ယူနိုက်တက် တာဝန်ရှိသူတွေရဲ့ လေးစားမှု မရှိခြင်းကြောင့် ထွက်ခဲ့ရတာလို့ ဟာရဲရား ပြော

UNICODE – ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဟာရဲရားက အိုးထရက်ဖို့ဒ်က မထွက်ခင် ယူနိုက်တက်မှာ ဆက်နေဖို့ ညှိနှိုင်းမှုများ ရှိခဲ့ပြီး အဆင်မပြေခဲ့တဲ့အကြောင်း ဖွင့်ဟပြောကြားသွားပါတယ်။

အသက် ၂၉ နှစ်အရွယ် ကွင်းလယ် ကစားသမားက ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ကြေး အလွတ် ၅ နှစ်စာချုပ်နဲ့ ရောက်ရှိသွားတာ ဖြစ်ပါတယ်။ စပိန်သားရဲ့ အားကြိုးမာန်တက် ကစားဟန်၊ အသင်းအပေါ် ပေးဆပ်မှုအပြည့် ထားရှိတာတွေကြောင့် လျင်လျင်မြန်မြန်ပဲ ပရိသတ် အချစ်တော် ကစားသမား ဖြစ်လာခဲ့တာပါ။

The Athletic နဲ့ အင်တာဗျူးမှာပဲ ဟာရဲရားက အသင်းအတွက် အစွမ်းကုန် ပေးဆပ်ပေမယ့် လေးစားမခံရတဲ့ အခြေအနေကြောင့် ယူနိုက်တက်မှာ ဆက်နေဖို့ မဖြစ်နိုင်လို့သာ သူ အသင်းပြောင်းဖို့ ဆုံးဖြတ်ဖြစ်ခဲ့ကြောင်း ဖွင့်ဟပြောကြားသွားပါတယ်။

ဟာရဲရားက “ ကျနော် ငွေကြောင့် ထွက်ခွာလာခဲ့တာ မဟုတ်ပါဘူး။ စာချုပ် သက်တမ်းကြောင့်လည်း မဟုတ်ဘူး။ ကလပ်က ကျနော်ကို အကြာကြီး စောင့်ခိုင်းခဲ့တယ်။ ကျနော်ရဲ့ အမြင်မှာ ကလပ်က ကျနော်အပို ပိုပြီး တန်ဖိုးထားသင့်တယ်လို့ ထင်တာကြောင့်ပါ။

ကျနော်က အစွမ်းကုန် ပေးဆပ်တတ်သူပါ။ ဘယ်တော့မှ ငြင်းချက်မထုတ်ဘူး။ မီဒီယာမှာလည်း ဘာအကြောင်းကိုမှ ကလပ်နဲ့ ပက်သက်ပြီး စောဒက မတက်ပါဘူး။ မန်နေဂျာတွေရှေ့မှာ ဘယ်တော့မှ မျက်နှာမမဲ့ဘူး၊ ဘုန်အဖွဲ့တွေကိုလည်း သုန်မှုန်ပြခဲ့ခြင်း မရှိဘူး။ သူတို့က ကျနော်စာချုပ် နောက်ဆုံး ၆ လ ကျန်တဲ့အထိ စောင့်ဆိုင်းစေချင်ခဲ့တယ်။

ဒါကြောင့်ပဲ ကျနော်က ယူနိုက်တက်ရဲ့ စာချုပ်ကို သဘောမတူခဲ့တာပါ။ ကျနော် ဒါကို ပြောပြလို့ ရပါတယ်။ ဒါက ဘောလုံးရဲ့ အစိတ်အပိုင်းနဲ့ ဘဝရဲ့ အစိတ်အပိုင်းပဲလေ။ ပုဂ္ဂိုလ်ရေး မပါပါဘူး။ ခင်ဗျားတို့မေးလို့ ကျနော်ရဲ့ အမြင်ကို ပြောပြတာပါ။ ကျနော်လည်း ပရော်ဖက်ရှင်နယ် တစ်ဦးပဲလေဗျာ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ZAWGYI – ပီအက္စ္ဂ်ီ ကြင္းလယ္ကစားသမား ဟာရဲရားက အိုးထရက္ဖို႔ဒ္က မထြက္ခင္ ယူႏုိက္တက္မွာ ဆက္ေနဖို႔ ညွိနိႈင္းမႈမ်ား ရွိခဲ့ျပီး အဆင္မေျပခဲ့တဲ့အေၾကာင္း ဖြင့္ဟေျပာၾကားသြားပါတယ္။

