အိုနေးမှာ ကိုဗစ်ပိုးတွေ့တာကြောင့် ယူနိုက်တက်နဲ့ စတုတ်ပွဲကို အရေးပေါ် ဖျက်သိမ်း

UNICODE – ယူနိုက်တက်ဟာ အင်္ဂါနေ့မှာ ချန်ပီယံရှစ်ကလပ် စတုတ်အသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ ပြင်ဆင်ထားခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာ စတုတ်မန်နေဂျာ မိုင်ကယ် အိုနေး ကိုဗစ်ပိုးတွေ့ကြောင့် သိရတာကြောင့် အရေးပေါ် ဖျက်သိမ်းခဲ့ရပါတယ်။

နှစ်သင်းဟာ ယူနိုက်တက်ရဲ့ ကာရင်တန်မှာ ကစားဖို့ အချိန်းအချက် လုပ်ထားခဲ့တာပါ။ ဒါပေမယ့် ဘောလုံး မကစားခင်မှာကိုပဲ အိုင်ရစ်မန်နေဂျာမှာ ပိုးတွေ့ခဲ့တာဖြစ်တယ်။ ယူနိုက်တက်ရဲ့ အသင်းသား တစ်ဦးမှ သူ့နဲ့ ထိတွေ့မှု မလုပ်ခဲ့ဘူးလို့တော့ သိရပါတယ်။

ဇွန်လ ၁၇ ရက်နေ့မှာ ပြန်စမယ့် ပရီးမီးယားလိဂ် သီတင်းပတ်အတွက် အဲ့အပတ် သောကြာမှာပဲ ယူနိုက်တက်ဟာ စပါးအိမ်ကွင်းမှာ သွားပြီး ယှဉ်ပြိုင်ရမှာပါ။ ကြံ့ခိုင်မှု အပြည့်အဝ ကောင်းမွန်ဖို့ ရည်ရွယ်သလို ရုပ်ပိုင်းဆိုင်ရာ စမ်းသပ်မှုလည်း ဖြစ်စေဖို့ ချစ်ကြည့်ရေးပွဲကို စီစဉ်ခဲ့တာဖြစ်ပါတယ်။

ချန်ပီယံရှစ်မှာ ကိုဗစ်ပိုးတွေ့ပေမယ့် ပရီးမီးယားလိဂ် စစ်ဆေးမှုမှာတော့ ပိုးမတွေ့ဘူးလို့ သိရတယ်။ လိဂ်တာဝန်ရှိသူတွေက ဒီအပတ် ပိုးတွေသူတွေအားလုံး ပြန်စမယ့်အပတ် ပွဲကို လွဲမယ်လို့ ကြေညာထားတာကြောင့် စတုတ်ဟာ လက်ထောက်နည်းပြကိုပဲ အဖွင့်ပွဲ ကိုင်တွယ်ခိုင်းဖို့ ရှိနေပါတယ်။

ယူနိုက်တက် အသင်းသားတွေကတော့ ချစ်ကြည်ရေးပွဲ ပျက်ခဲ့ပေမယ့် ပုံမှန်အတိုင်း ကာရင်တန်မှာ စုဝေးခဲ့ကြတယ်။ အသင်းလိုက် လေ့ကျင့်ရေးတွေ လုပ်ဆောင်ခဲ့ကြပြီး လေ့ကျင့်မှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ချစ်ကြည်ရေးပွဲ ထပ်ကစားဖို့ စီစဉ်တော့ဖွယ် မရှိဘဲ နှစ်သင်းခွဲကစားမှုလို အပေါ့စား ပြိုင်ပွဲတွေပဲ စီစဉ်သွားဖွယ် ရှိနေပါတယ်။

ZAWGYI – ယူႏုိက္တက္ဟာ အဂၤါေန႔မွာ ခ်န္ပီယံရွစ္ကလပ္ စတုတ္အသင္းနဲ႔ ေျခစမ္းပြဲ ကစားဖို႔ ျပင္ဆင္ထားခ့ဲေပမယ့္ ေနာက္ဆံုးမိနစ္မွာ စတုတ္မန္ေနဂ်ာ မိုင္ကယ္ အိုေနး ကိုဗစ္ပိုးေတြ႔ေၾကာင့္ သိရတာေၾကာင့္ အေရးေပၚ ဖ်က္သိမ္းခဲ့ရပါတယ္။

ႏွစ္သင္းဟာ ယူႏုိက္တက္ရဲ႕ ကာရင္တန္မွာ ကစားဖို႔ အခ်ိန္းအခ်က္ လုပ္ထားခဲ့တာပါ။ ဒါေပမယ့္ ေဘာလံုး မကစားခင္မွာကိုပဲ အိုင္ရစ္မန္ေနဂ်ာမွာ ပိုးေတြ႔ခဲ့တာျဖစ္တယ္။ ယူႏုိက္တက္ရဲ႕ အသင္းသား တစ္ဦးမွ သူ႔နဲ႔ ထိေတြ႔မႈ မလုပ္ခဲ့ဘူးလို႔ေတာ့ သိရပါတယ္။

ဇြန္လ ၁၇ ရက္ေန႔မွာ ျပန္စမယ့္ ပရီးမီးယားလိဂ္ သီတင္းပတ္အတြက္ အဲ့အပတ္ ေသာၾကာမွာပဲ ယူႏုိက္တက္ဟာ စပါးအိမ္ကြင္းမွာ သြားျပီး ယွဥ္ျပိဳင္ရမွာပါ။ ၾကံ႕ခိုင္မႈ အျပည့္အဝ ေကာင္းမြန္ဖို႔ ရည္ရြယ္သလို ရုပ္ပိုင္းဆိုင္ရာ စမ္းသပ္မႈလည္း ျဖစ္ေစဖို႔ ခ်စ္ၾကည့္ေရးပြဲကို စီစဥ္ခဲ့တာျဖစ္ပါတယ္။

ခ်န္ပီယံရွစ္မွာ ကိုဗစ္ပိုးေတြ႔ေပမယ့္ ပရီးမီးယားလိဂ္ စစ္ေဆးမႈမွာေတာ့ ပိုးမေတြ႔ဘူးလို႔ သိရတယ္။ လိဂ္တာဝန္ရွိသူေတြက ဒီအပတ္ ပိုးေတြသူေတြအားလံုး ျပန္စမယ့္အပတ္ ပြဲကို လြဲမယ္လို႔ ေၾကညာထားတာေၾကာင့္ စတုတ္ဟာ လက္ေထာက္နည္းျပကိုပဲ အဖြင့္ပြဲ ကိုင္တြယ္ခိုင္းဖို႔ ရွိေနပါတယ္။

ယူႏုိက္တက္ အသင္းသားေတြကေတာ့ ခ်စ္ၾကည္ေရးပြဲ ပ်က္ခဲ့ေပမယ့္ ပံုမွန္အတိုင္း ကာရင္တန္မွာ စုေဝးခဲ့ၾကတယ္။ အသင္းလိုက္ ေလ့က်င့္ေရးေတြ လုပ္ေဆာင္ခဲ့ၾကျပီး ေလ့က်င့္မႈကို အေကာင္းဆံုး လုပ္ေဆာင္ႏုိင္ခဲ့ပါတယ္။ ယူႏုိက္တက္ဟာ ခ်စ္ၾကည္ေရးပြဲ ထပ္ကစားဖို႔ စီစဥ္ေတာ့ဖြယ္ မရွိဘဲ ႏွစ္သင္းခြဲကစားမႈလို အေပါ့စား ျပိဳင္ပြဲေတြပဲ စီစဥ္သြားဖြယ္ ရွိေနပါတယ္။