ယူနိုက်တက် စီနီယာတွေနဲ့ ပူးပေါင်းဖို့ ဆိုးရှား ဆင့်ခေါ်လိုက်တဲ့ လူငယ်ခံစစ်မှူးလေး

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားဟာ အသင်းကြီး ထရိန်နင်မှာ လာရောက်ပူးပေါင်းဖို့ ယူနိုက်တက် U23 အသင်းကနေ လူငယ်ခံစစ်မှူးလေး တီဒန် မန်ဂီကို ဆင့်ခေါ်ခဲ့ပါတယ်။ မန်ဂီက တနင်္လာနေ့ကပဲ အသင်းကြီး ထရိန်နင်မှာ ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

အသက် ၁၈ နှစ် အရွယ် လူငယ်ခံစစ်မှူးလေးက ယူနိုက်တက် စီနီယာအသင်းကြီး အတွက်တော့ ပါဝင်ကစားဖူးခြင်း မရှိသေးပါဘူး။ ၂၀၁၉ တုန်းက ယူနိုက်တက်နဲ့ အက်စ်တာနာ အသင်းတို့ရဲ့ ယူရိုပါလိဂ် ပွဲမှာ အရန်ကနေ ပါခဲ့ပေမယ့် ဝင် မကစားဖြစ်ခဲ့ရသူ ဖြစ်ပါတယ်။

မန်ချက်စတာဖွား ခံစစ်မှူးလေးဟာ ယူနိုက်တက် U16 အသင်းမှာ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပြီး အသက် ၁၇ နှစ်မှာတင် U23 အသင်းထံ တိုးမြှင့် ကစားစေခြင်း ခံခဲ့ရပါတယ်။ သူ့ကို တုံးတိုက်တိုက် ကျားကိုက်ကိုက် ခံစစ်မှူးရယ်လို့ နောက်ပြောင်ခေါ်ဝေါ်ကြပါတယ်။

နည်းပြ ဆိုးရှားဟာ ဗဟိုခံစစ်မှာ မက်ဂွဲရားနဲ့ လင်ဒီလော့ဖ်ကို တွဲဖက် ကစားဖို့ အခြေချထားပြီး ဖြစ်ပေမယ့် အရန် အဖြစ် ဘိုင်လီနဲ့ တူရမ်ဇီဘီကို ပြင်ဆင်ထားခဲ့တာပါ။ ဒါပေမယ့် နော်ဝေသားကြီးက အကယ်ဒမီ လူငယ် ကစားသမားလေးကို အသင်းကြီးထံ လမ်းဖောက်ပေးလိုတာကြောင့် မန်ဂီကို ထရိန်နင်မှာ ပါဝင်ပူးပေါင်းစေခဲ့ပြီ ဖြစ်ပါတယ်။

ဒီရာသီ လက်ကျန် ပွဲစဉ်တွေမှာ မန်ဂီ ပါဝင် ကစားခွင့် ရဖို့ မသေချာပေမယ့် သူ့ ခြေစွမ်းကို အသိမှတ်ပြုခြင်း အနေနဲ့ ခေါ်ယူခဲ့တာလို့လည်း ယူဆရဖွယ် ရှိပါတယ်။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စရင် ဆိုးရှားရဲ့ ယူနိုက်တက်ဟာ စပါးနဲ့ ပွဲဦးထွက် ရင်ဆိုင် ကစားရဖို့ ရှိပြီး ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ရရှိဖို့ အတွက် အားကုန် ကြိုးစား အားထုတ်ရတော့မှာ ဖြစ်ပါတယ်။ ဘောလုံးပွဲတွေ မရပ်နားခင်က ပြိုင်ပွဲစုံ ၁၁ ပွဲ ရှုံးပွဲ မရှိထားတဲ့ ပုံစံကောင်းကို ဆက်လက် ထိန်းသိမ်းဖို့ ယူနိုက်တက်ကတော့ အသေအချာ လေ့ကျင့် ပြင်ဆင်နေပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ အသင္းၾကီး ထရိန္နင္မွာ လာေရာက္ပူးေပါင္းဖို႔ ယူနိုက္တက္ U23 အသင္းကေန လူငယ္ခံစစ္မွဴးေလး တီဒန္ မန္ဂီကို ဆင့္ေခၚခဲ့ပါတယ္။ မန္ဂီက တနလၤာေန႔ကပဲ အသင္းၾကီး ထရိန္နင္မွာ ပူးေပါင္း ပါ၀င္ခဲ့ပါတယ္။

