ပထမဆုံး ပြန်ကန်ရမယ့် စပါးနဲ့ပွဲကြို ယူနိုက်တက်အတွက် သတင်းကောင်းတစ်ခု

UNICODE – ပရီးမီးယားလိဂ် ပြန်လည်စတင်ချိန်မှာ ပထမဆုံးပွဲအဖြစ် ဇွန်လ ၁၉ ရက်နေ့မှာ ယူနိုက်တက်ဟာ စပါးအသင်း အိမ်ကွင်းထံသွားပြီး ယှဉ်ပြိုင်ရမှာပါ။

နှစ်သင်းကြားမှာ ရမှတ် ၄ မှတ်ပဲ ကွာဟခြင်းကြောင့် အရေးပါတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာပါမယ်။ ပွဲစဉ် ၃၀ ကနေစပြီး ပွဲစဉ် ၃၈ အတွင်းမှာ အရေးကြီးတဲ့ ကိစ္စတစ်ခုက ကွင်းအတွင်း ပရိသတ်တွေ ဝင်ခွင့်ပေးမှာ မဟုတ်ခြင်းကြောင့် ကလပ်တွေဟာ အိမ်ကွင်းအားသာချက်တွေ ရှိနေမှာ မဟုတ်တော့ပါဘူး။

ဘွန်ဒက်လီဂါ ပြန်လည် စတင်လာတဲ့ အနေအထားအရ ကျန်လိဂ်တွေလည်း သိထားကြတာက နိုင်ပွဲရဖို့အတွက် အိမ်ကွင်း၊ အဝေးကွင်းတွေဟာ အဓိက အားသာချက် မဟုတ်တော့ပါဘူး။ ပရီးမီးယားလိဂ် ပြန်လည်စတင်ရင် အရေးကြီးဆုံးက ရာနှုန်းပြည့် ကြံ့ခိုင်မှုဖြစ်ပြီး ဆက်တိုက် ယှဉ်ပြိုင်ရမယ့် ပွဲတွေမှာ ဘယ်အသင်းက ကြံ့ခိုင်မှု အကောင်းဆုံးလဲဆိုတာက အရေးပါလာမှာ ဖြစ်ပါတယ်။

ယူနိုက်တက်အတွက် သတင်းကောင်းက အဓိက ကစားသမားတွေ အားလုံး ကြံ့ခိုင်မှု ကောင်းနေတာဖြစ်တယ်။ ဒါ့အပြင် စပါးနဲ့ပွဲမှာ ပွဲထွက်ကစားဖို့ တိုက်စစ်မှူး ရပ်ဖိုဒ့်ကော ကွင်းလယ်လူ ပေါ့ဘာပါ အကောင်းဆုံး အနေအထားကို ပြန်ရောက်နေပြီဖြစ်ပါတယ်။ သူတို့နှစ်ဦး မရှိချိန်မှာ ယူနိုက်တက်က ရလဒ်တွေ မတည်ငြိမ်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေ ပြန်ယူလာနိုင်ခဲ့တာဖြစ်တယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားက ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတာနဲ့ ကစားရမယ့် ပွဲဦးထွက် စပါးနဲ့ ပွဲ အတွက် ယူနိုက်တက် အသင်းသားတွေကို ကြိုတင်ပြီး သတိပေးစကား ထုတ်ပြောထားတယ်။ ဆိုးရှားကတော့ စပါးနဲ့ပွဲမှာတည်းက ယူနိုက်တက်ဟာ အသင်းရဲ့ အကောင်းဆုံးပုံစံ ပြန်ရယူရမယ်လို့ သတိပေးလိုက်ပြီး ဒီပွဲအတွက် အားခဲထားတာ တော်တော့်ကို ကြာခဲ့ပြီလို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

စပါးဘက်ကလည်း ဟယ်ရီကိန်းအပြင် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ဘာဝင်ဂီနဲ့ ဂတ်ဆန် ဖာနန်ဒက်စ်တို့ နှစ်ဦးက အဆင်သင့်ဖြစ်နေတယ်။ စပါးမှာ ဒဏ်ရာပြဿနာတွေ ကင်းစင်နေပြီး အဓိက ကစားသမား အားလုံးကလည်း ပြန်လည် သက်သာနေပြီ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ ျပန္လည္စတင္ခ်ိန္မွာ ပထမဆံုးပြဲအျဖစ္ ဇြန္လ ၁၉ ရက္ေန႔မွာ ယူႏုိက္တက္ဟာ စပါးအသင္း အိမ္ကြင္းထံသြားျပီး ယွဥ္ျပိဳင္ရမွာပါ။

