ယူနိုက်တက်မှာ အမေ့ခံဖြစ်နေတဲ့ ခံစစ်မှူးကို ပြန်ခေါ်ဖို့ အသင်းဟောင်းက ဆက်သွယ်လာ

မန်ချက်စတာယူနိုက်တက်ရဲ့ အိုင်ဗရီကို့စ်သား ခံစစ်မှူး အဲရစ်ဘိုင်လီကို ၎င်းရဲ့ အသင်းဟောင်း ဗီလာရီးရဲလ်က ပြန်ခေါ်ဖို့ ဆက်သွယ်မှုတွေ ပြုလုပ်နေကြောင်း သတင်းထွက်ပေါ်လာပါတယ်။

ဘိုင်လီက ဒီတလောနှစ်တွေ အတွင်း ဒဏ်ရာတွေကြောင့် ပွဲထွက် ကစားခွင့်ပါ ရုန်းကန်နေရတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေက အသင်းဟောင်း ဗီလာရီးရဲလ် အတွက်တော့ စိတ်အနှောင့်အယှက် မဖြစ်စေဘဲ ဘိုင်လီကို ပြန်ခေါ်ဖို့ လှုပ်ရှားလာခဲ့ပါတယ်။ လာလီဂါကလပ်ဟာ ဘိုင်လီကို အသင်းအတွက် ပြီးပြည့်စုံတဲ့ ခံစစ်မှူး အဖြစ် ရှုမြင်ထားပါတယ်။

ဘောလုံးပွဲတွေ မရပ်နားခင် လပိုင်းမှာ ဘိုင်လီက တိုးတက်မှုတွေ ပြသလာခဲ့ပေမယ့် ယူနိုက်တက် ကနေ ထွက်ခွာနိုင်တဲ့ အသင်းသားတွေထဲ ပါဝင်နေဆဲပါ။ စပိန်သတင်းတွေ အဆိုအရ ၂၀၁၆ မှာ ဘိုင်လီ နှုတ်ဆက်ခဲ့တဲ့ ဗီလာရီးရဲလ်ကတော့ အိုင်ဗရီကို့စ်သားကို အလိုရှိနေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ရဲ့ ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ လင်ဒီလော့ဖ်က အခိုင်အမာ နေရာယူထားပြီး ဖြစ်တာကြောင့် ဘိုင်လီ အတွက် ပုံမှန် ပွဲထွက် ပါဝင်ခွင့် ရဖို့ အခွင့်အရေး ပိုနည်းသွားပြီ ဖြစ်ပါတယ်။ ရာသီလက်ကျန်ပွဲစဉ်တွေ အတွက်တော့ ဆိုးရှားက ဘိုင်လီကို ထည့်သွင်း ကစားရန် ပြင်ဆင်မှုတွေ ပြုလုပ်ထားပါတယ်။

ဒီရာသီမှာ ဘိုင်လီက ယူနိုက်တက် အတွက် ၅ ပွဲသာ ပါဝင် ကစားထားရပါတယ်။ ဒါပေမယ့် သူပါဝင်တဲ့ ပွဲစဉ်တိုင်းကတော့ အသင်းက ပေးဂိုး မရှိတာကြောင့် အိုင်ဗရီကို့စ်သားက အရည်အချင်း ခံစစ်မှူးတစ်ဦး ဖြစ်နေဆဲလို့ ဆိုရမှာပါ။

Zawgyi – မန္ခ်က္စတာယူနုိက္တက္ရဲ႕ အိုင္ဗရီကို႔စ္သား ခံစစ္မွဴး အဲရစ္ဘိုင္လီကို ၄င္းရဲ႕ အသင္းေဟာင္း ဗီလာရီးရဲလ္က ျပန္ေခၚဖို႔ ဆက္သြယ္မႈေတြ ျပဳလုပ္ေနေၾကာင္း သတင္းထြက္ေပၚလာပါတယ္။

ဘိုင္လီက ဒီတေလာနွစ္ေတြ အတြင္း ဒဏ္ရာေတြေၾကာင့္ ပြဲထြက္ ကစားခြင့္ပါ ရုန္းကန္ေနရတဲ့ ကစားသမား ျဖစ္ပါတယ္။ ဒါေပမယ့္ ဒါေတြက အသင္းေဟာင္း ဗီလာရီးရဲလ္ အတြက္ေတာ့ စိတ္အေနွာင့္အယွက္ မျဖစ္ေစဘဲ ဘိုင္လီကို ျပန္ေခၚဖို႔ လႈပ္ရွားလာခဲ့ပါတယ္။ လာလီဂါကလပ္ဟာ ဘိုင္လီကို အသင္းအတြက္ ျပီးျပည့္စံုတဲ့ ခံစစ္မွဴး အျဖစ္ ရႈျမင္ထားပါတယ္။

ေဘာလံုးပြဲေတြ မရပ္နားခင္ လပိုင္းမွာ ဘိုင္လီက တိုးတက္မႈေတြ ျပသလာခဲ့ေပမယ့္ ယူနုိက္တက္ ကေန ထြက္ခြာနုိင္တဲ့ အသင္းသားေတြထဲ ပါ၀င္ေနဆဲပါ။ စပိန္သတင္းေတြ အဆိုအရ ၂၀၁၆ မွာ ဘိုင္လီ ႏႈတ္ဆက္ခဲ့တဲ့ ဗီလာရီးရဲလ္ကေတာ့ အုိင္ဗရီကို႔စ္သားကို အလိုရွိေနတယ္လို႔ သိရပါတယ္။

ယူနိုက္တက္ရဲ႕ ဗဟိုခံစစ္မွာ မက္ဂြဲရားနဲ႕ လင္ဒီေလာ့ဖ္က အခိုင္အမာ ေနရာယူထားျပီး ျဖစ္တာေၾကာင့္ ဘိုင္လီ အတြက္ ပံုမွန္ ပြဲထြက္ ပါ၀င္ခြင့္ ရဖို႔ အခြင့္အေရး ပိုနည္းသြားျပီ ျဖစ္ပါတယ္။ ရာသီလက္က်န္ပြဲစဥ္ေတြ အတြက္ေတာ့ ဆိုးရွားက ဘိုင္လီကို ထည့္သြင္း ကစားရန္ ျပင္ဆင္မႈေတြ ျပဳလုပ္ထားပါတယ္။

ဒီရာသီမွာ ဘိုင္လီက ယူနုိက္တက္ အတြက္ ၅ ပြဲသာ ပါ၀င္ ကစားထားရပါတယ္။ ဒါေပမယ့္ သူပါ၀င္တဲ့ ပြဲစဥ္တိုင္းကေတာ့ အသင္းက ေပးဂိုး မရွိတာေၾကာင့္ အိုင္ဗရီကို႔စ္သားက အရည္အခ်င္း ခံစစ္မွဴးတစ္ဦး ျဖစ္ေနဆဲလို႔ ဆိုရမွာပါ။