လမ်းပတ် ခေါ်ယူလိုခဲ့ပေမယ့် ချယ်ဆီးကို ဈေးလာကိုင်လို့ ငြင်းဆန်ခံခဲ့ရတဲ့ ကစားသမား

UNICODE – ဇန်နဝါရီ အပြောင်းအရွှေ့မှာတုန်းက ချယ်ဆီးဟာ ကစားသမားခေါ်ယူမှုတစ်ခု လုပ်နိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဈေးကိုင်ခံရမှုကြောင့် ငြင်းဆန်ခဲ့တယ်လို့ သိရပါတယ်။

ချယ်ဆီးဟာ ကာဗာနီ၊ မာတင်တို့ကို ခေါ်ယူဖို့ မအောင်မြင်တဲ့နောက် တိုက်စစ်ပိုင်း ထောက်ပံ့ဖို့အတွက် ဘုန်းမောက်မှ ဖရေဆာကိုလည်း ကမ်းလှမ်းခဲ့တာဖြစ်တယ်။ ဒီနွေမှာ ဘုန်မောက်နဲ့ စာချုပ်ကုန်ပြီဖြစ်ကာ အလွတ်နဲ့ ထွက်ခွာခွင့်ရမယ့် ဖရေဆာကို ချယ်ဆီးဘက်က အလေးအနက် ဝင်ကမ်းလှမ်းခဲ့တာဖြစ်တယ်။

ဖရေဆာက ဘုန်းမောက်မှာ သူရထားတဲ့ လုပ်ခထက် ပိုများတဲ့ လခကို လိုချင်ကြောင်းနဲ့ တစ်ပတ်လုပ်ခ ပေါင် ၉၀၀၀၀ ဝန်းကျင်ထိ တောင်းဆိုခဲ့ပါတယ်။ ချယ်ဆီး တာဝန်ရှိသူတွေက ဖရေဆာအတွက် ပေးရမယ့် ပြောင်းရွှေ့ကြေးက နည်းပါးပေမယ့် တောင်းဆိုတဲ့ လုပ်ခက များလွန်းတာကြောင့် ဒီခေါ်ယူမှုဟာ ဘဏ္ဍာရေးအရ အကျိုးမရှိနိုင်လို့ ယုံကြည်ခြင်းကြောင့် ပယ်ချခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၈-၂၀၁၉ ဘောလုံးရာသီမှာ စကော်တလန်သားဟာ ကြီး ၆ ကြီး ပြင်ပမှာ စွမ်းဆောင်ရည် အကောင်းဆုံး ကစားသမားတွေထဲ တစ်ဦးအဖြစ်တောင် ပါဝင်ခဲ့တာဖြစ်တယ်။ မနှစ်ကရာသီ လိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် တိုးတက်တဲ့ ခြေစွမ်း ပြနိုင်ခဲ့တဲ့ ဖရေဆာကို ခေါ်ယူဖို့ ထိပ်သီး ၆ သင်းလုံးက စိတ်ဝင်စားခဲ့တာဖြစ်တယ်။

ဖရေဆာဟာ ဒီရာသီမှာတော့ ဒဏ်ရာပြဿနာတွေနဲ့အတူ ပုံမှန်ကစားခွင့်ရဖို့ ရုန်းကန်လာရပြီး ပြိုင်ပွဲစုံ ၃၂ ပွဲ ကစားကာ ကိုယ်တိုင် ၁ ဂိုးတည်း သွင်းယူနိုင်ပြီး ဂိုးထောက်ပံ့မှု ၄ ကြိမ် လုပ်ထားနိုင်တာ ဖြစ်ပါတယ်။

ZAWGYI – ဇန္နဝါရီ အေျပာင္းအေရႊ႔မွာတုန္းက ခ်ယ္ဆီးဟာ ကစားသမားေခၚယူမႈတစ္ခု လုပ္ႏုိင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ေစ်းကိုင္ခံရမႈေၾကာင့္ ျငင္းဆန္ခဲ့တယ္လို႔ သိရပါတယ္။

ခ်ယ္ဆီးဟာ ကာဗာနီ၊ မာတင္တို႔ကို ေခၚယူဖို႔ မေအာင္ျမင္တဲ့ေနာက္ တုိက္စစ္ပိုင္း ေထာက္ပံ့ဖို႔အတြက္ ဘုန္းေမာက္မွ ဖေရဆာကိုလည္း ကမ္းလွမ္းခဲ့တာျဖစ္တယ္။ ဒီေႏြမွာ ဘုန္ေမာက္နဲ႔ စာခ်ဳပ္ကုန္ျပီျဖစ္ကာ အလြတ္နဲ႔ ထြက္ခြာခြင့္ရမယ့္ ဖေရဆာကို ခ်ယ္ဆီးဘက္က အေလးအနက္ ဝင္ကမ္းလွမ္းခဲ့တာျဖစ္တယ္။

ဖေရဆာက ဘုန္းေမာက္မွာ သူရထားတဲ့ လုပ္ခထက္ ပိုမ်ားတဲ့ လခကို လုိုခ်င္ေၾကာင္းနဲ႔ တစ္ပတ္လုပ္ခ ေပါင္ ၉၀၀၀၀ ဝန္းက်င္ထိ ေတာင္းဆိုခဲ့ပါတယ္။ ခ်ယ္ဆီး တာဝန္ရွိသူေတြက ဖေရဆာအတြက္ ေပးရမယ့္ ေျပာင္းေရႊ႔ေၾကးက နည္းပါးေပမယ့္ ေတာင္းဆိုတဲ့ လုပ္ခက မ်ားလြန္းတာေၾကာင့္ ဒီေခၚယူမႈဟာ ဘ႑ာေရးအရ အက်ိဳးမရွိႏုိင္လို႔ ယံုၾကည္ျခင္းေၾကာင့္ ပယ္ခ်ခဲ့ျခင္း ျဖစ္တယ္လို႔ သိရပါတယ္။

၂၀၁၈-၂၀၁၉ ေဘာလံုးရာသီမွာ စေကာ္တလန္သားဟာ ၾကီး ၆ ၾကီး ျပင္ပမွာ စြမ္းေဆာင္ရည္ အေကာင္းဆံုး ကစားသမားေတြထဲ တစ္ဦးအျဖစ္ေတာင္ ပါဝင္ခဲ့တာျဖစ္တယ္။ မႏွစ္ကရာသီ လိဂ္ရဲ႕ အေကာင္းဆံုး ကစားသမားေတြထဲက တစ္ဦးအျဖစ္ တိုးတက္တဲ့ ေျခစြမ္း ျပႏုိင္ခဲ့တဲ့ ဖေရဆာကို ေခၚယူဖို႔ ထိပ္သီး ၆ သင္းလံုးက စိတ္ဝင္စားခဲ့တာျဖစ္တယ္။

ဖေရဆာဟာ ဒီရာသီမွာေတာ့ ဒဏ္ရာျပႆနာေတြနဲ႔အတူ ပံုမွန္ကစားခြင့္ရဖို႔ ရုန္းကန္လာရျပီး ျပိဳင္ပြဲစံု ၃၂ ပြဲ ကစားကာ ကိုယ္တုိင္ ၁ ဂိုးတည္း သြင္းယူႏုိင္ျပီး ဂိုးေထာက္ပံ့မႈ ၄ ၾကိမ္ လုပ္ထားႏုိင္တာ ျဖစ္ပါတယ္။