အင်္ဂါနေ့ညပိုင်း နောက်ဆုံးရ ဥရောပတခွင်မှ အပြောင်းအရွှေ့သတင်းများ စုစည်းမှု

ဘာစီလိုနာ ကွင်းလယ်ကစားသမားဟောင်း ပေါ်လင်ဟိုဟာ ဆောဒီကလပ် Al Ahli နဲ့ စာချုပ် ဖျက်သိမ်းလိုက်ပြီးနောက် ၎င်းကို အလိုရှိတဲ့ ကလပ်တွေ အများအပြား ရှိနေပါတယ်။ ၎င်းကို ဂါလာတာစာရေး၊ ကိုရင်သီယန်နဲ့ အိန်ဂျလိစ် ဂလက်ဇီ အသင်းတို့က ကမ်းလှမ်းမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ရီးရဲလ်မက်ဒရစ်ရဲ့ အပယ်ခံ အစ္စကို ကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ လီဂူးဝမ်းကလပ် လိုင်ယွန်အသင်းလည်း ပါဝင်လာပါတယ်။ စပိန်သား ကွင်းလယ်သမားကို ဂျူဗင်တပ်နဲ့ အေစီမီလန်တို့ကလည်း ချိတ်ဆက်ထားပါတယ်။

မန်စီးတီးမှာ မမျှတတဲ့ ဆက်ဆံမှုတွေ ခံနေရတဲ့ အင်္ဂလန်သားတိုက်စစ်မှုး ရာဟင်း စတားလင်းကို မန်ချက်စတာ ယူနိုက်တက်က ခေါ်ယူလိုက်ဖို့ ဖာဒီနန်က တိုက်တွန်းလိုက်ပါတယ်။ စတားလင်းဟာ ယူနိုက်တက် မရောက်ရင် အသင်းဟောင်း လီဗာပူးထံ ရောက်သွားနိုင်တယ် လို့လည်း ၎င်းက သုံးသပ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ချယ်ဆီး တောင်ပံတိုက်စစ်သမား အိုဒွိုင်းကို ခေါ်ယူဖို့ လှုပ်ရှားဖွယ် ရှိနေကြောင်း နောက်ဆုံး သတင်းတွေမှာ ဖော်ပြလာပါတယ်။ အင်္ဂလန်သားဟာ နည်းပြ တူချယ်ရောက်လာပြီးနောက် ချယ်ဆီးမှာ နေရာ ပျောက်ဆုံးနေပါတယ်။

ဘာစီလိုနာ အသင်းဟာ ရလဒ်ကောင်းတွေ မယူဆောင်ပေးနိုင်တဲ့ နည်းပြ ကိုးလ်မန်းကို ထုတ်ပယ်တော့မှာ ဖြစ်တယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လိုက်ပ်ဇစ် တိုက်စစ်မှုး အင်ဒရေ ဆေးလ်ဗားဟာ တော့တင်ဟမ် စပါးအသင်း အတွက် ကိန်းနေရာ အစားထိုးဖို့ ပစ်မှတ် အဖြစ် ချိန်ရွယ်ခြင်း ခံရဖွယ် ရှိကြောင်း လန်ဒန် အခြေစိုက် သတင်းဌာနက ဖော်ပြထားပါတယ်။

အဲဗာတန်ကနေ ထွက်ခွာဖို့ ပြင်နေတဲ့ ဂျိမ်းစ် ရိုဒရီဂွက်ဇ်ဟာ ကာတာကလပ် Al Rayyan အသင်းထံ အငှား သွားရောက် ကစားဖို့ ညှိနှိုင်းနေပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ နောက်နှစ်နွေမှာ ပီအက်စ်ဂျီ ကြယ်ပွင့် မန်ကွင်ဟို ကို ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းမှု ပြုလုပ်ဖို့ ရှိကြောင်း ပြင်သစ်သတင်းတွေက ဖော်ပြလာပါတယ်။ လန်ဒန်ကလပ်ဟာ ဘရာဇီးသား သီယေဂို ဆေးလ်ဗားနဲ့ မန်ကွင်ဟိုတို့ကို ချယ်ဆီးမှာ ပြန် ပေါင်းစည်းစေလိုနေတယ်လို့ ဆိုပါတယ်။

