အသင်းဖော် လေးဦးကြောင့် ယူနိုက်တက်မှာ ပေါ့ဘာ နေရာရဦးမှာ မဟုတ်ကြောင်း သုံးသပ်မှု

မန်ချက်စတာ ယူနိုက်တက်ဟာ နောက်ဘောလုံးရာသီမှာ အမှတ်ပေးဖလား စိန်ခေါ်နိုင်တဲ့ အသင်း ဟုတ်နိုင်မလား သက်သေပြနိုင်ဖို့ လက်ကျန်ပွဲ ၉ ပွဲ ကစားဖို့ ရှိနေပါသေးတယ်။

ကွင်းလယ်မှာ အဓိက ကစားသမား ပေါ့ဘာ မပါဝင်နိုင်ပေမယ့် ယူနိုက်တက်ဟာ ဘောလုံးပွဲတွေ မနားခင်က ပြိုင်ပွဲစုံ ၁၁ ပွဲ ဆက် ရှုံးပွဲ မရှိသည်ထိ ပုံစံကောင်း ရနေခဲ့တာပါ။ အဲဒီ ၁၁ ပွဲမှာ သွင်းဂိုး ၂၉ ဂိုးထိ ရှိပြီး ပေးဂိုးက ၂ ဂိုးသာ ရှိကာ နိုင်ပွဲ ၈ ပွဲထိ ရှိထားပါတယ်။ ပွဲတွေ နားထားတဲ့ ကာလမှာ ဒဏ်ရာကနေ ပေါ့ဘာ ပြန်လည် သက်သာနေပြီ ဖြစ်တာကြောင့် ပွဲတွေပြန်စရင် ပြင်သစ်သားကို ဘယ်လို နေရာပေးမလဲ ဆိုတဲ့ မေးခွန်း ဆိုးရှား အတွက် ရှိနေပါတယ်။

ယူနိုက်တက် ကွင်းလယ် အတွက် လုပ်အားကောင်းတဲ့ တော်မီနေးလည်း အဓိက ရှိနေသလို၊ မာတစ်နဲ့ ဖရက်ဒ်ကလည်း ကွင်းလယ် ကျစ်လစ်မှုအတွက် အဓိက ထောက်ပံ့ပေးထားပါတယ်။ ကွင်းလယ် ကြယ်ပွင့်သစ် ဖာနန်ဒက်စ်နဲ့ ပေါင်းစပ်တဲ့ အခါမှာ ယူနိုက်တက် ကွင်းလယ်က ပါဝါအပြည့်နဲ့ ရုန်းအားကောင်းနေပါတယ်။

ဒါကြောင့် ပေါ့ဘာ အနေနဲ့ ဘောလုံးပွဲတွေ ပြန်စရင်တောင် အသင်းဖော် ကွင်းလယ်လေးဦးကြောင့် ပွဲထွက်ခွင့်ကို လွယ်လွယ် ပြန်ရနိုင်မှာ မဟုတ်ကြောင်း စပါးကွင်းလယ်ဟောင်း ဂျာမိန်း ဂျီးနပ်စ်က သုံးသပ် ရေးသားထားပါတယ်။

ယူနိုက်တက် အနေနဲ့ ပေါ့ဘာကို အခွင့်အရေးပေးဖို့ထက် ထိပ်သီးလေးသင်း အတွင်း ဝင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့် မြဲမြံစွာ ရရှိဖို့ ဦးစားပေး ရမယ့် အနေအထား ရှိနေတယ်လို့ ဂျီးနပ်စ်က သတိပေးလိုက်ပါတယ်။ ပေါ့ဘာ အနေနဲ့လည်း အသင်းက ထွက်ဖို့ ခြေလှမ်းပြင်နေတဲ့ ကစားသမား ဖြစ်တာကြောင့် လက်ကျန်ပွဲတွေက သူ့ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှု ရှိနိုင်ပါတယ်။

ဆိုးရှား အတွက် ယူနိုက်တက် ကွင်းလယ်မှာ ဟန်ချက်ညီဖို့ အဓိက ပြင်ဆင်ရမှာ ဖြစ်ပြီး ကွင်းလယ်ကနေ ရက်ဖို့ဒ်၊ မာရှယ်တို့ရဲ့ တိုက်စစ်ထံ အဓိက ထောက်ကူသွားရမှာပါ။ ယူနိုက်တက် ပုံစံကောင်းတွေ ရနေဖို့ အဓိက ရုန်းထားပေးတဲ့ ကွင်းလယ်လေးဦး ဖြစ်တဲ့ ဖာနန်ဒက်စ်၊ တော်မီနေး၊ ဖရက်နဲ့ မာတစ်တို့ကို လွယ်လွယ် ဖြုတ်ချဖို့ထက် သူတို့ ခြေစွမ်း လိုအပ်ချက်တွေ ရှိတဲ့ အခါမှသာ ပေါ့ဘာကို တဖြည်းဖြည်း ပြန် နေရာပေးသင့်ကြောင်း ဂျာမိန်း ဂျီးနပ်စ်က သူ့ရဲ့ ဆောင်းပါးမှာ ထည့်သွင်း သတိပေးခဲ့ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူနိုက္တက္ဟာ ေနာက္ေဘာလံုးရာသီမွာ အမွတ္ေပးဖလား စိန္ေခၚနုိင္တဲ့ အသင္း ဟုတ္နုိင္မလား သက္ေသျပနိုင္ဖို႔ လက္က်န္ပြဲ ၉ ပြဲ ကစားဖို႔ ရွိေနပါေသးတယ္။

