ချယ်ဆီး V မန်စီးတီးပွဲအတွက် လော်ရိုးရဲ့ သုံးသပ်နဲ့ ရလဒ်ခန့်မှန်းချက် ထွက်လာပါပြီ

ဒီတစ်ပတ် စနေနေ့မှာတော့ ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်းအဖြစ် ချယ်ဆီးအသင်းနဲ့ မန်ချက်စတာစီးတီး အသင်းတို့ဟာ ချယ်ဆီးရဲ့ အိမ်ကွင်း စတမ်းဖိုဒ်ဘရစ်ဂျ်မှာ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

ဒီနှစ်သင်း ကစားမယ့် ပွဲချိန် ကတော့ စက်တင်ဘာလ ၂၅ ရက်၊ စနေနေ့ အစောပိုင်းပွဲအဖြစ် ညနေ ၆ နာရီမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်ပွဲ ၅ ပွဲမှာ ၄ ပွဲနိုင် ၁ ပွဲ သရေရလဒ်နဲ့အတူ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတယ်။ မန်စီးတီးကတော့ ၃ ပွဲနိုင် ၁ ပွဲသရေ၊ ၁ ပွဲရံှုးဆိုတဲ့ ရလဒ်ကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာကို ရောက်ရှိနေတာဖြစ်ပါတယ်။

ဘီဘီစီ သတင်းဌာနမှ ပင်တိုင် သုံးသပ်သူ လော်ရိုးကတော့ ချယ်ဆီးနဲ့ မန်စီးတီးအသင်းတို့ ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။ လော်ရိုးရဲ့ ခန့်မှန်းဖော်ပြမှုကတော့…

” မန်စီးတီးအသင်း စတမ်းဖိုဒ်ဘရစ်ဂျ်ကို နောက်ဆုံးအကြိမ် သွားခဲ့တာက ဇန်နဝါရီမှာ ဖြစ်ပါတယ်။ မန်စီးတီးက ပထမပိုင်း ၃၅ မိနစ်မှာ သွင်းဂိုး ၃ ဂိုး ရယူသွားခဲ့တာပါ။ ဒါပေမယ့်လို့ အဲ့တာက တူချယ် မရောက်လာခင် ကာလမှာဖြစ်ပြီး ဒီတစ်ကြိမ် ချယ်ဆီးကတော့ လုံးဝကို ခြားနားတဲ့အသင်း ဖြစ်နေပါပြီ။

ထိပ်ဆုံး ၄ သင်းချင်း တွေ့ဆုံမှုဖြစ်ပြီး ဒီနှစ်သင်းနဲ့အတူ လီဗာပူး ယူနိုက်တက်တို့အတွက် ဒီရာသီဟာ သိပ်ကို အရေးကြီးပါတယ်။ သူတို့ လေးသင်းကပဲ အခြားအသင်းတွေရဲ့ အထက်မှာ ရပ်တည်သွားမယ့် အနေအထားဖြစ်တယ်။ ဒီတွေ့ဆုံမှုမှာ သူတို့ရဲ့ အဆင့်ရပ်တည်မှု ပြိုင်ပွဲ အသေးစားလေးကို ဆုံးဖြတ်ပေးပါလိမ့်မယ်။

တနင်္ဂနွေနေ့တုန်းက ချယ်ဆီးဟာ ကစားပုံ သိပ်ကောင်းခဲ့ပြီး စပါးကို ဒုတိယပိုင်း ခြေစွမ်းဖြင့် အနိုင်ယူခဲ့တယ်။ ဒါပေမယ့် ဒီပွဲမှာတော့ တိုက်စစ်ဖွင့်ကစားကြမယ် မထင်ပါဘူး။ ဘာလို့လည်းဆိုတော့ ဘယ်သူကမှ ဒီပွဲကို အရေးမနိမ့်လိုပါဘူး။ ”

အဆိုပါပွဲအတွက် လော်ရိုးရဲ့ ခန့်မှန်းရလဒ်ကတော့ ချယ်ဆီး ၁-၁ မန်စီးတီး ဆိုတဲ့ရလဒ် ထွက်ပေါ်မယ်လို့ ဖြစ်ပါတယ်။

