နွေအပြောင်းအရွှေ့ ဈေးကွက်ကို သြဂုတ်လမှာ စတင်ဖွင့်ပေးဖွယ်ရှိ

UNICODE – အက်ဖ်အေက ပရီးမီးယားလိဂ် နွေအပြောင်းအရွှေ့ ဈေးကွက်ကို သြဂုတ်ကနေ အောက်တိုဘာလကြားမှာ ဖွင့်ဖို့ ဆွေးနွေးစကားပြောမှုတွေ စတင်ထားပါပြီ။

ကိုရိုနာကပ်ဘေးကြောင့် ဘောလုံးရာသီ အပြီးသတ်ဖို့ နောက်ကျမှုနဲ့အတူ ဈေးကွက်ဖွင့်ချိန်တွေလည်း နောက်ကျမှာဖြစ်တယ်။ အစောတုန်းက ဇွန်လ ၁၈ ရက်နေ့မှာ ဖွင့်ဖို့ စီစဉ်ထားပေမယ့် ပရီးမီးယားလိဂ် ပြန်စရေး ရက်စွဲနဲ့ တိုက်နေခဲ့တာကြောင့် နောက်ဆုတ်ဖို့ကိုပဲ ဆွေးနွေးလာခဲ့တာပါ။

အက်ဖ်အေက အခြားသော နိုင်ငံတွေရဲ့ ဈေးကွက် ဖွင့်ချိန်တွေနဲ့ ညိနှိုင်းပြီး အောက်တိုဘာလ ၂ ရက်နေ့ကို နောက်ဆုံးထားဖို့ ပြင်ဆင်လာတာဖြစ်တယ်။ ပြင်သစ်နဲ့ အီတလီတို့ကလည်း တူညီတဲ့ ရက်အပိုင်းအခြားကို နွေဈေးကွက် နောက်ဆုံးရက်အဖြစ် သက်မှတ်ကြောင်း သတင်းထုတ်ပြန်မှုတွေ ရှိလာခဲ့ပါတယ်။

အင်္ဂလန်ဈေးကွက်ကို အဆိုပါ နှစ်လအတွင်း နိုင်ငံတကာ ဈေးကွက်နဲ့ ညိပြီး ဖွင့်မှာဖြစ်ပေမယ့် ပြည်တွင်း ကစားသမားတွေကို ခေါ်ယူခြင်းကတော့ ပိုမို လွတ်လပ်စွာ လှုပ်ရှားခွင့်တွေ ပေးဖွယ် ရှိနေပါတယ်။

ကိုဗစ်ဖြစ်ရပ်ကြောင့် ကမ္ဘာစီးပွားရေး လုပ်ငန်းစုတွေနည်းတူ ဘောလုံးကလပ်တွေက ဘဏ္ဍာရေးပိုင်း အကြီးအကျယ် ထိခိုက်ကြမှာဖြစ်ပြီး ဒီကာလဟာ လာမယ့် ၁၆ လလောက်ထိ ဆက်ရှိနေနိုင်ပါတယ်။ ဒါ့အပြင် ကလပ်တွေ ပြန်လည် ထူထောင်ဖို့ကလည်း နှစ်အနည်းငယ် အချိန်ယူရဖွယ် ရှိနေတာပါ။

အနီးစပ်ဆုံး ရောက်လာမယ့် နွေဈေးကွက်မှာ အပြောင်းအရွှေ့ လှုပ်ရှားမှုက စံချိန်တင် ကျဆင်းမယ်လို့ အားကစားပိုင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားကြတယ်။ ဒါ့အပြင် ကလပ်တွေကြား ကစားသမား တိုက်ရိုက်လဲမှုတွေ၊ ငွေသားအနည်းပါတဲ့ အလဲအထပ်တွေလို အပြောင်းအရွှေ့မျိုးကို ကလပ်တွေက ကျင့်သုံးလာနိုင်ပါတယ်။

