အင်္ဂါနေ့ညနေခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် ညနေခင်းသတင်းများ

မန်ချက်စတာ ယူနိုက်တက်ဟာ ရေရှည်ပစ်မှတ် ဒီကလန်ရိုက်စ် ဆီကနေ ခွာပြီး လိဒ်ယူနိုက်တက် မှ အင်္ဂလန်ကြယ်ပွင့် ကယ်ဗင် ဖိလစ်ကို ခေါ်ယူဖို့ ပြောင်းလဲ ပစ်မှတ်ထားနေခဲ့ပြီလို့ သိရပါတယ်။

ဒေါ့မွန်အကြီးအကဲ Hans-Joachim Watzke ကတော့ ၎င်းတို့ဆီက ထွက်ခွာသွားတဲ့ ဆန်ချိုဟာ မန်ယူနိုက်တက် အရန်ခုံမှာ ရုန်းကန်နေရတာကို ကြည့်ပြီး နာကျင်ရကြောင်း ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

စကော့ မက် တော်မီနေးဟာ အစ္စရေး၊ ဖာရိုးကျွန်းစုတို့နဲ့ ကန်မယ့် စကော့တလန် လက်ရွေးစင် အသင်း လူစာရင်းမှာ ပြန် ပါဝင်လာဖို့ ရှိနေပါတယ်။

အေစီမီလန်နဲ့ လာမယ့်နွေမှာ စာချုပ် ကုန်ဆုံးတော့မယ့် ကွင်းလယ်ကစားသမား ဖရက် ကက်ဆီဟာ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လာဖို့ စိတ်ဝင်စားနေပြီး ၎င်းကို ယူနိုက်တက်၊ ချယ်ဆီးနဲ့ လီဗာပူး အသင်းတို့က အပြိုင် စောင့်ကြည့်နေပါတယ်။

ဗီလာနဲ့ ပွဲက ပင်နယ်တီ လွဲချော်မှုအတွက် တောင်းပန်စာ အရှည်ကြီး ထုတ်ပြန်ခဲ့တဲ့ ဖာနန်ဒက်စ် အပြုအမှုကို နဗီးလ်က ရှက်စရာပဲ လို့ ပြောဆိုလိုက်ပြီး ကစားသမားတွေက ပွဲထဲ ပြုလုပ်မိတဲ့ အမှားတွေ အတွက် ရင်ထဲက မပါတဲ့ စာတွေ ထုတ်နေတာ မဖြစ်သင့်ကြောင်း ထောက်ပြလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ တိုက်စစ်မှုး ရက်ဖို့ဒ်ရဲ့ ကြံ့ခိုင်မှု အခြေအနေကို စမ်းသပ်ဖို့ တံခါးပိတ် ခြေစမ်းပွဲ တစ်ပွဲ ကစားရန် စီစဉ်နေပြီး နိုင်ငံတကာ သီတင်းပတ် အပြီး လက်စတာနဲ့ ပွဲမှာ အင်္ဂလန်သားကို ပါဝင်စေဖို့ ရည်မှန်းထားပါတယ်။

Zawgyi

မန္ခ်က္စတာ ယူနိုက္တက္ဟာ ေရရွည္ပစ္မွတ္ ဒီကလန္ရိုက္စ္ ဆီကေန ခြာျပီး လိဒ္ယူနိုက္တက္ မွ အဂၤလန္ၾကယ္ပြင့္ ကယ္ဗင္ ဖိလစ္ကို ေခၚယူဖို႔ ေျပာင္းလဲ ပစ္မွတ္ထားေနခဲ့ျပီိလို႔ သိရပါတယ္။

ေဒါ့မြန္အၾကီးအကဲ Hans-Joachim Watzke ကေတာ့ ၄င္းတို႔ဆီက ထြက္ခြာသြားတဲ့ ဆန္ခ်ိဳဟာ မန္ယူနိုက္တက္ အရန္ခံုမွာ ရုန္းကန္ေနရတာကို ၾကည့္ျပီး နာက်င္ရေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

စေကာ့ မက္ ေတာ္မီေနးဟာ အစၥေရး၊ ဖာရိုးကၽြန္းစုတို႔နဲ႕ ကန္မယ့္ စေကာ့တလန္ လက္ေရြးစင္ အသင္း လူစာရင္းမွာ ျပန္ ပါ၀င္လာဖို႔ ရွိေနပါတယ္။

ေအစီမီလန္နဲ႕ လာမယ့္ေႏြမွာ စာခ်ဳပ္ ကုန္ဆံုးေတာ့မယ့္ ကြင္းလယ္ကစားသမား ဖရက္ ကက္ဆီဟာ ပရီးမီးယားလိဂ္သို႔ ေျပာင္းေရႊ႕လာဖို႔ စိတ္၀င္စားေနျပီး ၄င္းကို ယူနိုက္တက္၊ ခ်ယ္ဆီးနဲ႕ လီဗာပူး အသင္းတို႔က အျပိဳင္ ေစာင့္ၾကည့္ေနပါတယ္။

ဗီလာနဲ႕ ပြဲက ပင္နယ္တီ လြဲေခ်ာ္မႈအတြက္ ေတာင္းပန္စာ အရွည္ၾကီး ထုတ္ျပန္ခဲ့တဲ့ ဖာနန္ဒက္စ္ အျပဳအမႈကို နဗီးလ္က ရွက္စရာပဲ လို႔ ေျပာဆိုလိုက္ျပီး ကစားသမားေတြက ပြဲထဲ ျပဳလုပ္မိတဲ့ အမွားေတြ အတြက္ ရင္ထဲက မပါတဲ့ စာေတြ ထုတ္ေနတာ မျဖစ္သင့္ေၾကာင္း ေထာက္ျပလိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ဟာ တိုက္စစ္မႈး ရက္ဖို႔ဒ္ရဲ႕ ၾကံ႕ခိုင္မႈ အေျခအေနကို စမ္းသပ္ဖို႔ တံခါးပိတ္ ေျခစမ္းပြဲ တစ္ပြဲ ကစားရန္ စီစဥ္ေနျပီး နုိင္ငံတကာ သီတင္းပတ္ အျပီး လက္စတာနဲ႕ ပြဲမွာ အဂၤလန္သားကို ပါ၀င္ေစဖို႔ ရည္မွန္းထားပါတယ္။