ့မှာ ပြုလုပ်နိုင်ဖွယ် မရှိဘဲ ရက်အနည်းငယ် နောက်ဆုတ်သွားဖွယ် ရှိနေကြောင်း ဒေးလီးမေလ်းက ဖော်ပြပါတယ်။
ပေါ်တူဂီလက်ရွေးစင်ဟာ နိုင်ငံတကာ ပွဲစဉ်တွေကနေ ခပ်စောစော ပြန်လာခဲ့ပြီး ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့တည်းက ယူနိုက်တက်ကို ပြန်ရောက်နေခဲ့တာဖြစ်ပါတယ်။ သူဟာ မန်ချက်စတာမှာ နေရတဲ့ ကွာရန်တင်းကာလ ၅ ရက် အတွင်းမှာ မိသားစုနဲ့အတူ အချိန်ကုန်ဆုံးနေခဲ့တာ့ပါ။
ရော်နယ်ဒိုဟာ မန်ချက်စတာကို တစ်ကျော့ပြန်လာရာမှာတော့ ချစ်သူကောင်မလေးနဲ့ ကလေးလေးယောက်ကိုပါ ခေါ်ယူလာခဲ့တယ်။ ၎င်းတို့ဟာ အဆင့်မြင့် ကြံ့ခိုင်ရေးထောက်ကူပြု ဧရိယာ၊ အထူးလုံခြုံးရေးစနစ်တွေအပြင် အိပ်ခန်း (၇) ခန်းပါတဲ့ နေအိမ်မှာ ကွာရန်တင်းဝင်နေတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ အသင်းလေ့ကျင့်ရေးနဲ့ ပူးပေါင်းရမှာဖြစ်ပါတယ်။
ရော်နယ်ဒိုဟာ ဒီအပတ်မှာတင် အသင်းနဲ့ လေ့ကျင့်ရေးဆင်းမှာဖြစ်ပေမယ့် ပြင်ဆင်ချိန် နည်းပါးခြင်းကြောင့် အိုထရတ်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမယ့် နယူးကာဆယ်နဲ့ပွဲကို ပွဲထွက်ကစားရမှာ မဟုတ်ဘဲ အရန်ခုံကနေပဲ ကြည့်ရှုမှာဖြစ်ပါတယ်။ သူ့ရဲ့ ပွဲထွက် ကစားမှုက ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် အုပ်စု အဖွင့်ပွဲဖြစ်တဲ့ ယန်းဘွိုင်းနဲ့ အဝေးကွင်း ပွဲစဉ်မှာ ဖြစ်လာဖို့ ရှိနေတယ်။
နယူးကာဆယ်ပွဲကြို ယူနိုက်တက်ရဲ့ လေ့ကျင့်ရေးတွေမှာ ရော်နယ်ဒို ကောင်းမွန်စွာ ပါဝင်သွားနိုင်မှာဖြစ်တယ်။ မန်နေဂျာဆိုးရှားကတော့ ရီးရဲလ်မက်ဒရစ်ကနေ ယူနိုက်တက်ကို ပြောင်းလာချိန်မှာ ဗာရိန်း အသားကျဖို့ အချိန်တစ်ခု ယူခဲ့ရသလို ရော်နယ်ဒိုကို အချိန်ပေးမယ်လို့ အဆိုပါ သတင်းဌာနက ဖော်ပြသွားခဲ့တယ်။
ရော်နယ်ဒိုဟာ ယူနိုက်တက်မှာ ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားမှာဖြစ်တယ်။ သရဲနီ ပရိသတ်တွေဟာ နယူးကာဆယ်ပွဲမှာ ရော်နယ်ဒို ပြန်လည် ပွဲထွက်မှာကို ကြည့်လိုခြင်းတွေကြောင့် ပြင်ပ လက်မှတ်ဈေးကွက်ဟာ အဆမတန် မြှင့်တက်နေပြီး ကွင်းနဲ့နီးတဲ့ ပွဲကြည့်စင်အောက်ဘက်က လက်မှတ်တွေဟာဆိုရင် တစ်စောင်ကို ပေါင် ၂၅၀၀ ထိ ဈေးပေါက်နေတယ်လို့ ဆိုပါတယ်။
အဆိုပါပွဲအတွက် ယူနိုက်တက်ရဲ့ တရားဝင် လက်မှတ်တွေအားလုံးက ရောင်းကုန်ထားပြီဖြစ်ပြီး အသင်းဘက်ကတော့ ပြင်ပက လက်မှတ်တွေကို မဝယ်ဖို့ သတိပေးချက်တွေ ထုတ်ပြန်လာခဲ့ပါတယ်။

