ကိုင်း ဟာဗက်ကို ခေါ်ယူရေးမှာ ပြိုင်ဘက်တွေကို အသာရဖို့ အားလုံး ပုံအောမယ့် ချယ်ဆီး

UNICODE – ချယ်ဆီးအသင်းဟာ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းမှ ကိုင်းဟာဗက်ကို ခေါ်ယူရေးမှာ ပြိုင်ဘက်တွေကို အသာစီးရဖို့ အစွမ်းကုန် ကြိုးစားမယ်လို့ ဒေးလီးမေလ်းက ဖော်ပြပါတယ်။

အပြောင်းအရွှေ့ ဖွင့်ချိန်မှာ ဝါနာကို ပေါင် ၅၃ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ယူထားနိုင်ပြီဖြစ်တဲ့ ချယ်ဆီးဟာ နောက်ထပ် ခေါ်ယူမှုအဖြစ် ဝီလီယမ်၊ ပက်ဒရိုတို့ကို လက်လွတ်ရမယ့် တိုက်စစ်ပိုင်းအတွက် အားဖြည့်မှာပါ။ တိုက်စစ်အတွက် ဟာဗက်ကို အလိုရှိနေပြီး အခြားသော ဥရောပအသင်းတွေနဲ့ ပြောင်းရွှေ့ကြေး အပြိုင်ပေးဖို့ ပြင်ဆင်ထားပါတယ်။

ဂျာမနီကလပ် ဘိုင်ယန်ဟာ လာမယ့် ရာသီအတွက် ငယ်ရွယ်တဲ့ ဂျာမာန်သား တိုက်စစ်သမားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်ချက် မြင့်မားနေပါတယ်။ ဘွန်ဒက်လီဂါ ဦးဆောင်သူက လာမယ့် အပတ်တွေမှာ ကိုင်းဟာဗက်ကို ခေါ်ယူရေး ကိစ္စအား တရားဝင် စတင်နိုင်ဖို့ထိ မျှော်လင့်ထားပါတယ်။ ဘိုင်ယန်ဟာ ဆာနေးနဲ့ ဟာဗက်ကို နွေ အဓိက ပစ်မှတ်တွေအဖြစ် ချိန်ရွယ်ထားပြီး ဂျာမနီ အစုအဖွဲ့ကို တည်ဆောက်လိုစိတ် ပြင်းပြနေပါတယ်။

လေဗာကူဆင်နဲ့ စာချုပ် နှစ်နှစ် ကျန်ရှိနေတဲ့ တိုက်စစ်သမားကို တိုင်းပြည်ရဲ့ အနာဂတ်အဖြစ် ဂျာမနီပရိသတ်တွေက အများကြီး မျှော်လင့်ထားကြတယ်။ ဟာဗက်ဟာ အသက် ၂၁ နှစ် မပြည့်ခင်မှာပဲ သွင်းဂိုး ၃၅ ဂိုး သွင်းယူနိုင်တဲ့ ပထမဆုံးသော ဘွန်ဒက်လီဂါ ကစားသမားအဖြစ် မှတ်တမ်းဝင်ထားခဲ့ပြီဖြစ်ပါတယ်။

သူဟာ လေဗာကူဆင်မှာ တောက်ပလာနေပြီး နောက်ထပ် ပိုမြင့်တဲ့ အနေအထားအဖြစ် ကမ္ဘာအဆင့်ကို ရောက်ဖို့ ဆိုရင်တော့ ပုံမှန် ပွဲထွက်ခွင့်နဲ့အတူ ထိပ်တန်း ကစားသမားတွေ ရှိနေတဲ့ ကလပ်မှာ ကစားဖို့ လိုနေတာပါ။ ချယ်ဆီးဟာ ဟာဗက်အတွက် လေဗာကူဆင်ကို ပေါင် ၇၅ သန်းထိပေးဖို့ တွန့်တိုမှာ မဟုတ်သလို လူငယ်လေးကို အခြားအသင်းတွေ အာမခံချက်ပေးဖို့ခက်မယ့် ပုံမှန် ပွဲထွက်ခွင့်နဲ့အတူ စည်းရုံးမယ်လို့ သိရပါတယ်။

