ပရီးမီးယားလိဂ် ဝါရင့် သုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဆောင်းနက်စ်ကတော့ ချယ်ဆီးအသင်းဟာ အမှတ်ပေးဇယား အနိုင်ရဖို့ ရေပန်းစား အသင်း ၃ သင်းထဲက တစ်သင်းပါလို့ ထုတ်ပြောလာခဲ့တယ်။

ချယ်ဆီးဟာ ရလဒ်တွေ ကျဆင်းလာခြင်းကြောင့် လမ်းပတ်အစား တူချယ်ကို နည်းပြအဖြစ် ခန့်အပ်ခဲ့ပြီးကတည်းက ပြန်လည် ရှင်သန်လာခဲ့တာဖြစ်ပြီး မနှစ်က ချန်ပီယံလိဂ် ဖိုင်နယ်မှာ မန်စီးတီးကို ဒုတိယအကြိမ်အဖြစ် အနိုင်ယူကာ ဥရောပဖလား ကိုင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။
လန်ဒန်ကလပ်ဟာ ဒီရာသီမှာ မန်စီးတီး၊ လီဗာပူးနည်းတူ အမှတ်ပေးဖလား အနိုင်ရနိုင်တဲ့ အသင်းတစ်သင်းဖြစ်ပြီး အဓိကအားဖြင့် ပလန်ဘီ ရှိခြင်းက အားသာချက်ဖြစ်တယ်လို့ ဆောင်းနက်စ်က မှတ်ချက်ပေးခဲ့ပါတယ်။
“ ချယ်ဆီးနဲ့ ရင်ဆိုင်ရတဲ့အခါ ပျော်ရွှင်ရဖို့ အခွင့်အရေး နည်းပါတယ်။ သူတို့က မင်းကို ရုပ်ပိုင်းဆိုင်ရာအရ ထိပ်တိုက်ရင်ဆိုင်နိုင်တယ်။ ကွင်းလယ်နဲ့ တောင်ပံတွေမှာ တောင့်တင်းမှုရှိပြီး မနှစ်က ပျောက်ဆုံးနေခဲ့တဲ့ တကယ့် သွင်းဂိုးခြိမ်းခြောက်မှုတွေကို လူကာကူနဲ့အတူ ပြန်လည်ရရှိခဲ့တယ်။
အကောင်းဆုံးအသင်း အားလုံးလိုပဲ ချယ်ဆီးမှာ ပလန်ဘီရှိတယ်။ မူလ အခြေအနေက မဟန်ဘူးဆိုရင် သူတို့ရဲ့ဗျူဟာကို ပြောင်းလဲကစားနိုင်တယ်။ လီဗာပူးနဲ့ပွဲမှာ တစ်ယောက် လျော့သွားတဲ့နောက် သူတို့ ဘယ်လို ကောင်းကောင်းခုခံခဲ့လဲ?
