စတုတ်နဲ့ပွဲကို ဖျက်လိုက်ပြီဖြစ်ပြီး ကာရင်တန်မှာပဲ စုဝေးကြတဲ့ ယူနိုက်တက် အသင်းသားများ

UNICODE – ယူနိုက်တက် ကစားသမားတွေဟာ ဒီကနေ့မှာ စတုတ်အသင်းနဲ့ ချစ်ကြည်ရေးပွဲ ကစားဖို့ စုဝေးကြဖို့ ရှိနေပေမယ့် ပွဲပျယ် သွားခဲ့ပြီ ဖြစ်ပါတယ်။

အင်္ဂါနေ့မှာ စတုတ်နဲ့ ခြေစမ်းမယ်လို့ ချိန်းထားခဲ့ကြတာဖြစ်ပေမယ့် နောက်ဆုံး မိနစ်မှာမှ ပွဲပျက်ခဲ့တာပါ။ ပွဲကို ဘာလို့ ဖျက်သိမ်းလိုက်သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ ယူနိုက်တက် ကစားသမား အားလုံးဟာ လေ့ကျင့်ရေးကွင်းဖြစ်တဲ့ ကာရင်တန်ကို ရောက်ရှိလာခဲ့ကြပါတယ်။

ဇွန်လ ၁၇ ရက်နေ့ ပြန်လည်စတင်မယ့် ပရီးမီးယားလိဂ်ပွဲ မတိုင်ခင် ကလပ်တွေဟာ ခြေစမ်းပွဲတွေ ကစားခွင့်ရှိမှာဖြစ်ပြီး ယူနိုက်တက်ကလည်း ခွင့်ပြုမိန့် ရခဲ့တာပါ။ ကန့်သတ်ချက်မှာ အသင်းတွေဟာ ချစ်ကြည့်ရေးပွဲကို သက်ဆိုင်ရာနေရာထက် မိနစ် ၉၀ ထက် ပိုမကြာတဲ့ ခရီးမှာရှိတဲ့ အသင်းနဲ့ပဲ ခြေစမ်းဖို့နဲ့ အဆိုပါ ခရီးကိုလည်း ကားကိုယ်တိုင် မောင်းပြီး သွားဖို့တို့ ပါဝင်ခဲ့ပါတယ်။

ချစ်ကြည်ရေးပွဲမှာ ဒိုင်လူကြီး ထည့်ခွင့်မရှိသလို ပွဲကို ထိန်းချုပ်ဖို့ရာ နှစ်ဘက်အသင်းမှ နည်းပြအဖွဲ့က ကြီးကြပ်ပေးရမှာဖြစ်တယ်။ ပွဲကိုတော့ လေ့ကျင့်ရေးကွင်းမှာကော၊ အိမ်ကွင်းတွေမှာပါ ယှဉ်ပြိုင်ခွင့် ရှိပါတယ်။ ယူနိုက်တက်က အဆိုပါပွဲအတွက် စတုတ်နဲ့ ကစားဖို့ ပြင်ဆင်ခဲ့ပြီး ဒီကနေ့မှာ ကစားဖို့ အတည်ပြုချက် ယူထားခဲ့တာ ဖြစ်ပါတယ်။

စတုတ်နဲ့ပွဲ ပျက်ခဲ့ပေမယ့် ယူနိုက်တက်အတွက် သတင်းကောင်းက အဓိက ကစားသမားတွေ အားလုံး ကြံ့ခိုင်မှု ကောင်းနေတာဖြစ်တယ်။ စပါးနဲ့ပွဲမှာ ပွဲထွက်ကစားဖို့ တိုက်စစ်မှူး ရပ်ဖိုဒ့်ကော ကွင်းလယ်လူ ပေါ့ဘာပါ အကောင်းဆုံး အနေအထားကို ပြန်ရောက်နေပြီး ပွဲထွက်ပေးဖို့ပါ အသင့်ဖြစ်နေပြီလို့ သိရတယ်။

စတုတ်နဲ့ ပွဲပျက်ခဲ့ပေမယ့်လည်း ကာရင်တန်ကို ရောက်လာတဲ့ လူစာရင်းမှာ အဓိက ကစားသမားတွေ ပါဝင်နေတာကြောင့် ကစားသမာတွေရဲ့ ကြံ့ခိုင်မှု အခြေအနေ ကောင်းနေတဲ့ ဆိုတဲ့ သတင်းက ပိုခိုင်မာလာခဲ့ပါတယ်။