အသက္ ၂၉ နွစ္အရြယ္ ကြင္းလယ္ ကစားသမားက ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေရႊ႕ေၾကး အလြတ္ ၅ နွစ္စာခ်ဳပ္နဲ႕ ေရာက္ရွိသြားတာ ျဖစ္ပါတယ္။ စပိန္သားရဲ႕ အားၾကိဳးမာန္တက္ ကစားဟန္၊ အသင္းအေပၚ ေပးဆပ္မႈအျပည့္ ထားရွိတာေတြေၾကာင့္ လ်င္လ်င္ျမန္ျမန္ပဲ ပရိသတ္ အခ်စ္ေတာ္ ကစားသမား ျဖစ္လာခဲ့တာပါ။

The Athletic နဲ႔ အင္တာဗ်ဴးမွာပဲ ဟာရဲရားက အသင္းအတြက္ အစြမ္းကုန္ ေပးဆပ္ေပမယ့္ ေလးစားမခံရတဲ့ အေျခအေနေၾကာင့္ ယူနိုက္တက္မွာ ဆက္ေနဖို႔ မျဖစ္နိုင္လို႔သာ သူ အသင္းေျပာင္းဖို႔ ဆံုးျဖတ္ျဖစ္ခဲ့ေၾကာင္း ဖြင့္ဟေျပာၾကားသြားပါတယ္။

ဟာရဲရားက “ က်ေနာ္ ေငြေၾကာင့္ ထြက္ခြာလာခဲ့တာ မဟုတ္ပါဘူး။ စာခ်ဳပ္ သက္တမ္းေၾကာင့္လည္း မဟုတ္ဘူး။ ကလပ္က က်ေနာ္ကို အၾကာၾကီး ေစာင့္ခိုင္းခဲ့တယ္။ က်ေနာ္ရဲ႕ အျမင္မွာ ကလပ္က က်ေနာ္အပို ပိုျပီး တန္ဖိုးထားသင့္တယ္လို႔ ထင္တာေၾကာင့္ပါ။

က်ေနာ္က အစြမ္းကုန္ ေပးဆပ္တတ္သူပါ။ ဘယ္ေတာ့မွ ျငင္းခ်က္မထုတ္ဘူး။ မီဒီယာမွာလည္း ဘာအေၾကာင္းကိုမွ ကလပ္နဲ႔ ပက္သက္ျပီး ေစာဒက မတက္ပါဘူး။ မန္ေနဂ်ာေတြေရွ႔မွာ ဘယ္ေတာ့မွ မ်က္ႏွာမမဲ့ဘူး၊ ဘုန္အဖြဲ႔ေတြကိုလည္း သုန္မႈန္ျပခဲ့ျခင္း မရွိဘူး။ သူတို႔က က်ေနာ္စာခ်ဳပ္ ေနာက္ဆံုး ၆ လ က်န္တဲ့အထိ ေစာင့္ဆိုင္းေစခ်င္ခဲ့တယ္။

ဒါေၾကာင့္ပဲ က်ေနာ္က ယူႏုိက္တက္ရဲ႕ စာခ်ဳပ္ကို သေဘာမတူခဲ့တာပါ။ က်ေနာ္ ဒါကို ေျပာျပလို႔ ရပါတယ္။ ဒါက ေဘာလံုးရဲ႕ အစိတ္အပိုင္းနဲ႔ ဘဝရဲ႕ အစိတ္အပိုင္းပဲေလ။ ပုဂၢိဳလ္ေရး မပါပါဘူး။ ခင္ဗ်ားတို႔ေမးလို႔ က်ေနာ္ရဲ႕ အျမင္ကို ေျပာျပတာပါ။ က်ေနာ္လည္း ပေရာ္ဖက္ရွင္နယ္ တစ္ဦးပဲေလဗ်ာ ” လို႔ ဆိုခဲ့တာျဖစ္တယ္။