ကိုင်ဟာဗက်ဇ် အတွက် ချယ်ဆီး ကြိုးပမ်းမှုကို တုန့်ပြန်လာတဲ့ လီဗာကူဆင် အကြီးအကဲ

ချယ်ဆီးအသင်း အားစိုက် ကြိုးပမ်းလာတဲ့ ကွင်းလယ် ကစားသမား ကိုင်ဟာဗက်ဇ်ကို လီဗာကူဆင် အသင်းဘက်ကတော့ လက်မလွှတ်လိုဘဲ ရသလောက် ဆက်ထိန်းထားမှာ ဖြစ်ကြောင်း အားကစားဒါရိုက်တာ ရူဒီ ဗော်လာကတော့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

နောက်ဆုံးရသတင်းများ အရ ဖရန့် လမ်းပတ်ရဲ့ ချယ်ဆီးအသင်းဟာ ခပ်သွက်သွက် လှုပ်ရှားနေပြီး ကိုင်ဟာဗက်ဇ် အတွက် ပြောဆိုဆွေးနွေးမှု စတင်ထားပြီလို့ သိရပါတယ်။

ကိုင်ဟာဗက်ဇ် ဟာ ဥရောပတခွင် အကောင်းဆ့ုး လူငယ်ကွင်းလယ်ကစားသမားတွေထဲ ပါဝင်ပြီး ထိပ်သီး အသင်းတွေရဲ့ စိတ်ဝင်စားခြင်း ခံနေရာ ယူနိုက်တက်၊ ချယ်ဆီး၊ လီဗာပူး၊ ရီးရဲလ်နဲ့ ဘာစီလိုနာ အသင်းတို့ က စောင့်ကြည့်နေကြပါတယ်။

လီဗာကူဆင် အားကစား ဒါရိုက်တာ ဗော်လာကတော့ ကလပ်အသင်းဟာ ကိုင်ဟာဗက်ဇ် ကို ဆက်ထိန်းထားဖို့ အခြေအနေကောင်းမှာ ရှိနေတယ်လို့ ယုံကြည်ကြောင်း ဆိုခဲ့ပါတယ်။

” ကျနေ်ာတို့ကတော့ သူ အသင်းမှာ ဆက်ရှိနေဖို့ ဆိုတဲ့ မျှော်လင့်ချက်ကို လက်လျှော့မှာ မဟုတ်ဘူး။ သူ အတွက် လိုအပ်တာ မှန်သမျှ ပံ့ပိုးသွားပြီး အရည်အချင်း အမြင့်ဆုံးထိ ရောက်အောင် ကူညီသွားမှာပါ။ ဒီဘောလုံးရာသီ ဒုတိယတဝက်မှာ သူက အထူး ခြေစွမ်းပြထားတယ်။ ဒီတော့ အပြောင်းအရွှေ့ သတင်းတွေကတော့ ရှိနေမှာပါပဲ။ ” လို့ ဗော်လာက ဆိုပါတယ်။

လီဗာကူဆင် ကွင်းလယ် သမားဟာ ဒီရာသီ ကလပ်အသင်း အတွက် ပြိုင်ပွဲစုံ ၃၈ ပွဲထိ ပါဝင်ကစားထားရာ ၁၅ ဂိုး သွင်း ၈ ဂိုး ထောက်ပံ့မှု ပြုလုပ်ထားပါတယ်။ လီဗာကူဆင် အသင်းကတော့ ကိုင်ဟာဗက်ဇ် အတွက် တန်ကြေး ယူရို သန်း ၁၀၀ လို့ သတ်မှတ်ထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း အားစိုက္ ၾကိဳးပမ္းလာတဲ့ ကြင္းလယ္ ကစားသမား ကိုင္ဟာဗက္ဇ္ကို လီဗာကူဆင္ အသင္းဘက္ကေတာ့ လက္မလႊတ္လိုဘဲ ရသေလာက္ ဆက္ထိန္းထားမွာ ျဖစ္ေၾကာင္း အားကစားဒါရိုက္တာ ရူဒီ ေဗာ္လာကေတာ့ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ေနာက္ဆံုးရသတင္းမ်ား အရ ဖရန္႔ လမ္းပတ္ရဲ႕ ခ်ယ္ဆီးအသင္းဟာ ခပ္သြက္သြက္ လႈပ္ရွားေနျပီး ကိုင္ဟာဗက္ဇ္ အတြက္ ေျပာဆိုေဆြးေႏြးမႈ စတင္ထားျပီလို႔ သိရပါတယ္။

ကိုင္ဟာဗက္ဇ္ ဟာ ဥေရာပတခြင္ အေကာင္းဆ့ုး လူငယ္ကြင္းလယ္ကစားသမားေတြထဲ ပါ၀င္ျပီး ထိပ္သီး အသင္းေတြရဲ႕ စိတ္၀င္စားျခင္း ခံေနရာ ယူနုိက္တက္၊ ခ်ယ္ဆီး၊ လီဗာပူး၊ ရီးရဲလ္နဲ႕ ဘာစီလိုနာ အသင္းတို႔ က ေစာင့္ၾကည့္ေနၾကပါတယ္။

လီဗာကူဆင္ အားကစား ဒါရိုက္တာ ေဗာ္လာကေတာ့ ကလပ္အသင္းဟာ ကိုင္ဟာဗက္ဇ္ ကို ဆက္ထိန္းထားဖို႔ အေျခအေနေကာင္းမွာ ရွိေနတယ္လို႔ ယံုၾကည္ေၾကာင္း ဆိုခဲ့ပါတယ္။

” က်ေန္ာတို႔ကေတာ့ သူ အသင္းမွာ ဆက္ရွိေနဖို႔ ဆိုတဲ့ ေမွ်ာ္လင့္ခ်က္ကို လက္ေလွ်ာ့မွာ မဟုတ္ဘူး။ သူ အတြက္ လိုအပ္တာ မွန္သမွ် ပံ့ပိုးသြားျပီး အရည္အခ်င္း အျမင့္ဆံုးထိ ေရာက္ေအာင္ ကူညီသြားမွာပါ။ ဒီေဘာလံုးရာသီ ဒုတိယတ၀က္မွာ သူက အထူး ေျခစြမ္းျပထားတယ္။ ဒီေတာ့ အေျပာင္းအေရႊ႕ သတင္းေတြကေတာ့ ရွိေနမွာပါပဲ။ ” လို႔ ေဗာ္လာက ဆိုပါတယ္။

လီဗာကူဆင္ ကြင္းလယ္ သမားဟာ ဒီရာသီ ကလပ္အသင္း အတြက္ ျပိဳင္ပြဲစံု ၃၈ ပြဲထိ ပါ၀င္ကစားထားရာ ၁၅ ဂိုး သြင္း ၈ ဂိုး ေထာက္ပံ့မႈ ျပဳလုပ္ထားပါတယ္။ လီဗာကူဆင္ အသင္းကေတာ့ ကိုင္ဟာဗက္ဇ္ အတြက္ တန္ေၾကး ယူရို သန္း ၁၀၀ လို႔ သတ္မွတ္ထားပါတယ္။