ZAWGYI – ယူႏိုက္တက္ ကစားသမားေတြဟာ ဒီကေန႔မွာ စတုတ္အသင္းနဲ႔ ခ်စ္ၾကည္ေရးပြဲ ကစားဖို႔ စုေဝးၾကဖို႔ ရွိေနေပမယ့္ ပြဲပ်ယ္ သြားခဲ့ျပီ ျဖစ္ပါတယ္။

အဂၤါေန႔မွာ စတုတ္နဲ႔ ေျခစမ္းမယ္လို႔ ခ်ိန္းထားခဲ့ၾကတာျဖစ္ေပမယ့္ ေနာက္ဆံုး မိနစ္မွာမွ ပြဲပ်က္ခဲ့တာပါ။ ပြဲကို ဘာလို႔ ဖ်က္သိမ္းလုိက္သလဲဆိုတဲ့ အေၾကာင္းရင္းကိုေတာ့ မသိရေသးပါဘူး။ ယူႏုိက္တက္ ကစားသမား အားလံုးဟာ ေလ့က်င့္ေရးကြင္းျဖစ္တဲ့ ကာရင္တန္ကို ေရာက္ရွိလာခဲ့ၾကပါတယ္။

ဇြန္လ ၁၇ ရက္ေန႔ ျပန္လည္စတင္မယ့္ ပရီးမီးယားလိဂ္ပြဲ မတိုင္ခင္ ကလပ္ေတြဟာ ေျခစမ္းပြဲေတြ ကစားခြင့္ရွိမွာျဖစ္ျပီး ယူႏုိက္တက္ကလည္း ခြင့္ျပဳမိန္႔ ရခဲ့တာပါ။ ကန္႔သတ္ခ်က္မွာ အသင္းေတြဟာ ခ်စ္ၾကည့္ေရးပြဲကို သက္ဆိုင္ရာေနရာထက္ မိနစ္ ၉၀ ထက္ ပိုမၾကာတဲ့ ခရီးမွာရွိတဲ့ အသင္းနဲ႔ပဲ ေျခစမ္းဖို႔နဲ႔ အဆိုပါ ခရီးကိုလည္း ကားကိုယ္တိုင္ ေမာင္းျပီး သြားဖို႔တို႔ ပါဝင္ခ့ဲပါတယ္။

ခ်စ္ၾကည္ေရးပြဲမွာ ဒိုင္လူၾကီး ထည့္ခြင့္မရွိသလို ပြဲကို ထိန္းခ်ဳပ္ဖို႔ရာ ႏွစ္ဘက္အသင္းမွ နည္းျပအဖြဲ႔က ၾကီးၾကပ္ေပးရမွာျဖစ္တယ္။ ပြဲကိုေတာ့ ေလ့က်င့္ေရးကြင္းမွာေကာ၊ အိမ္ကြင္းေတြမွာပါ ယွဥ္ျပိဳင္ခြင့္ ရွိပါတယ္။ ယူႏုိက္တက္က အဆိုပါပြဲအတြက္ စတုတ္နဲ႔ ကစားဖို႔ ျပင္ဆင္ခဲ့ျပီး ဒီကေန႔မွာ ကစားဖို႔ အတည္ျပဳခ်က္ ယူထားခဲ့တာ ျဖစ္ပါတယ္။

စတုတ္နဲ႔ပြဲ ပ်က္ခဲ့ေပမယ့္ ယူႏုိက္တက္အတြက္ သတင္းေကာင္းက အဓိက ကစားသမားေတြ အားလံုး ၾကံ႕ခိုင္မႈ ေကာင္းေနတာျဖစ္တယ္။ စပါးနဲ႔ပြဲမွာ ပြဲထြက္ကစားဖို႔ တိုက္စစ္မွဴး ရပ္ဖိုဒ့္ေကာ ကြင္းလယ္လူ ေပါ့ဘာပါ အေကာင္းဆံုး အေနအထားကို ျပန္ေရာက္ေနျပီး ပြဲထြက္ေပးဖို႔ပါ အသင့္ျဖစ္ေနျပီလို႔ သိရတယ္။

စတုတ္နဲ႔ ပြဲပ်က္ခဲ့ေပမယ့္လည္း ကာရင္တန္ကို ေရာက္လာတဲ့ လူစာရင္းမွာ အဓိက ကစားသမားေတြ ပါဝင္ေနတာေၾကာင့္ ကစားသမာေတြရဲ႕ ၾကံ႔ခိုင္မႈ အေျခအေန ေကာင္းေနတဲ့ ဆိုတဲ့ သတင္းက ပိုခိုင္မာလာခဲ့ပါတယ္။