ZAWGYI – အက္ဖ္ေအက ပရီးမီးယားလိဂ္ ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္ကို ၾသဂုတ္ကေန ေအာက္တိုဘာလၾကားမွာ ဖြင့္ဖို႔ ေဆြးေႏြးစကားေျပာမႈေတြ စတင္ထားပါျပီ။

ကုိရိုနာကပ္ေဘးေၾကာင့္ ေဘာလံုးရာသီ အျပီးသတ္ဖို႔ ေနာက္က်မႈနဲ႔အတူ ေစ်းကြက္ဖြင့္ခ်ိန္ေတြလည္း ေနာက္က်မွာျဖစ္တယ္။ အေစာတုန္းက ဇြန္လ ၁၈ ရက္ေန႔မွာ ဖြင့္ဖို႔ စီစဥ္ထားေပမယ့္ ပရီးမီးယားလိဂ္ ျပန္စေရး ရက္စြဲနဲ႔ တိုက္ေနခဲ့တာေၾကာင့္ ေနာက္ဆုတ္ဖို႔ကိုပဲ ေဆြးေႏြးလာခဲ့တာပါ။

အက္ဖ္ေအက အျခားေသာ ႏုိင္ငံေတြရဲ႕ ေစ်းကြက္ ဖြင့္ခ်ိန္ေတြနဲ႔ ညိႏိႈင္းျပီး ေအာက္တိုဘာလ ၂ ရက္ေန႔ကို ေနာက္ဆံုးထားဖို႔ ျပင္ဆင္လာတာျဖစ္တယ္။ ျပင္သစ္နဲ႔ အီတလီတုိ႔ကလည္း တူညီတဲ့ ရက္အပိုင္းအျခားကို ေႏြေစ်းကြက္ ေနာက္ဆံုးရက္အျဖစ္ သက္မွတ္ေၾကာင္း သတင္းထုတ္ျပန္မႈေတြ ရွိလာခဲ့ပါတယ္။

အဂၤလန္ေစ်းကြက္ကို အဆိုပါ ႏွစ္လအတြင္း ႏုိင္ငံတကာ ေစ်းကြက္နဲ႔ ညိျပီး ဖြင့္မွာျဖစ္ေပမယ့္ ျပည္တြင္း ကစားသမားေတြကို ေခၚယူျခင္းကေတာ့ ပိုမို လြတ္လပ္စြာ လႈပ္ရွားခြင့္ေတြ ေပးဖြယ္ ရွိေနပါတယ္။

ကိုဗစ္ျဖစ္ရပ္ေၾကာင့္ ကမၻာစီးပြားေရး လုပ္ငန္းစုေတြနည္းတူ ေဘာလံုးကလပ္ေတြက ဘ႑ာေရးပိုင္း အၾကီးအက်ယ္ ထိခိုက္ၾကမွာျဖစ္ျပီး ဒီကာလဟာ လာမယ့္ ၁၆ လေလာက္ထိ ဆက္ရွိေနႏုိင္ပါတယ္။ ဒါ့အျပင္ ကလပ္ေတြ ျပန္လည္ ထူေထာင္ဖို႔ကလည္း ႏွစ္အနည္းငယ္ အခ်ိန္ယူရဖြယ္ ရွိေနတာပါ။

အနီးစပ္ဆံုး ေရာက္လာမယ့္ ေႏြေစ်းကြက္မွာ အေျပာင္းအေရႊ႔ လႈပ္ရွားမႈက စံခ်ိန္တင္ က်ဆင္းမယ္လို႔ အားကစားပိုင္း ကၽြမ္းက်င္သူေတြက သံုးသပ္ထားၾကတယ္။ ဒါ့အျပင္ ကလပ္ေတြၾကား ကစားသမား တိုက္ရိုက္လဲမႈေတြ၊ ေငြသားအနည္းပါတဲ့ အလဲအထပ္ေတြလို အေျပာင္းအေရႊ႔မ်ိဳးကို ကလပ္ေတြက က်င့္သံုးလာႏုိင္ပါတယ္။