ကြင္းလယ္မွာ အဓိက ကစားသမား ေပါ့ဘာ မပါ၀င္နုိင္ေပမယ့္ ယူနိုက္တက္ဟာ ေဘာလံုးပြဲေတြ မနားခင္က ျပိဳင္ပြဲစံု ၁၁ ပြဲ ဆက္ ရွံုးပြဲ မရွိသည္ထိ ပံုစံေကာင္း ရေနခဲ့တာပါ။ အဲဒီ ၁၁ ပြဲမွာ သြင္းဂိုး ၂၉ ဂိုးထိ ရွိျပီး ေပးဂိုးက ၂ ဂိုးသာ ရွိကာ နုိင္ပြဲ ၈ ပြဲထိ ရွိထားပါတယ္။ ပြဲေတြ နားထားတဲ့ ကာလမွာ ဒဏ္ရာကေန ေပါ့ဘာ ျပန္လည္ သက္သာေနျပီ ျဖစ္တာေၾကာင့္ ပြဲေတြျပန္စရင္ ျပင္သစ္သားကို ဘယ္လို ေနရာေပးမလဲ ဆိုတဲ့ ေမးခြန္း ဆိုးရွား အတြက္ ရွိေနပါတယ္။

ယူနိုက္တက္ ကြင္းလယ္ အတြက္ လုပ္အားေကာငး္တဲ့ ေတာ္မီေနးလည္း အဓိက ရွိေနသလို၊ မာတစ္နဲ႕ ဖရက္ဒ္ကလည္း ကြင္းလယ္ က်စ္လစ္မႈအတြက္ အဓိက ေထာက္ပံ့ေပးထားပါတယ္။ ကြင္းလယ္ ၾကယ္ပြင့္သစ္ ဖာနန္ဒက္စ္နဲ႕ ေပါင္းစပ္တဲ့ အခါမွာ ယူနိုက္တက္ ကြင္းလယ္က ပါ၀ါအျပည့္နဲ႕ ရုန္းအားေကာင္းေနပါတယ္။

ဒါေၾကာင့္ ေပါ့ဘာ အေနနဲ႕ ေဘာလံုးပြဲေတြ ျပန္စရင္ေတာင္ အသင္းေဖာ္ ကြင္းလယ္ေလးဦးေၾကာင့္ ပြဲထြက္ခြင့္ကို လြယ္လြယ္ ျပန္ရနိုင္မွာ မဟုတ္ေၾကာင္း စပါးကြင္းလယ္ေဟာင္း ဂ်ာမိန္း ဂ်ီးနပ္စ္က သံုးသပ္ ေရးသားထားပါတယ္။

ယူနိုက္တက္ အေနနဲ႕ ေပါ့ဘာကို အခြင့္အေရးေပးဖို႔ထက္ ထိပ္သီးေလးသင္း အတြင္း ၀င္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္ ျမဲျမံစြာ ရရွိဖို႔ ဦးစားေပး ရမယ့္ အေနအထား ရွိေနတယ္လို႕ ဂ်ီးနပ္စ္က သတိေပးလိုက္ပါတယ္။ ေပါ့ဘာ အေနနဲ႕လည္း အသင္းက ထြက္ဖို႔ ေျခလွမ္းျပင္ေနတဲ့ ကစားသမား ျဖစ္တာေၾကာင့္ လက္က်န္ပြဲေတြက သူ႔ဆံုးျဖတ္ခ်က္အေပၚ သက္ေရာက္မႈ ရွိနုိင္ပါတယ္။

ဆိုးရွား အတြက္ ယူနိုက္တက္ ကြင္းလယ္မွာ ဟန္ခ်က္ညီဖို႔ အဓိက ျပင္ဆင္ရမွာ ျဖစ္ျပီး ကြင္းလယ္ကေန ရက္ဖို႔ဒ္၊ မာရွယ္တို႔ရဲ႕ တိုက္စစ္ထံ အဓိက ေထာက္ကူသြားရမွာပါ။ ယူနိုက္တက္ ပံုစံေကာင္းေတြ ရေနဖို႔ အဓိက ရုန္းထားေပးတဲ့ ကြင္းလယ္ေလးဦး ျဖစ္တဲ့ ဖာနန္ဒက္စ္၊ ေတာ္မီေနး၊ ဖရက္နဲ႕ မာတစ္တို႔ကို လြယ္လြယ္ ျဖဳတ္ခ်ဖို႔ထက္ သူတို႔ ေျခစြမ္း လိုအပ္ခ်က္ေတြ ရွိတဲ့ အခါမွသာ ေပါ့ဘာကို တျဖည္းျဖည္း ျပန္ ေနရာေပးသင့္ေၾကာင္း ဂ်ာမိန္း ဂ်ီးနပ္စ္က သူ႔ရဲ႕ ေဆာင္းပါးမွာ ထည့္သြင္း သတိေပးခဲ့ပါတယ္။