ယနေ့နောက်ဆုံးရ ယူနိုက်တက် ညနေခင်းသတင်းများ (09/06/20)

ယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာဟာ ဒဏ်ရာကနေ အရှင်းပျောက်ပြီး ကစားဖို့ အသင့် ဖြစ်နေပေမယ့် အသင်းဖော် ဖာနန်ဒက်စ်၊ တော်မီနေး၊ ဖရက်နဲ့ မာတစ်တို့ကြောင့် ချက်ချင်း ပွဲထွက် ဝင်ကစားခွင့် ရဖို့ခက်မယ်လို့ စပါးကစားသမားဟောင်း ဂျာမိန်းဂျီးနပ်စ်က သုံးသပ်ခဲ့ပါတယ်။

ချီလီသား တိုက်စစ်သမား ဆန်းချက်ဟာ ယူနိုက်တက်မှာ ဘာကြောင့် ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်နေရသလဲဆိုတာ တွေးမရအောင် ဖြစ်ရကြောင်း ကွင်းလယ်ဟောင်း ဟာရဲရားက ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက် နည်းပြ ဆိုးရှားဟာ စီနီယာ အသင်းကြီး ထရိန်နင်မှာ လာရောက်ပူးပေါင်းဖို့ ယူနိုက်တက် U23 အသင်းမှ လူငယ် ခံစစ်မှူးလေး တီဒန် မန်ဂီကို ခေါ်ယူထားပါတယ်။

လာလီဂါကလပ် ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် တောင်ပံတိုက်စစ်သမား ဖာတီက ၎င်းကို ယူနိုက်တက်ဟာ ယူရိုသန်း ၁၀၀ ထိ လိုက်လျော မယ့် မြင့်မားတဲ့ ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ခေါ်ယူလိုခဲ့ပေမယ့် ငြင်းပယ်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုက်စစ် ပစ်မှတ် ကိုင်ဟာဗက်ဇ်ကို ချယ်ဆီးက ပေါင် သန်း ၇၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ ကြိုးစားနေပါတယ်။ ကစားသမား ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်မှာ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားဟန် ပြသထားသူပါ။

ပရီးမီးယားလိဂ် ပွဲတွေ ပြန်စတာနဲ့ ယူနိုက်တက် ပွဲဦးထွက် တွေ့မယ့် စပါး အသင်းဘက်မှာ ဟယ်ရီကိန်းအပြင် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ခေါ်ယူထားတဲ့ ဘာဝင်ဂီနဲ့ ဂတ်ဆန် ဖာနန်ဒက်စ်တို့ နှစ်ဦးလုံး ပါဝင် ကစားဖို့ အဆင်သင့်ဖြစ်နေတယ်။

ဘဏ္ဍာရေး အခြေအနေ ထိခိုက်မှုတချို့ ရှိနေပေမယ့် နောက်ခံလူ ကူလီဘိုင်လေ ကိုတော့ လျှော့ဈေးနဲ့ လုံးဝရောင်းထုတ်သွားမှာ မဟုတ်ဘူးလို့ နာပိုလီအသင်းရဲ့ အားကစားဒါရိုက်တာ ခရစ္စတီယာနို ဂျီယန်တိုလီက ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ကူလီဘိုင်လေ ကို ကာလရှည် ချိတ်ဆက်ထားခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာဟာ ဒဏ္ရာကေန အရွင္းေပ်ာက္ျပီး ကစားဖို႔ အသင့္ ျဖစ္ေနေပမယ့္ အသင္းေဖာ္ ဖာနန္ဒက္စ္၊ ေတာ္မီေနး၊ ဖရက္နဲ႕ မာတစ္တို႔ေၾကာင့္ ခ်က္ခ်င္း ပြဲထြက္ ၀င္ကစားခြင့္ ရဖို႔ခက္မယ္လို႔ စပါးကစားသမားေဟာင္း ဂ်ာမိန္းဂ်ီးနပ္စ္က သံုးသပ္ခဲ့ပါတယ္။

ခ်ီလီသား တိုက္စစ္သမား ဆန္းခ်က္ဟာ ယူနိုက္တက္မွာ ဘာေၾကာင့္ ေျခစြမ္းမျပနို္င္ဘဲ ရုန္းကန္ေနရသလဲဆိုတာ ေတြးမရေအာင္ ျဖစ္ရေၾကာင္း ကြင္းလယ္ေဟာင္း ဟာရဲရားက ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ နည္းျပ ဆိုးရွားဟာ စီနီယာ အသင္းၾကီး ထရိန္နင္မွာ လာေရာက္ပူးေပါင္းဖို႔ ယူနိုက္တက္ U23 အသင္းမွ လူငယ္ ခံစစ္မွဴးေလး တီဒန္ မန္ဂီကို ေခၚယူထားပါတယ္။

လာလီဂါကလပ္ ဘာစီလိုနာရဲ႕ လူငယ္ၾကယ္ပြင့္ ေတာင္ပံတိုက္စစ္သမား ဖာတီက ၄င္းကို ယူနုိက္တက္ဟာ ယူ႐ိုသန္း ၁၀၀ ထိ လိုက္ေလ်ာ မယ့္ ျမင့္မားတဲ့ ေျပာင္းေရႊ႕ေၾကး တစ္ရပ္နဲ႕ ေခၚယူလိုခဲ့ေပမယ့္ ျငင္းပယ္လိုက္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ တိုက္စစ္ ပစ္မွတ္ ကိုင္ဟာဗက္ဇ္ကို ခ်ယ္ဆီးက ေပါင္ သန္း ၇၀ ၀န္းက်င္နဲ႕ ကမ္းလွမ္းဖို႔ ၾကိဳးစားေနပါတယ္။ ကစားသမား ကိုယ္တိုင္ကလည္း ပရီးမီးယားလိဂ္မွာ ေျပာင္းေရႊ႕ ကစားဖို႔ စိတ္၀င္စားဟန္ ျပသထားသူပါ။

ပရီးမီးယားလိဂ္ ပြဲေတြ ျပန္စတာနဲ႕ ယူနုိက္တက္ ပြဲဦးထြက္ ေတြ႔မယ့္ စပါး အသင္းဘက္မွာ ဟယ္ရီကိန္းအျပင္ ဇန္နဝါရီ အေျပာင္းအေရႊ႔မွာ ေခၚယူထားတဲ့ ဘာဝင္ဂီနဲ႔ ဂတ္ဆန္ ဖာနန္ဒက္စ္တို႔ ႏွစ္ဦးလံုး ပါ၀င္ ကစားဖို႔ အဆင္သင့္ျဖစ္ေနတယ္။

ဘ႑ာေရး အေျခအေန ထိခိုက္မႈတခ်ိဳ႕ ရွိေနေပမယ့္ ေနာက္ခံလူ ကူလီဘိုင္ေလ ကိုေတာ့ ေလွ်ာ့ေဈးနဲ႔ လုံးဝေရာင္းထုတ္သြားမွာ မဟုတ္ဘူးလို႔ နာပိုလီအသင္းရဲ႕ အားကစားဒါ႐ိုက္တာ ခရစၥတီယာႏို ဂ်ီယန္တိုလီက ေျပာဆိုခဲ့ပါတယ္။ ယူနိုက္တက္ဟာ ကူလီဘိုင္ေလ ကို ကာလရွည္ ခ်ိတ္ဆက္ထားခဲ့ပါတယ္။