ႏွစ္သင္းၾကားမွာ ရမွတ္ ၄ မွတ္ပဲ ကြာဟျခင္းေၾကာင့္ အေရးပါတဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္လာပါမယ္။ ပြဲစဥ္ ၃၀ ကေနစျပီး ပြဲစဥ္ ၃၈ အတြင္းမွာ အေရးၾကီးတဲ့ ကိစၥတစ္ခုက ကြင္းအတြင္း ပရိသတ္ေတြ ဝင္ခြင့္ေပးမွာ မဟုတ္ျခင္းေၾကာင့္ ကလပ္ေတြဟာ အိမ္ကြင္းအားသာခ်က္ေတြ ရွိေနမွာ မဟုတ္ေတာ့ပါဘူး။

ဘြန္ဒက္လီဂါ ျပန္လည္ စတင္လာတဲ့ အေနအထားအရ က်န္လိဂ္ေတြလည္း သိထားၾကတာက ႏုိင္ပြဲရဖို႔အတြက္ အိမ္ကြင္း၊ အေဝးကြင္းေတြဟာ အဓိက အားသာခ်က္ မဟုတ္ေတာ့ပါဘူး။ ပရီးမီးယားလိဂ္ ျပန္လည္စတင္ရင္ အေရးၾကီးဆုံးက ရာႏႈန္းျပည့္ ၾကံ႔ခိုင္မႈျဖစ္ျပီး ဆက္တိုက္ ယွဥ္ျပိဳင္ရမယ့္ ပြဲေတြမွာ ဘယ္အသင္းက ၾကံ႕ခိုင္မႈ အေကာင္းဆံုးလဲဆိုတာက အေရးပါလာမွာ ျဖစ္ပါတယ္။

ယူႏုိက္တက္အတြက္ သတင္းေကာင္းက အဓိက ကစားသမားေတြ အားလံုး ၾကံ႕ခိုင္မႈ ေကာင္းေနတာျဖစ္တယ္။ ဒါ့အျပင္ စပါးနဲ႔ပြဲမွာ ပြဲထြက္ကစားဖို႔ တိုက္စစ္မွဴး ရပ္ဖိုဒ့္ေကာ ကြင္းလယ္လူ ေပါ့ဘာပါ အေကာင္းဆံုး အေနအထားကို ျပန္ေရာက္ေနျပီျဖစ္ပါတယ္။ သူတို႔ႏွစ္ဦး မရွိခ်ိန္မွာ ယူႏုိက္တက္က ရလဒ္ေတြ မတည္ျငိမ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ရလဒ္ေတြ ျပန္ယူလာႏုိင္ခဲ့တာျဖစ္တယ္။

မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားက ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတာနဲ႕ ကစားရမယ့္ ပြဲဦးထြက္ စပါးနဲ႕ ပြဲ အတြက္ ယူနုိက္တက္ အသင္းသားေတြကို ၾကိဳတင္ျပီး သတိေပးစကား ထုတ္ေျပာထားတယ္။ ဆိုးရွားကေတာ့ စပါးနဲ႕ပြဲမွာတည္းက ယူနုိက္တက္ဟာ အသင္းရဲ႕ အေကာင္းဆံုးပံုစံ ျပန္ရယူရမယ္လို႔ သတိေပးလိုက္ျပီး ဒီပြဲအတြက္ အားခဲထားတာ ေတာ္ေတာ့္ကုိ ၾကာခဲ့ျပီလို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

စပါးဘက္ကလည္း ဟယ္ရီကိန္းအျပင္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ေခၚယူထားတဲ့ ဘာဝင္ဂီနဲ႔ ဂတ္ဆန္ ဖာနန္ဒက္စ္တို႔ ႏွစ္ဦးက အဆင္သင့္ျဖစ္ေနတယ္။ စပါးမွာ ဒဏ္ရာျပႆနာေတြ ကင္းစင္ေနျပီး အဓိက ကစားသမား အားလံုးကလည္း ျပန္လည္ သက္သာေနျပီ ျဖစ္ပါတယ္။