ZAWGYI – ခ်ယ္ဆီးအသင္းဟာ ဘြန္ဒက္လီဂါကလပ္ ေလဗာကူဆင္အသင္းမွ ကိုင္းဟာဗက္ကို ေခၚယူေရးမွာ ျပိဳင္ဘက္ေတြကို အသာစီးရဖို႔ အစြမ္းကုန္ ၾကိဳးစားမယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပပါတယ္။

အေျပာင္းအေရႊ႔ ဖြင့္ခ်ိန္မွာ ဝါနာကို ေပါင္ ၅၃ သန္းနဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ယူထားႏုိင္ျပီျဖစ္တဲ့ ခ်ယ္ဆီးဟာ ေနာက္ထပ္ ေခၚယူမႈအျဖစ္ ဝီလီယမ္၊ ပက္ဒရိုတို႔ကို လက္လြတ္ရမယ့္ တိုက္စစ္ပိုင္းအတြက္ အားျဖည့္မွာပါ။ တိုက္စစ္အတြက္ ဟာဗက္ကို အလိုရွိေနျပီး အျခားေသာ ဥေရာပအသင္းေတြနဲ႔ ေျပာင္းေရႊ႔ေၾကး အျပိဳင္ေပးဖို႔ ျပင္ဆင္ထားပါတယ္။

ဂ်ာမနီကလပ္ ဘိုင္ယန္ဟာ လာမယ့္ ရာသီအတြက္ ငယ္ရြယ္တဲ့ ဂ်ာမာန္သား တိုက္စစ္သမားကို ေခၚယူႏုိင္မယ္လို႔ ယံုၾကည္ခ်က္ ျမင့္မားေနပါတယ္။ ဘြန္ဒက္လီဂါ ဦးေဆာင္သူက လာမယ့္ အပတ္ေတြမွာ ကိုင္းဟာဗက္ကို ေခၚယူေရး ကိစၥအား တရားဝင္ စတင္ႏုိင္ဖို႔ထိ ေမွ်ာ္လင့္ထားပါတယ္။ ဘိုင္ယန္ဟာ ဆာေနးနဲ႔ ဟာဗက္ကို ေႏြ အဓိက ပစ္မွတ္ေတြအျဖစ္ ခ်ိန္ရြယ္ထားျပီး ဂ်ာမနီ အစုအဖြဲ႔ကို တည္ေဆာက္လိုစိတ္ ျပင္းျပေနပါတယ္။

ေလဗာကူဆင္နဲ႔ စာခ်ဳပ္ ႏွစ္ႏွစ္ က်န္ရွိေနတဲ့ တိုက္စစ္သမားကို တိုင္းျပည္ရဲ႕ အနာဂတ္အျဖစ္ ဂ်ာမနီပရိသတ္ေတြက အမ်ားၾကီး ေမွ်ာ္လင့္ထားၾကတယ္။ ဟာဗက္ဟာ အသက္ ၂၁ ႏွစ္ မျပည့္ခင္မွာပဲ သြင္းဂိုး ၃၅ ဂိုး သြင္းယူႏုိင္တဲ့ ပထမဆံုးေသာ ဘြန္ဒက္လီဂါ ကစားသမားအျဖစ္ မွတ္တမ္းဝင္ထားခဲ့ျပီျဖစ္ပါတယ္။

သူဟာ ေလဗာကူဆင္မွာ ေတာက္ပလာေနျပီး ေနာက္ထပ္ ပိုျမင့္တဲ့ အေနအထားအျဖစ္ ကမၻာအဆင့္ကို ေရာက္ဖို႔ ဆိုရင္ေတာ့ ပံုမွန္ ပြဲထြက္ခြင့္နဲ႔အတူ ထိပ္တန္း ကစားသမားေတြ ရွိေနတဲ့ ကလပ္မွာ ကစားဖို႔ လိုေနတာပါ။ ခ်ယ္ဆီးဟာ ဟာဗက္အတြက္ ေလဗာကူဆင္ကို ေပါင္ ၇၅ သန္းထိေပးဖို႔ တြန္႔တိုမွာ မဟုတ္သလို လူငယ္ေလးကို အျခားအသင္းေတြ အာမခံခ်က္ေပးဖို႔ခက္မယ့္ ပံုမွန္ ပြဲထြက္ခြင့္နဲ႔အတူ စည္းရံုးမယ္လို႔ သိရပါတယ္။