ဝက်ဟမ်းနဲ့ ကာရာဘောင်းပွဲမှာ သေချာပေါက် ကစားခွင့်ရမယ့် အသင်းသားကို ဆိုးရှား ထုတ်ပြော

ဗုဒ္ဓဟူးနေ့မှာ ကာရာဘောင်းဖလားပွဲအတွက် ဝက်ဟမ်းနဲ့ ထပ်မံရင်ဆိုင်ရတဲ့အခါ လင်ဂတ် ပွဲထွက်ခွင့်ရမှာဖြစ်ကြောင်း မန်နေဂျာ ဆိုးရှားက အတည်ပြုခဲ့ပြီ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲအဖြစ် ဝက်ဟမ်းအသင်းကို ရင်ဆိုင်ရာမှာ လင်ဂတ်က အရေးပါတဲ့ အနိုင်ဂိုး သွင်းယူပေးခဲ့သူဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်မှာဖြစ်ပြီး ကလပ်န့ စာချုပ်သစ်ကိစ္စ မပြီးမြောက်သေးပေမယ့် သူက အိုးလ်ထရက်ဖို့ဒ်မှာ ပျော်ရွှင်နေတယ်လို့ ဆိုးရှားက အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

“ ဂျက်ဆီက နေရာရဖို့၊ မန်ယူနိုက်တက်အသင်းရဲ့ အစိတ်အပိုင်းအဖြစ် တိုက်ပွဲဝင်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပြီးပါပြီ။ အခုချိန်မှာ ဂျက်ဆီရဲ့ အနာဂတ်အတွက် ကျွန်တော် မပြောနိုင်သေးပေမယ့် သူက တကယ်ကို အသင်းအတွက် ကူညီပေးနေတာပါ။

ဗုဒ္ဓဟူးနေ့ ကာရာဘောင်းပွဲကျရင် ကျွန်တော် အသင်းကို အပြောင်းအလဲ နည်းနည်း လုပ်မှာဖြစ်ပြီး သူ ကစားခွင့်ရမှာပါ ” လို့ ဆိုးရှားက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်က ဝက်ဟမ်းကို ၂-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ လင်ဂတ်က သွင်းဂိုး တစ်ဂိုး ရခဲ့ခြင်းကြောင့် ချန်ပီယံလိဂ်ပွဲအဖြစ် ယန်းဘွိုင်းနဲပွဲက သူ့အမှားတွေကို သက်သာရာရစေခဲ့တယ်။

လင်ဂတ်ရဲ့ သွင်းဂိုးနဲ့ ပတ်သက်လို့လည်း ဆိုးရှားက ” လင်ဂတ်အတွက် သိပ်ကို ပျော်မိပါတယ်။ အင်္ဂါနေ့ညက သူဟာ ခက်ခဲမှုတွေ ရှိခဲ့ပြီး ဒူးထောက်ခဲ့ရတယ်။ ဒါပေမယ့် သူက အကောင်းမြင်တတ်တဲ့ သူပါ။ သူ့အတွက် ကျနော် ပျော်မိပါတယ်။ ဂျက်ဆီထံက သိပ်ကောင်းတဲ့ လှည့်ထွက်မှုဖြစ်ပြီး သိပ်ကောင်းတဲ့ သွင်းဂိုးဖြစ်ပါတယ် ” ဆိုပြီး ချီးကျူးသွားခဲ့သေးတာ ဖြစ်ပါတယ်။

ZAWGYI – ဗုဒၶဟူးေန႔မွာ ကာရာေဘာင္းဖလားပြဲအတြက္ ဝက္ဟမ္းနဲ႔ ထပ္မံရင္ဆိုင္ရတဲ့အခါ လင္ဂတ္ ပြဲထြက္ခြင့္ရမွာျဖစ္ေၾကာင္း မန္ေနဂ်ာ ဆိုးရွားက အတည္ျပဳခဲ့ျပီ ျဖစ္ပါတယ္။

တနဂၤေႏြေန႔က ပရီးမီးယားလိဂ္ပြဲအျဖစ္ ဝက္ဟမ္းအသင္းကို ရင္ဆိုင္ရာမွာ လင္ဂတ္က အေရးပါတဲ့ အႏုိင္ဂိုး သြင္းယူေပးခဲ့သူျဖစ္ပါတယ္။ အဂၤလန္သားဟာ ရာသီကုန္မွာ စာခ်ဳပ္သက္တမ္း ကုန္မွာျဖစ္ၿပီး ကလပ္န႔ စာခ်ဳပ္သစ္ကိစၥ မျပီးေျမာက္ေသးေပမယ့္ သူက အိုးလ္ထရက္ဖို႔ဒ္မွာ ေပ်ာ္႐ႊင္ေနတယ္လို႔ ဆိုးရွားက အခိုင္အမာ ေျပာဆိုခဲ့ပါတယ္။

“ ဂ်က္ဆီက ေနရာရဖို႔၊ မန္ယူႏိုက္တက္အသင္းရဲ႕ အစိတ္အပိုင္းအျဖစ္ တိုက္ပြဲဝင္ခ်င္တယ္ဆိုတာကို ရွင္းရွင္းလင္းလင္း ျပသခဲ့ၿပီးပါၿပီ။ အခုခ်ိန္မွာ ဂ်က္ဆီရဲ႕ အနာဂတ္အတြက္ ကြၽန္ေတာ္ မေျပာႏိုင္ေသးေပမယ့္ သူက တကယ္ကို အသင္းအတြက္ ကူညီေပးေနတာပါ။

ဗုဒၶဟူးေန႔ ကာရာေဘာင္းပြဲက်ရင္ ကြၽန္ေတာ္ အသင္းကို အေျပာင္းအလဲ နည္းနည္း လုပ္မွာျဖစ္ၿပီး သူ ကစားခြင့္ရမွာပါ ” လို႔ ဆိုးရွားက ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ယူႏုိက္တက္က ဝက္ဟမ္းကို ၂-၁ ျဖင့္ အႏုိင္ရတဲ့ပြဲမွာ လင္ဂတ္က သြင္းဂိုး တစ္ဂိုး ရခဲ့ျခင္းေၾကာင့္ ခ်န္ပီယံလိဂ္ပြဲအျဖစ္ ယန္းဘိြဳင္းနဲပြဲက သူ႔အမွားေတြကို သက္သာရာရေစခဲ့တယ္။

လင္ဂတ္ရဲ႕ သြင္းဂိုးနဲ႔ ပတ္သက္လို႔လည္း ဆိုးရွားက ” လင္ဂတ္အတြက္ သိပ္ကို ေပ်ာ္မိပါတယ္။ အဂၤါေန႔ညက သူဟာ ခက္ခဲမႈေတြ ရွိခဲ့ျပီး ဒူးေထာက္ခဲ့ရတယ္။ ဒါေပမယ့္ သူက အေကာင္းျမင္တတ္တဲ့ သူပါ။ သူ႔အတြက္ က်ေနာ္ ေပ်ာ္မိပါတယ္။ ဂ်က္ဆီထံက သိပ္ေကာင္းတဲ့ လွည့္ထြက္မႈျဖစ္ျပီး သိပ္ေကာင္းတဲ့ သြင္းဂိုးျဖစ္ပါတယ္ ” ဆိုျပီး ခ်ီးက်ဴးသြားခဲ့ေသးတာ ျဖစ္ပါတယ္။