Zawgyi

ဘာစီလိုနာ ကြင္းလယ္ကစားသမားေဟာင္း ေပၚလင္ဟိုဟာ ေဆာဒီကလပ္ Al Ahli နဲ႕ စာခ်ဳပ္ ဖ်က္သိမ္းလိုက္ျပီးေနာက္ ၄င္းကို အလိုရွိတဲ့ ကလပ္ေတြ အမ်ားအျပား ရွိေနပါတယ္။ ၄င္းကို ဂါလာတာစာေရး၊ ကိုရင္သီယန္နဲ႕ အိန္ဂ်လိစ္ ဂလက္ဇီ အသင္း္တို႔က ကမ္းလွမ္းမႈေတြ ျပဳလုပ္ထားတယ္လို႔ သိရပါတယ္။

ရီးရဲလ္မက္ဒရစ္ရဲ႕ အပယ္ခံ အစၥကို ကို ေခၚယူလိုတဲ့ အသင္းေတြထဲမွာ လီဂူး၀မ္းကလပ္ လိုင္ယြန္အသင္းလည္း ပါ၀င္လာပါတယ္။ စပိန္သား ကြင္းလယ္သမားကို ဂ်ဴဗင္တပ္နဲ႕ ေအစီမီလန္တို႔ကလည္း ခ်ိတ္ဆက္ထားပါတယ္။

မန္စီးတီးမွာ မမွ်တတဲ့ ဆက္ဆံမႈေတြ ခံေနရတဲ့ အဂၤလန္သားတိုက္စစ္မႈး ရာဟင္း စတားလင္းကို မန္ခ်က္စတာ ယူနိုက္တက္က ေခၚယူလိုက္ဖို႔ ဖာဒီနန္က တိုက္တြန္းလိုက္ပါတယ္။ စတားလင္းဟာ ယူနိုက္တက္ မေရာက္ရင္ အသင္းေဟာင္း လီဗာပူးထံ ေရာက္သြားနိုင္တယ္ လို႔လည္း ၄င္းက သံုးသပ္ခဲ့ပါတယ္။

လီဗာပူးအသင္းဟာ ခ်ယ္ဆီး ေတာင္ပံတိုက္စစ္သမား အိုဒြိဳင္းကို ေခၚယူဖို႔ လႈပ္ရွားဖြယ္ ရွိေနေၾကာင္း ေနာက္ဆံုး သတင္းေတြမွာ ေဖာ္ျပလာပါတယ္။ အဂၤလန္သားဟာ နည္းျပ တူခ်ယ္ေရာက္လာျပီးေနာက္ ခ်ယ္ဆီးမွာ ေနရာ ေပ်ာက္ဆံုးေနပါတယ္။

ဘာစီလိုနာ အသငး္ဟာ ရလဒ္ေကာင္းေတြ မယူေဆာင္ေပးနိုင္တဲ့ နည္းျပ ကိုးလ္မန္းကို ထုတ္ပယ္ေတာ့မွာ ျဖစ္တယ္လို႔ သတင္းထြက္ေပၚေနပါတယ္။

လိုက္ပ္ဇစ္ တိုက္စစ္မႈး အင္ဒေရ ေဆးလ္ဗားဟာ ေတာ့တင္ဟမ္ စပါးအသင္း အတြက္ ကိန္းေနရာ အစားထိုးဖို႔ ပစ္မွတ္ အျဖစ္ ခ်ိန္ရြယ္ျခင္း ခံရဖြယ္ ရွိေၾကာင္း လန္ဒန္ အေျခစိုက္ သတင္းဌာနက ေဖာ္ျပထားပါတယ္။

အဲဗာတန္ကေန ထြက္ခြာဖို႔ ျပင္ေနတဲ့ ဂ်ိမ္းစ္ ရိုဒရီဂြက္ဇ္ဟာ ကာတာကလပ္ Al Rayyan အသင္းထံ အငွား သြားေရာက္ ကစားဖို႔ ညွိႏိႈင္းေနျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေနာက္နွစ္ေႏြမွာ ပီအက္စ္ဂ်ီ ၾကယ္ပြင့္ မန္ကြင္ဟို ကို ယူရို သန္း ၁၀၀ နဲ႕ ကမ္းလွမ္းမႈ ျပဳလုပ္ဖို႔ ရွိေၾကာင္း ျပင္သစ္သတင္းေတြက ေဖာ္ျပလာပါတယ္။ လန္ဒန္ကလပ္ဟာ ဘရာဇီးသား သီေယဂို ေဆးလ္ဗားနဲ႕ မန္ကြင္ဟိုတို႔ကို ခ်ယ္ဆီးမွာ ျပန္ ေပါင္းစည္းေစလိုေနတယ္လို႔ ဆိုပါတယ္။