တခါတလေ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် အနီကဒ် ထိသွားတဲ့အခါ ပလန်ဘီကို ချက်ချင်း ထုတ်သုံးရတယ်။ သူတို့တွေက အဲ့ဒီ့ဗျူဟာကို ပြီးပြည့်စုံစွာ အသုံးချနိုင်ခဲ့တာပါ ” ဆိုပြီး ချယ်ဆီးရဲ့ အားသာချက်ကို ဆောင်းနက်စ်က ထောက်ပြခဲ့တာပါ။
ချယ်ဆီးဟာ ဒီကနေ့ညမှာတော့ လန်ဒန်ဒါဘီပြိုင်ဘက် စပါးအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး အမှတ်ပေးဇယား ဦးဆောင်ထားတဲ့ လီဗာပူးနဲ့ ရမှတ်တူ အနေအထားကို ရယူဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ဝါရင့္ သံုးသပ္သူ တစ္ဦးျဖစ္တဲ့ ေဆာင္းနက္စ္ကေတာ့ ခ်ယ္ဆီးအသင္းဟာ အမွတ္ေပးဇယား အႏုိင္ရဖို႔ ေရပန္းစား အသင္း ၃ သင္းထဲက တစ္သင္းပါလို႔ ထုတ္ေျပာလာခဲ့တယ္။
ခ်ယ္ဆီးဟာ ရလဒ္ေတြ က်ဆင္းလာျခင္းေၾကာင့္ လမ္းပတ္အစား တူခ်ယ္ကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့ၿပီးကတည္းက ျပန္လည္ ရွင္သန္လာခဲ့တာျဖစ္ၿပီး မႏွစ္က ခ်န္ပီယံလိဂ္ ဖိုင္နယ္မွာ မန္စီးတီးကို ဒုတိယအႀကိမ္အျဖစ္ အႏိုင္ယူကာ ဥေရာပဖလား ကိုင္ေျမႇာက္ခဲ့တာ ျဖစ္ပါတယ္။
လန္ဒန္ကလပ္ဟာ ဒီရာသီမွာ မန္စီးတီး၊ လီဗာပူးနည္းတူ အမွတ္ေပးဖလား အႏုိင္ရႏုိင္တဲ့ အသင္းတစ္သင္းျဖစ္ျပီး အဓိကအားျဖင့္ ပလန္ဘီ ရွိျခင္းက အားသာခ်က္ျဖစ္တယ္လို႔ ေဆာင္းနက္စ္က မွတ္ခ်က္ေပးခဲ့ပါတယ္။
“ ခ်ယ္ဆီးနဲ႔ ရင္ဆိုင္ရတဲ့အခါ ေပ်ာ္႐ႊင္ရဖို႔ အခြင့္အေရး နည္းပါတယ္။ သူတို႔က မင္းကို ႐ုပ္ပိုင္းဆိုင္ရာအရ ထိပ္တိုက္ရင္ဆိုင္ႏိုင္တယ္။ ကြင္းလယ္နဲ႔ ေတာင္ပံေတြမွာ ေတာင့္တင္းမႈရွိၿပီး မႏွစ္က ေပ်ာက္ဆုံးေနခဲ့တဲ့ တကယ့္ သြင္းဂိုးၿခိမ္းေျခာက္မႈေတြကို လူကာကူနဲ႔အတူ ျပန္လည္ရရွိခဲ့တယ္။
အေကာင္းဆုံးအသင္း အားလုံးလိုပဲ ခ်ယ္ဆီးမွာ ပလန္ဘီရွိတယ္။ မူလ အေျခအေနက မဟန္ဘူးဆိုရင္ သူတို႔ရဲ႕ဗ်ဴဟာကို ေျပာင္းလဲကစားႏိုင္တယ္။ လီဗာပူးနဲ႔ပြဲမွာ တစ္ေယာက္ ေလ်ာ့သြားတဲ့ေနာက္ သူတို႔ ဘယ္လို ေကာင္းေကာင္းခုခံခဲ့လဲ?
တခါတေလ ဘာအေၾကာင္းေၾကာင့္ျဖစ္ျဖစ္ အနီကဒ္ ထိသြားတဲ့အခါ ပလန္ဘီကို ခ်က္ခ်င္း ထုတ္သုံးရတယ္။ သူတို႔ေတြက အဲ့ဒီ့ဗ်ဴဟာကို ၿပီးျပည့္စုံစြာ အသုံးခ်ႏိုင္ခဲ့တာပါ ” ဆိုျပီး ခ်ယ္ဆီးရဲ႕ အားသာခ်က္ကို ေဆာင္းနက္စ္က ေထာက္ျပခဲ့တာပါ။
ခ်ယ္ဆီးဟာ ဒီကေန႔ညမွာေတာ့ လန္ဒန္ဒါဘီျပိဳင္ဘက္ စပါးအသင္းနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး အမွတ္ေပးဇယား ဦးေဆာင္ထားတဲ့ လီဗာပူးနဲ႔ ရမွတ္တူ အေနအထားကို ရယူဖို႔ အခြင့္အေရး ရွိေနဆဲျဖစ္ပါတယ္။
