ဒေါ့မွန်နဲ့ အင်္ဂလန် ပြိုင်ဘက်တွေရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်မယ့် ချယ်ဆီးကြယ်ပွင့် အန်ဂျိုရင်

UNICODE – ချယ်ဆီး လူငယ်ကစားသမား အန်ဂျိုရင်ဟာ ပရီးမီးယားလိဂ် အသင်းကြီးတွေနဲ့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းတို့က အလေးအနက် စိတ်ဝင်စားခြင်း ခံနေရပေမယ့် ချယ်ဆီးနဲ့ပဲ ကာလရှည် လက်မှတ်ထိုးတော့မယ်လို့ သိရပါတယ်။

စကိုင်းစပေါ့က ဖော်ပြရာမှာ အသက် ၁၈ နှစ်အရွယ် လူငယ်လေးဟာ ဒီနှစ်ပြီးရင် လက်ရှိစာချုပ် သက်တမ်းကုန်မှာဖြစ်တယ်။ သူ့ကို ခေါ်ယူဖို့ မန်စီးတီး၊ ယူနိုက်တက်၊ လီဗာပူးနဲ့ အာဆင်နယ်တို့က စိတ်ဝင်စားကြကာ ချယ်ဆီးနဲ့ အခြေအနေကို စောင့်ကြည့်မှုတွေ လုပ်နေပါတယ်။

ဒေါ့မွန်ကလည်း အန်ဂျိုရင်ကို ဂျာမနီထံ ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ ဒါပေမယ့်လည်း ကွင်းလယ်လူက သူ့ရဲ့ အနာဂတ်ကို ချယ်ဆီးနဲ့ သက်တမ်းတိုးပြီး လန်ဒန်ကလပ်မှာ ဆက်နေခြင်းကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လာခဲ့တယ်။ ကွင်းလယ်လူဟာ ဒီရာသီ ကာရာဘောင်းဖလားအဖြစ် စက်တင်ဘာတုန်းက ချယ်ဆီး ၇-၁ Grimsby ပွဲမှာ ပါဝင်ကစားခွင့် ရခဲ့သူဖြစ်တယ်။

အန်ဂျိုရင်ဟာ သူ့ရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကိုတော့ အဲဗာတန်ကို ၄-၀ နဲ့ အနိုင်ရတဲ့ မတ်လတုန်းကပွဲမှာ ပါဝင်ကစားခွင့်ရခဲ့တယ်။ အဆိုပါပွဲဟာ ချယ်ဆီးအတွက် ဒီရာသီ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ပွဲဖြစ်ပြီး ရက်ပိုင်းအကြာမှာ အင်္ဂလန်လိဂ်က ရပ်နားထားရတာဖြစ်တယ်။

ချယ်ဆီး လူငယ်အသင်းဖြစ်တဲ့ ၇ နှစ်အောက် အသင်းမှာတည်းက စတင်ပူးပေါင်းထားတဲ့ အန်ဂျိုရင်ဟာ လူငယ်တွေထဲမှာ အလားအလာရှိသူဖြစ်ပြီး box-to-box ကစားသူလို့လည်း သိရတယ်။ သူ့ကို ခေါ်ယူနိုင်ဖို့ ပြိုင်ဘက် ထိပ်တန်းအသင်းတွေကလည်း မက်လုံးတွေနဲ့ ဆွဲဆောင်လိုနေတာ ဖြစ်ပါတယ်။

ZAWGYI – ခ်ယ္ဆီး လူငယ္ကစားသမား အန္ဂ်ိဳရင္ဟာ ပရီးမီးယားလိဂ္ အသင္းၾကီးေတြနဲ႔ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းတို႔က အေလးအနက္ စိတ္ဝင္စားျခင္း ခံေနရေပမယ့္ ခ်ယ္ဆီးနဲ႔ပဲ ကာလရွည္ လက္မွတ္ထိုးေတာ့မယ္လို႔ သိရပါတယ္။

စကိုင္းစေပါ့က ေဖာ္ျပရာမွာ အသက္ ၁၈ ႏွစ္အရြယ္ လူငယ္ေလးဟာ ဒီႏွစ္ျပီးရင္ လက္ရွိစာခ်ဳပ္ သက္တမ္းကုန္မွာျဖစ္တယ္။ သူ႔ကို ေခၚယူဖို႔ မန္စီးတီး၊ ယူႏုိက္တက္၊ လီဗာပူးနဲ႔ အာဆင္နယ္တို႔က စိတ္ဝင္စားၾကကာ ခ်ယ္ဆီးနဲ႔ အေျခအေနကို ေစာင့္ၾကည့္မႈေတြ လုပ္ေနပါတယ္။

ေဒါ့မြန္ကလည္း အန္ဂ်ိဳရင္ကို ဂ်ာမနီထံ ေခၚယူဖို႔ စိတ္ဝင္စားေနတာပါ။ ဒါေပမယ့္လည္း ကြင္းလယ္လူက သူ႔ရဲ႕ အနာဂတ္ကို ခ်ယ္ဆီးနဲ႔ သက္တမ္းတိုးျပီး လန္ဒန္ကလပ္မွာ ဆက္ေနျခင္းကိုပဲ ေရြးခ်ယ္ဖို႔ ဆံုးျဖတ္လာခဲ့တယ္။ ကြင္းလယ္လူဟာ ဒီရာသီ ကာရာေဘာင္းဖလားအျဖစ္ စက္တင္ဘာတုန္းက ခ်ယ္ဆီး ၇-၁ Grimsby ပြဲမွာ ပါဝင္ကစားခြင့္ ရခဲ့သူျဖစ္တယ္။

အန္ဂ်ိဳရင္ဟာ သူ႔ရဲ႕ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲကိုေတာ့ အဲဗာတန္ကို ၄-၀ နဲ႔ အႏုိင္ရတဲ့ မတ္လတုန္းကပြဲမွာ ပါဝင္ကစားခြင့္ရခဲ့တယ္။ အဆိုပါပြဲဟာ ခ်ယ္ဆီးအတြက္ ဒီရာသီ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ပြဲျဖစ္ျပီး ရက္ပိုင္းအၾကာမွာ အဂၤလန္လိဂ္က ရပ္နားထားရတာျဖစ္တယ္။

ခ်ယ္ဆီး လူငယ္အသင္းျဖစ္တဲ့ ၇ ႏွစ္ေအာက္ အသင္းမွာတည္းက စတင္ပူးေပါင္းထားတဲ့ အန္ဂ်ိဳရင္ဟာ လူငယ္ေတြထဲမွာ အလားအလာရွိသူျဖစ္ျပီး box-to-box ကစားသူလို႔လည္း သိရတယ္။ သူ႔ကို ေခၚယူႏုိင္ဖို႔ ျပိဳင္ဘက္ ထိပ္တန္းအသင္းေတြကလည္း မက္လံုးေတြနဲ႔ ဆြဲေဆာင္လိုေနတာ ျဖစ္ပါတယ္။