အသက္ ၁၈ ႏွစ္ အရြယ္ လူငယ္ခံစစ္မွဴးေလးက ယူနိုက္တက္ စီနီယာအသင္းၾကီး အတြက္ေတာ့ ပါ၀င္ကစားဖူးျခင္း မရွိေသးပါဘူး။ ၂၀၁၉ တုန္းက ယူနိုက္တက္နဲ႕ အက္စ္တာနာ အသင္းတို႕ရဲ႕ ယူရိုပါလိဂ္ ပြဲမွာ အရန္ကေန ပါခဲ့ေပမယ့္ ၀င္ မကစားျဖစ္ခဲ့ရသူ ျဖစ္ပါတယ္။

မန္ခ်က္စတာဖြား ခံစစ္မွဴးေလးဟာ ယူနိုက္တက္ U16 အသင္းမွာ အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူခဲ့ျပီး အသက္ ၁၇ နွစ္မွာတင္ U23 အသင္းထံ တိုးျမွင့္ ကစားေစျခင္း ခံခဲ့ရပါတယ္။ သူ႔ကို တံုးတိုက္တိုက္ က်ားကိုက္ကိုက္ ခံစစ္မွဴးရယ္လို႔ ေနာက္ေျပာင္ေခၚေ၀ၚၾကပါတယ္။

နည္းျပ ဆိုးရွားဟာ ဗဟိုခံစစ္မွာ မက္ဂြဲရားနဲ႕ လင္ဒီေလာ့ဖ္ကို တြဲဖက္ ကစားဖို႔ အေျခခ်ထားျပီး ျဖစ္ေပမယ့္ အရန္ အျဖစ္ ဘိုင္လီနဲ႕ တူရမ္ဇီဘီကို ျပင္ဆင္ထားခဲ့တာပါ။ ဒါေပမယ့္ ေနာ္ေ၀သားၾကီးက အကယ္ဒမီ လူငယ္ ကစားသမားေလးကို အသင္းၾကီးထံ လမ္းေဖာက္ေပးလိုတာေၾကာင့္ မန္ဂီကို ထရိန္နင္မွာ ပါ၀င္ပူးေပါင္းေစခဲ့ျပီ ျဖစ္ပါတယ္။

ဒီရာသီ လက္က်န္ ပြဲစဥ္ေတြမွာ မန္ဂီ ပါ၀င္ ကစားခြင့္ ရဖို႔ မေသခ်ာေပမယ့္ သူ႔ ေျခစြမ္းကို အသိမွတ္ျပဳျခင္း အေနနဲ႕ ေခၚယူခဲ့တာလို႔လည္း ယူဆရဖြယ္ ရွိပါတယ္။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စရင္ ဆိုးရွားရဲ႕ ယူနုိက္တက္ဟာ စပါးနဲ႕ ပြဲဦးထြက္ ရင္ဆိုင္ ကစားရဖို႔ ရွိျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ ရရွိဖို႔ အတြက္ အားကုန္ ၾကိဳးစား အားထုတ္ရေတာ့မွာ ျဖစ္ပါတယ္။ ေဘာလံုးပြဲေတြ မရပ္နားခင္က ျပိဳင္ပြဲစံု ၁၁ ပြဲ ရွံဳးပြဲ မရွိထားတဲ့ ပံုစံေကာင္းကို ဆက္လက္ ထိန္းသိမး္ဖို႔ ယူနိုက္တက္ကေတာ့ အေသအခ်ာ ေလ့က်င့္ ျပင္ဆင္ေနပါတယ္။