မန်စီးတီးရဲ့ လက်ရှိလူစာရင်းဟာ ကာလတန်ကြေး ပေါင် ၉၂၆ သန်း အသုံးချ ခေါ်ယူထားရမှုနဲ့အတူ ဥရောပဘောလုံးလောကရဲ့ ဈေးအကြီးဆုံး စုဖွဲ့မှုအဖြစ် အနီးကပ်ပြိုင်ဘက် ယူနိုက်တက်ကို ကျော်တက်ပြီး ထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။

မန်စီးတီးလူစာရင်းမှာ ကစားသမားတစ်ဦးအတွက် ပျှမ်းမျှ ပေါင် ၃၇ သန်းထိ အကုန်အကျ ခံထားရခြင်းဖြစ်ကာ နောက်ဆုံး ခေါ်ယူထားသူကတော့ အက်စတွန်ဗီလာကနေ ပေါင် သန်း ၁၀၀ အကုန်အကျ ခံထားရတဲ့ ဂရီလစ်ပဲ ဖြစ်ပါတယ်။ မန်နေဂျာ ဂွာဒီယိုလာဟာ သူ့ရဲ့ ဈေးအကြီးဆုံး လူစာရင်းကို စပါးနှင့် ရင်ဆိုင်တဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲမှာတင် ထုတ်ပြထားခဲ့ပြီဖြစ်တယ်။
စပါးကို ရင်ဆိုင်ကစားတဲ့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အဖွင့်ပွဲမှာ ဂွာဒီယိုလာ ထုတ်သုံးခဲ့တဲ့ ပွဲထွက် ၁၁ ဦးအတွက် မန်ချက်စတာကလပ်က ပေါင် သန်းပေါင်း ၅၂၀ အထိ အကုန်အကျ ခံခဲ့ရတာပါ ဖြစ်တယ်။ အဆိုပါပွဲမှာတော့ မန်စီးတီးက ၁-၀ ဖြင့် အရေးနိမ့်ခဲ့ပါတယ်။
ဘောလုံး စောင့်ကြည့်ရေးအဖွဲ့ CIES ရဲ့ ထုတ်ပြန်မှုအရ အင်္ဂလိပ်ဘောလုံးလောကဟာ အခြားသော ဥရောပလိဂ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အများကြီး တိုးတက်လာခဲ့တယ်လို့ သိရတယ်။
မန်စီးတီးအသင်းရဲ့ လူစာရင်းအတွက် အကုန်အကျခံမှုဟာ တန်းတက်ကလပ် နော့ဝစ်အသင်းရဲ့ ၁၂ ဆ ကျော် ရှိနေတာဖြစ်တယ်။ သို့ပေမယ့် ထိပ်ဆုံး အသင်းတွေကြား ကွာဟချက်တွေကလည်း ကျဉ်းမြောင်းလာခဲ့ပြီး ယူနိုက်တက်ရဲ့ လူစာရင်းအတွက် အကုန်အကျ ခံထားမှုဟာ မန်စီးတီးနဲ့ ပေါင် ၄၉ သန်းပဲ ကွာဟပါတော့တယ်။ မနှစ်တုန်းကတော့ ဒီနှစ်ကြား ပေါင် ၁၆၅ သန်းထိ ကွာဟခဲ့တာဖြစ်တယ်။
ယူနိုက်တက်က ဒေါ့မွန်ကနေ ဆန်ချိုအတွက် ပေါင် ၇၃ သန်း၊ ရီးရဲလ်မက်ဒရစ်ကနေ ဗာရိန်းအတွက် ပေါင် ၄၂ သန်းနဲ့ ဂျူဗင်တပ်ကနေ ရော်နယ်ဒိုအတွက် ပေါင် ၁၉.၈ သန်းထိ အကုန်အကျခံခြင်းကြောင့် အခုလို မြှင့်တက်လာခြင်းဖြစ်တယ်။ ယူနိုက်တက်ရဲ့ လူစာရင်း တန်ကြေးဟာ ပေါင် ၈၇၇ သန်းထိ ရောက်လာခဲ့ပါပြီ။
မန်ချက်စတာကလပ် နှစ်သင်းနောက်မှာတော့ ဒီနွေမှာ အင်တာမီလန်ကနေ ဟာမီကီကို ပေါင် သန်း ၆၀ အကုန်အကျခံ ခေါ်ယူထားတဲ့ ပီအက်စ်ဂျီကလပ် လူစာရင်းတန်ကြေး ပေါင် ၈၂၀ နဲ့ တတိယလိုက်နေတာဖြစ်တယ်။ ပြင်သစ်ကလပ်နောက်မှာတော့ စပိန်အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်က ပေါင် ၆၇၅ သန်းဖြင့် စတုတ္ထနေရာက ရပ်တည်နေပါတယ်။

လက်ရှိ ဥရောပချန်ပီယံ ချယ်ဆီးအသင်းက အင်တာမီလန်ကနေ လူကာကူကို ပေါင် ၉၈ သန်းဖြင့် ခေါ်ယူမှုနဲ့အတူ ကလပ်လူစာရင်း တန်ကြေးက ပေါင် ၆၆၉ သန်းရှိနေတာဖြစ်တယ်။ ဒီနွေမှာတော့ ချယ်ဆီးဟာ အေဘရာဟမ်အတွက် ပေါင် ၃၄ သန်း၊ ဇူးမားအတွက် ပေါင် သန်း ၃၀ နဲ့ တိုမိုရီအတွက် ပေါင် ၂၅ သန်းတို့ကို ပြန်ရထားပါသေးတယ်။
လီဗာပူးရဲ့ လူစာရင်း တန်ကြေးက ပေါင် ၅၇၆ သန်းကို ရောက်ရှိနေပြီး မာဆေးဆိုဒ်ကလပ်ဟာ ဒီနွေမှာ ကိုနာတေး တစ်ဦးတည်းကိုပဲ ပေါင် ၃၆ သန်းပေးပြီး ခေါ်ယူထားပါတယ်။ နွေမှာ အသုံးစရိတ် အထုတ်ဆုံး ပရီးမီးယားလိဂ်ကလပ် ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ လူစာရင်း တန်ကြေးက ပေါင် ၅၄၂ သန်းဖြစ်ပြီး စပါးကတော့ ပေါင် ၄၇၂ သန်း ရှိနေတာဖြစ်တယ်။
ဥရောပရဲ့ တန်ကြေးအကြီးဆုံး လူစာရင်း စုဖွဲ့မှုှတွေအရ အဲဗာတန်က ပေါင် သန်း ၄၀၀ ဖြင့် နံပါတ် ၁၃ နေရာက ဘိုင်ယန်မြူးနစ် (ပါင် ၃၆၁ သန်း) ရဲ့ အထက်မှာ ရပ်တည်နေတယ်။ နံပါတ် ၁၄ မှာတော့ နာပိုလီက ပေါင် ၃၅၇ သန်း၊ နံပါတ် ၁၅ မှာတော့ လက်စတာက ပေါင် ၃၅၂ သန်း တို့ဖြင့် ရပ်တည်နေပါတယ်။
