ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (08/06/20)

ယူနိုက်တက် အတွက် အသင်းဖော်ဟောင်းတွေကိုသာ ပြန်ခေါ်ယူခွင့် ရမယ် ဆိုရင် ဆိုးရှားက ကွင်းလယ်အတွက် ရွိုင်ကိန်းနဲ့ ပေါစခိုးလ် ကို ခေါ်ယူလိုနေပြီး လောလောဆယ် ကမ္ဘာ့ အကောင်းဆုံး ဖြစ်နေတဲ့ စီ ရိုနယ်ဒိုလ် ကိုလည်း ခေါ်ယူချင်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ချက်စတာမှာ ပုံမှန် နေရာရဖို့ ခက်ခဲနေပြီ ဖြစ်တဲ့ ဗဟိုခံစစ်မှူး အဲရစ် ဘိုင်လီကို ၎င်းရဲ့ အသင်းဟောင်း ဗီလာရီးရဲလ်က ပြန်ခေါ်ယူ လိုနေပါတယ်။

ပေါ့ဘာ အနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့လိုတယ် ဆိုရင် အခုထက်ပိုပြီး တည်ငြိမ်တဲ့ ခြေစွမ်းမျိုး ထိန်းထားနိုင်ဖို့ လိုအပ်ကြောင်း ဟာရဲရားက အကြံပေးခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နည်းပြ ဆိုးရှားရဲ့ ကောင်းမွန်တဲ့ အစီအမံတွေကြောင့် ဒီရာသီကုန်မှာ အဆင့် ၄ အတွင်း ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရမယ် ယုံကြည်ကြောင်း ပေါ စခိုးလ်က ထောက်ခံပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်တို့ နှစ်သင်းလုံးက အေဂျက် ကွင်းလယ်ကြယ်ပွင့် ဗန်ဒါဘိ ကို ခေါ်ယူဖို့ ချဉ်းကပ်နေကြောင်း အေဂျက် အားကစား ဒါရိုက်တာ ဗန်ဒါဆားက အတည်ပြုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေက ကွင်းလယ်မှာ ပေါ့ဘာ ဖာနန်ဒက်စ် တွဲဖက် ကစားရင် ခြေစွမ်းပြနိုင်မယ် ယုံကြည်နေကြပေမယ့် ထင်သလို ဖြစ်ပါ့မလားလို့ ချာလီနစ်ကိုးလပ်စ်က သံသယရှိနေပါတယ်။

အိုးထရက်ဖို့ဒ်မှာ ၁၁ ယောက်စီ ခွဲ ကစားခဲ့ကြတဲ့ ယူနိုက်တက်ရဲ့ ထရိန်နင်ပွဲမှာ ဖာနန်ဒက်စ်က ကျောနံပါတ် ၁၀၊ ဂရင်းဝုဒ်က နံပါတ် ၇ ကို ထူးထူးခြားခြား ဝတ်ဆင်ခဲ့ကြပြီး ပရိသတ်တွေကတော့ သဘောကျနေကြပါတယ်။

Zawgyi – ယူနိုက္တက္ အတြက္ အသင္းေဖာ္ေဟာင္းေတြကိုသာ ျပန္ေခၚယူခြင့္ ရမယ္ ဆိုရင္ ဆိုးရွားက ကြင္းလယ္အတြက္ ရြိဳင္ကိန္းနဲ႕ ေပါစခိုးလ္ ကို ေခၚယူလိုေနျပီး ေလာေလာဆယ္ ကမၻာ့ အေကာင္းဆံုး ျဖစ္ေနတဲ့ စီ ရိုနယ္ဒိုလ္ ကိုလည္း ေခၚယူခ်င္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

မန္ခ်က္စတာမွာ ပံုမွန္ ေနရာရဖို႔ ခက္ခဲေနျပီ ျဖစ္တဲ့ ဗဟိုခံစစ္မွဴး အဲရစ္ ဘိုင္လီကို ၄င္းရဲ႕ အသင္းေဟာင္း ဗီလာရီးရဲလ္က ျပန္ေခၚယူ လိုေနပါတယ္။

ေပါ့ဘာ အေနနဲ႕ ယူနိုက္တက္ကေန ထြက္ခြာျပီး ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းေရႊ႕လိုတယ္ ဆိုရင္ အခုထက္ပိုျပီး တည္ျငိမ္တဲ့ ေျခစြမ္းမ်ိဳး ထိန္းထားနိုင္ဖို႔ လိုအပ္ေၾကာင္း ဟာရဲရားက အၾကံေပးခဲ့ပါတယ္။

မန္ခ်က္စတာယူနုိက္တက္ဟာ နည္းျပ ဆိုးရွားရဲ႕ ေကာင္းမြန္တဲ့ အစီအမံေတြေၾကာင့္ ဒီရာသီကုန္မွာ အဆင့္ ၄ အတြင္း ၀င္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရမယ္ ယံုၾကည္ေၾကာင္း ေပါ စခိုးလ္က ေထာက္ခံေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္နဲ႕ ရီးရဲလ္မက္ဒရစ္တို႔ နွစ္သင္းလံုးက ေအဂ်က္ ကြင္းလယ္ၾကယ္ပြင့္ ဗန္ဒါဘိ ကို ေခၚယူဖို႔ ခ်ဥ္းကပ္ေနေၾကာင္း ေအဂ်က္ အားကစား ဒါရိုက္တာ ဗန္ဒါဆားက အတည္ျပဳလိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ ပရိသတ္ေတြက ကြင္းလယ္မွာ ေပါ့ဘာ ဖာနန္ဒက္စ္ တြဲဖက္ ကစားရင္ ေျခစြမ္းျပနုိင္မယ္ ယံုၾကည္ေနၾကေပမယ့္ ထင္သလို ျဖစ္ပါ့မလားလို႔ ခ်ာလီနစ္ကိုးလပ္စ္က သံသယရိွေနပါတယ္။

အိုးထရက္ဖို႔ဒ္မွာ ၁၁ ေယာက္စီ ခြဲ ကစားခဲ့ၾကတဲ့ ယူနိုက္တက္ရဲ႕ ထရိန္နင္ပြဲမွာ ဖာနန္ဒက္စ္က ေက်ာနံပါတ္ ၁၀၊ ဂရင္း၀ုဒ္က နံပါတ္ ၇ ကို ထူးထူးျခားျခား ၀တ္ဆင္ခဲ့ၾကျပီး ပရိသတ္ေတြကေတာ့ သေဘာက်ေနၾကပါတယ္။