တနင်္လာနေ့ညပိုင်း နောက်ဆုံးရ ဥရောပတခွင်မှ အပြောင်းအရွှေ့ သတင်းများ

လီဗာပူးအသင်း မန်နေဂျာ ယာဂင်ကလော့ပ်က ဖာမီနို နေရာ အရန်အတွက် နိုက်စ်တိုက်စစ်သမားလေး Amine Gouiri ကို ခေါ်ယူလိုတာကြောင့် ကိုယ်တိုင် ဆက်သွယ် မေးမြန်းထားတယ်လို့ သိရပါတယ်။

အသက် ၂၁ နှစ် အရွယ် ပြင်သစ်သား ကစားသမားဟာ ဘယ်တောင်ပံမှာရော အထောင်တိုက်စစ်ပါ ကစားနိုင်သူ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၁၆ ဂိုး သွင်းယူခဲ့သူပါ။ ဒီရာသီမှာလည်း လေးပွဲကစားပြီး လေးဂိုးသွင်းထားပြီး ဖြစ်ပါတယ်။

လက်စတာ ခံစစ်မှှုး ဖိုဖာနာက သူ့ရဲ့ အကြီးဆုံး အိပ်မက်က ကစားသမား ဘ၀ အနားမယူခင် ရီးရဲလ်မက်ဒရစ်မှာ ကစားချင်တာပဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ မကြာခင်မှာပဲ ဂေါ်ရက်စကာ ကို သက်တမ်းတိုး စာချုပ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်မှု ရှိနေပါတယ်။ ဂေါ်ရက်စကာ ကို ပြီးခဲ့တဲ့နွေက ယူနိုက်တက်က ချိတ်ဆက်ခဲ့သေးပြီး ကစားသမားက အသင်းမှာ ဆက်နေဖို့ ရွေးချယ်ခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေက ဘယ်လာရင်နဲ့ အီမာဆန် ရွိုင်ရယ်တို့ကို အလဲအထပ်လုပ်ဖို့ အခွင့်ရှိခဲ့ပေမယ့် တားဆီးခဲ့တယ်လို့ The Athletic သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ၂၀၂၂ နွေမှာ ဒေါ့မွန် တိုက်စစ်သမား ဟာလန်း ကို ခေါ်ယူဖို့ အေးဂျင့် ရွိုင်းအိုလာနဲ့ ပြောဆို ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း 90min သတင်းက ဖော်ပြထားပါတယ်။

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ မန်ချက်စတာ မှာ ဆက်နေဖို့ တွေဝေနေခဲ့ပေမယ့် စီ ရော်နယ်ဒို ရောက်လာပြီးတဲ့နောက် ကလပ်နဲ့ပဲ သက်တမ်းတိုးကာ ဆက်နေသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Zawgyi



လက်စတာ ခံစစ်မှုး ဖိုဖာနာက သူ့ရဲ့ အကြီးဆုံး အိပ်မက်က ကစားသမား ဘ၀ အနားမယူခင် ရီးရဲလ်မက်ဒရစ်မှာ ကစားချင်တာပဲ ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။