ZAWGYI – စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕ ယူႏုိက္တက္ကစားသမားဘဝ ဒုတိယအၾကိမ္ ပြဲထြက္မႈကို လာမယ့္ စေနေန႔မွာ ျပဳလုပ္ႏုိင္ဖြယ္ မရွိဘဲ ရက္အနည္းငယ္ ေနာက္ဆုတ္သြားဖြယ္ ရွိေနေၾကာင္း ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။
ေပၚတူဂီလက္ေရြးစင္ဟာ ႏုိင္ငံတကာ ပြဲစဥ္ေတြကေန ခပ္ေစာေစာ ျပန္လာခဲ့ျပီး ျပီးခဲ့တဲ့အပတ္ ၾကာသပေတးေန႔တည္းက ယူႏုိက္တက္ကို ျပန္ေရာက္ေနခဲ့တာျဖစ္ပါတယ္။ သူဟာ မန္ခ်က္စတာမွာ ေနရတဲ့ ကြာရန္တင္းကာလ ၅ ရက္ အတြင္းမွာ မိသားစုနဲ႔အတူ အခ်ိန္ကုန္ဆံုးေနခဲ့တာ့ပါ။
ေရာ္နယ္ဒိုဟာ မန္ခ်က္စတာကို တစ္ေက်ာ့ျပန္လာရာမွာေတာ့ ခ်စ္သူေကာင္မေလးနဲ႔ ကေလးေလးေယာက္ကိုပါ ေခၚယူလာခဲ့တယ္။ ၄င္းတို႔ဟာ အဆင့္ျမင့္ ၾကံ႕ခိုင္ေရးေထာက္ကူျပဳ ဧရိယာ၊ အထူးလံုျခံဳးေရးစနစ္ေတြအျပင္ အိပ္ခန္း (၇) ခန္းပါတဲ့ ေနအိမ္မွာ ကြာရန္တင္းဝင္ေနတာျဖစ္ျပီး ဗုဒၶဟူးေန႔မွာေတာ့ အသင္းေလ့က်င့္ေရးနဲ႔ ပူးေပါင္းရမွာျဖစ္ပါတယ္။
ေရာ္နယ္ဒိုဟာ ဒီအပတ္မွာတင္ အသင္းနဲ႔ ေလ့က်င့္ေရးဆင္းမွာျဖစ္ေပမယ့္ ျပင္ဆင္ခ်ိန္ နည္းပါးျခင္းေၾကာင့္ အိုထရတ္ဖိုဒ့္မွာ ယွဥ္ျပိဳင္ရမယ့္ နယူးကာဆယ္နဲ႔ပြဲကို ပြဲထြက္ကစားရမွာ မဟုတ္ဘဲ အရန္ခံုကေနပဲ ၾကည့္ရႈမွာျဖစ္ပါတယ္။ သူ႔ရဲ႕ ပြဲထြက္ ကစားမႈက ယူႏုိက္တက္ရဲ႕ ခ်န္ပီယံလိဂ္ အုပ္စု အဖြင့္ပြဲျဖစ္တဲ့ ယန္းဘိြဳင္းနဲ႔ အေဝးကြင္း ပြဲစဥ္မွာ ျဖစ္လာဖို႔ ရွိေနတယ္။
နယူးကာဆယ္ပြဲၾကိဳ ယူႏုိက္တက္ရဲ႕ ေလ့က်င့္ေရးေတြမွာ ေရာ္နယ္ဒို ေကာင္းမြန္စြာ ပါဝင္သြားႏိုင္မွာျဖစ္တယ္။ မန္ေနဂ်ာဆိုးရွားကေတာ့ ရီးရဲလ္မက္ဒရစ္ကေန ယူႏုိက္တက္ကို ေျပာင္းလာခ်ိန္မွာ ဗာရိန္း အသားက်ဖို႔ အခ်ိန္တစ္ခု ယူခဲ့ရသလို ေရာ္နယ္ဒိုကို အခ်ိန္ေပးမယ္လို႔ အဆိုပါ သတင္းဌာနက ေဖာ္ျပသြားခဲ့တယ္။
ေရာ္နယ္ဒိုဟာ ယူႏုိက္တက္မွာ ေက်ာနံပါတ္ ၇ ကို ဝတ္ဆင္ကစားမွာျဖစ္တယ္။ သရဲနီ ပရိသတ္ေတြဟာ နယူးကာဆယ္ပြဲမွာ ေရာ္နယ္ဒို ျပန္လည္ ပြဲထြက္မွာကို ၾကည့္လိုျခင္းေတြေၾကာင့္ ျပင္ပ လက္မွတ္ေစ်းကြက္ဟာ အဆမတန္ ျမွင့္တက္ေနျပီး ကြင္းနဲ႔နီးတဲ့ ပြဲၾကည့္စင္ေအာက္ဘက္က လက္မွတ္ေတြဟာဆိုရင္ တစ္ေစာင္ကို ေပါင္ ၂၅၀၀ ထိ ေစ်းေပါက္ေနတယ္လို႔ ဆိုပါတယ္။
အဆိုပါပြဲအတြက္ ယူႏုိက္တက္ရဲ႕ တရားဝင္ လက္မွတ္ေတြအားလံုးက ေရာင္းကုန္ထားျပီျဖစ္ျပီး အသင္းဘက္ကေတာ့ ျပင္ပက လက္မွတ္ေတြကို မဝယ္ဖို႔ သတိေပးခ်က္ေတြ ထုတ္ျပန္လာခဲ့ပါတယ္။
