ဥရောပတခွင်မှ ယနေ့ ညနေခင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတိုများ စုစည်းမှု

အန်ဆု ဖာတီကတော့ ၎င်းဟာ ကလပ်အသင်းမှာပဲ ဆက်နေလိုကြောင်း ဘာစီလိုနာအား အသိပေးခဲ့ပါတယ်။ အသက် ၁၈ နှစ်အရွယ် ကြယ်ပွင့်လေးရဲ့ စာချုပ်က လက်ရှိရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ၎င်းကို မန်စီးတီးက ချဉ်းကပ်နေပါတယ်။

ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ မကြာခင် အတွင်း အဲဗာတန်ကနေ ထွက်ခွာသွားတာလည်း ဖြစ်နိုင်ကြောင်း နည်းပြ ဘင်နီတက်ဇ်က ဖွင့်ဟထားပါတယ်။ အသက် ၃၀ အရွယ် ကစားသမားကို အဲဗာတန် က နွေမှာ ရှင်းထုတ်လိုခဲ့တာပါ။

လိုက်ပ်ဇစ် ကြယ်ပွင့် ဒန်နီ အိုလ်မို ကို နောက် လာမယ့် အပြောင်းအရွှေ့ကာလအတွက် ဘာစီလိုနာက ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပါတယ်။ စပိန်သတင်းဌာန Marca အဆိုအရ အိုလ်မို ကို ဘာစီလိုနာ အပြင် မန်ယူနိုက်တက်၊ ဘိုင်ယန်မြူးနစ်နဲ့ ဂျူဗင်တပ်တို့က ခေါ်ယူလိုနေပါတယ်။

ဆော်ပိုလို အသင်းနဲ့ လစာညှိနှိုင်းမရတာကြောင့် လမ်းခွဲလိုက်တဲ့ ဒန်နီအဲလ်ဗက်စ်ဟာ အသင်းလက်မဲ့ ဖြစ်နေပြီး အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာ အသင်းထံ ပြောင်းရွှေ့သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

ဒေါ့မွန် ကွင်းလယ်ကစားသမား ဘယ်လင်ဟန် ဟာ နောက်နှစ်နွေမှာ ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေ ဝိုင်းဝိုင်းလာလာဖို့ ရှိနေပါတယ်။ အသက် ၁၈ နှစ် အရွယ် အင်္ဂလန်သားကို မန်စီးတီးနဲ့ လီဗာပူးတို့က အပြိုင် စောင့်ကြည့်နေခဲ့တာ ဖြစ်ပြီး ၎င်း တန်ကြေးက ပေါင် သန်း ၈၀ လောက် ရှိဖွယ်ပါ။

ချယ်ဆီးနည်းပြ သောမတ်စ် တူချယ်ကတော့ တောင်ပံတိုက်စစ်သမား အိုဒွိုင်းရဲ့ အပြောင်းအရွှေ့ကို အပြောင်းအရွှေ့ နောက်ဆုံးရက်မှ တားဆီးလိုက်တာက သူ့အတွက် လွယ်ကူတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ဖွင့်ဟလိုက်ပါတယ်။ အင်္ဂလန်သားကို သြဂုတ်လကုန်မှာ ဒေါ့မွန်က ကြိုးစားခဲ့ပေမယ့် ချယ်ဆီးက ပိတ်ပင်ခဲ့ပါတယ်။

Zawgyi

အန္ဆု ဖာတီကေတာ့ ၄င္းဟာ ကလပ္အသင္းမွာပဲ ဆက္ေနလိုေၾကာင္း ဘာစီလိုနာအား အသိေပးခဲ့ပါတယ္။ အသက္ ၁၈ နွစ္အရြယ္ ၾကယ္ပြင့္ေလးရဲ႕ စာခ်ဳပ္က လက္ရွိရာသီကုန္မွာ ကုန္ဆံုးမွာ ျဖစ္ျပီး ၄င္းကို မန္စီးတီးက ခ်ဥ္းကပ္ေနပါတယ္။

ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္ဟာ မၾကာခင္ အတြင္း အဲဗာတန္ကေန ထြက္ခြာသြားတာလည္း ျဖစ္နုိင္ေၾကာင္း နည္းျပ ဘင္နီတက္ဇ္က ဖြင့္ဟထားပါတယ္။ အသက္ ၃၀ အရြယ္ ကစားသမားကို အဲဗာတန္ က ေႏြမွာ ရွင္းထုတ္လိုခဲ့တာပါ။

လိုက္ပ္ဇစ္ ၾကယ္ပြင့္ ဒန္နီ အိုလ္မို ကို ေနာက္ လာမယ့္ အေျပာင္းအေရႊ႕ကာလအတြက္ ဘာစီလိုနာက ထိပ္တန္း ပစ္မွတ္ အျဖစ္ သတ္မွတ္လိုက္ပါတယ္။ စပိန္သတင္းဌာန Marca အဆိုအရ အိုလ္မို ကို ဘာစီလိုနာ အျပင္ မန္ယူနိုက္တက္၊ ဘိုင္ယန္ျမဴးနစ္နဲ႕ ဂ်ဴဗင္တပ္တို႔က ေခၚယူလိုေနပါတယ္။

ေဆာ္ပိုလို အသင္းနဲ႕ လစာညွိနိႈင္းမရတာေၾကာင့္ လမ္းခြဲလိုက္တဲ့ ဒန္နီအဲလ္ဗက္စ္ဟာ အသင္းလက္မဲ့ ျဖစ္ေနျပီး အာဂ်င္တီးနားကလပ္ ဘိုကာဂ်ဴနီယာ အသင္းထံ ေျပာင္းေရႊ႕သြားဖြယ္ ရွိေနတယ္လို႔ သိရပါတယ္။

ေဒါ့မြန္ ကြင္းလယ္ကစားသမား ဘယ္လင္ဟန္ ဟာ ေနာက္နွစ္ေႏြမွာ ေခၚယူလိုတဲ့ ကလပ္အသင္းေတြ ၀ိုင္း၀ိုင္းလာလာဖို႔ ရွိေနပါတယ္။ အသက္ ၁၈ နွစ္ အရြယ္ အဂၤလန္သားကို မန္စီးတီးနဲ႕ လီဗာပူးတို႔က အျပိဳင္ ေစာင့္ၾကည့္ေနခဲ့တာ ျဖစ္ျပီး ၄င္း တန္ေၾကးက ေပါင္ သန္း ၈၀ ေလာက္ ရွိဖြယ္ပါ။

ခ်ယ္ဆီးနည္းျပ ေသာမတ္စ္ တူခ်ယ္ကေတာ့ ေတာင္ပံတိုက္စစ္သမား အိုဒြိဳင္းရဲ႕ အေျပာင္းအေရႊ႕ကို အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွ တားဆီးလိုက္တာက သူ႔အတြက္ လြယ္ကူတဲ့ ဆံုးျဖတ္ခ်က္ ျဖစ္ေၾကာင္း ဖြင့္ဟလိုက္ပါတယ္။ အဂၤလန္သားကို ၾသဂုတ္လကုန္မွာ ေဒါ့မြန္က ၾကိဳးစားခဲ့ေပမယ့္ ခ်ယ္ဆီးက ပိတ္ပင္ခဲ့ပါတယ္။