ZAWGYI – ဒီတစ္ပတ္ စေနေန႔မွာေတာ့ ပရီးမီးယားလိဂ္ ပြဲၾကီးပြဲေကာင္းအျဖစ္ ခ်ယ္ဆီးအသင္းနဲ႕ မန္ခ်က္စတာစီးတီး အသင္းတို႔ဟာ ခ်ယ္ဆီးရဲ႕ အိမ္ကြင္း စတမ္းဖိုဒ္ဘရစ္ဂ်္မွာ ထိပ္တိုက္ေတြ႔ဆံုေနပါတယ္။

ဒီနွစ္သင္း ကစားမယ့္ ပြဲခ်ိန္ ကေတာ့ စက္တင္ဘာလ ၂၅ ရက္၊ စေနေန႔ အေစာပိုင္းပြဲအျဖစ္ ညေန ၆ နာရီမွာ ယွဥ္ျပိဳင္ကစားၾကမွာျဖစ္ပါတယ္။ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္ပြဲ ၅ ပြဲမွာ ၄ ပြဲႏုိင္ ၁ ပြဲ သေရရလဒ္နဲ႔အတူ အမွတ္ေပးဇယား အဆင့္ ၁ ေနရာမွာ ရပ္တည္ေနတယ္။ မန္စီးတီးကေတာ့ ၃ ပြဲႏုိင္ ၁ ပြဲသေရ၊ ၁ ပြဲရံွဳးဆိုတဲ့ ရလဒ္ေၾကာင့္ အမွတ္ေပးဇယား အဆင့္ ၅ ေနရာကို ေရာက္ရွိေနတာျဖစ္ပါတယ္။

ဘီဘီစီ သတင္းဌာနမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးကေတာ့ ခ်ယ္ဆီးနဲ႕ မန္စီးတီးအသင္းတို႔ ပြဲစဥ္ အတြက္ အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။ ေလာ္ရိုးရဲ႕ ခန္႔မွန္းေဖာ္ျပမႈကေတာ့…

” မန္စီးတီးအသင္း စတမ္းဖိုဒ္ဘရစ္ဂ်္ကို ေနာက္ဆုံးအႀကိမ္ သြားခဲ့တာက ဇန္နဝါရီမွာ ျဖစ္ပါတယ္။ မန္စီးတီးက ပထမပိုင္း ၃၅ မိနစ္မွာ သြင္းဂိုး ၃ ဂိုး ရယူသြားခဲ့တာပါ။ ဒါေပမယ့္လို႔ အဲ့တာက တူခ်ယ္ မေရာက္လာခင္ ကာလမွာျဖစ္ၿပီး ဒီတစ္ႀကိမ္ ခ်ယ္ဆီးကေတာ့ လုံးဝကို ျခားနားတဲ့အသင္း ျဖစ္ေနပါၿပီ။

ထိပ္ဆုံး ၄ သင္းခ်င္း ေတြ႕ဆုံမႈျဖစ္ၿပီး ဒီႏွစ္သင္းနဲ႔အတူ လီဗာပူး ယူႏိုက္တက္တို႔အတြက္ ဒီရာသီဟာ သိပ္ကို အေရးႀကီးပါတယ္။ သူတို႔ ေလးသင္းကပဲ အျခားအသင္းေတြရဲ႕ အထက္မွာ ရပ္တည္သြားမယ့္ အေနအထားျဖစ္တယ္။ ဒီေတြ႕ဆုံမႈမွာ သူတို႔ရဲ႕ အဆင့္ရပ္တည္မႈ ၿပိဳင္ပြဲ အေသးစားေလးကို ဆုံးျဖတ္ေပးပါလိမ့္မယ္။

တနဂၤေႏြေန႔တုန္းက ခ်ယ္ဆီးဟာ ကစားပုံ သိပ္ေကာင္းခဲ့ၿပီး စပါးကို ဒုတိယပိုင္း ေျခစြမ္းျဖင့္ အႏိုင္ယူခဲ့တယ္။ ဒါေပမယ့္ ဒီပြဲမွာေတာ့ တိုက္စစ္ဖြင့္ကစားၾကမယ္ မထင္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ ဘယ္သူကမွ ဒီပြဲကို အေရးမနိမ့္လိုပါဘူး။ ”

အဆိုပါပြဲအတြက္ ေလာ္႐ိုးရဲ႕ ခန႔္မွန္းရလဒ္ကေတာ့ ခ်ယ္ဆီး ၁-၁ မန္စီးတီး ဆိုတဲ့ရလဒ္ ထြက္ေပၚမယ္လို႔ ျဖစ္ပါတယ္။