ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်ကာက ယူနိုက်တက်က ရော်နယ်ဒိုကို လက်မှတ်ထိုးတဲ့ ကိစ္စဟာ သူ့ခြံထဲမှာ ဖြစ်သွားခဲ့တာပါလို့ ဘီဘီစီကနေတစ်ဆင့် ဖွင့်ပြောလာပါတယ်။

ယူနိုက်တက် ဒုဥက္ကဌ ဝုဒ်ဝတ်ဟာ ရော်နယ်ဒိုကို လက်မှတ်ထိုး ခေါ်ယူဖို့ အဓိက တာဝန်ယူခဲ့သူ ဖြစ်သလို အဆိုပါ ညိနှိုင်း သဘောတူမှုဟာလည်း လိုင်ကာရဲ့ နောက်ဖေး ဥယာျဉ်ထဲမှာပဲ ဖြစ်သွားခဲ့တာပါ။ နွေဈေးကွက်မှာ လူစိတ်ဝင်စားမှု အမြင့်ဆုံး အပြောင်းအရွှေ့ ကိစ္စဟာ သူ့ရဲ့ ခြံထဲမှာ ဖြစ်သွားခဲ့တာအတွက် လိုင်ကာက အတော်လေး အံ့သြသင့်ခဲ့ပါတယ်။
ဒီကာလတွေ တစ်လျှောက်မှာ အဆိုပါ ကိစ္စကို ထုတ်မပြောခဲ့တဲ့ လိုင်ကာ အခုတော့ ထုတ်ပြောလာခြင်း ဖြစ်သလို ခွင့်ပြုချက်ရမယ်ဆိုရင် ဝုဒ်ဝတ်ဘက်က ဘက်လို ညိနှိုင်းခဲ့တယ်ဆိုတာ သူ ထုတ်ပြပါမယ်လို့ ဆိုလာခဲ့တယ်။
လိုင်ကာက ပြောရာမှာ “ ဝုဒ်ဝတ်က ကျနော်ရဲ့ သူငယ်ချင်းကောင်းပါ။ သူက အိမ်နီးနားချင်းကောင်းလည်း ဖြစ်ပါတယ်။ သူ ကျနော် နောက်ဖေး ဥယျာဉ်ထဲ ရောက်နေချိန်မှာပဲ ယူနိုက်တက်အတွက် ရော်နယ်ဒိုကို လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။
တကယ်ကို အံ့သြသင့်စရာပါပဲ။ သူ အိမ်ထဲဝင်လာတော့ ရော်နယ်ဒိုရဲ့ အေးဂျင့် ဂျော့မန်ဒက်စ် (သို့) တစ်ယောက်ယောက်နဲ့ ဖုန်းပြောနေတယ်။ ကျနော်က အဲ့နားမှာပဲ ရှိနေတာပါ။ ဝုဒ်ဝတ်က ရော်နယ်ဒိုကို လက်မှတ်ထိုးဖို့ ကိစ္စကို ဖုန်းကနေပဲ သဘောတူညီမှု ရသွားခဲ့တယ်။
အိမ်နောက်ဖေး ခြံထဲမှာ ဝုဒ်ဝတ် ဖုန်းပြောနေတဲ့ ပုံကိုတောင် ကျနော် ရလိုက်သေးတယ်။ သူ ခွင့်ပြုရင် အဲ့ပုံကို တစ်ရက်ကျရင် ကျနော် ပြပါမယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
ရော်နယ်ဒိုက မယုံနိုင်လောက်တဲ့ ခြေစွမ်း တည်ငြိမ်မှုတွေဖြင့် ယူနိုက်တက်အတွက် အကျိုးဖြစ်နေပေမယ့်လည်း မန်ချက်စတာကလပ်က ရလဒ်ပိုင်းမှာတော့ ရုန်းကန်နေရဆဲဖြစ်တယ်။ ဒီရာသီ အစောမှာတင် ကာရာဘောင်းက ထွက်ခဲ့ရတဲ့ ယူနိုက်တက်ဟာ နိုင်ငံတကာ သီတင်းပတ် အပြီးမှာတော့ ပွဲကြပ်ကာလတွေကို ကျော်ဖြတ်ရဖို့ ရှိလာနေပြီ ဖြစ်ပါတယ်။

ZAWGYI – ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္း ဂယ္ရီလိုင္ကာက ယူႏုိက္တက္က ေရာ္နယ္ဒိုကို လက္မွတ္ထိုးတဲ့ ကိစၥဟာ သူ႔ျခံထဲမွာ ျဖစ္သြားခဲ့တာပါလို႔ ဘီဘီစီကေနတစ္ဆင့္ ဖြင့္ေျပာလာပါတယ္။
ယူႏုိက္တက္ ဒုဥကၠဌ ဝုဒ္ဝတ္ဟာ ေရာ္နယ္ဒိုကို လက္မွတ္ထိုး ေခၚယူဖို႔ အဓိက တာဝန္ယူခဲ့သူ ျဖစ္သလို အဆိုပါ ညိႏိႈင္း သေဘာတူမႈဟာလည္း လိုင္ကာရဲ႕ ေနာက္ေဖး ဥယာ်ဥ္ထဲမွာပဲ ျဖစ္သြားခဲ့တာပါ။ ေႏြေစ်းကြက္မွာ လူစိတ္ဝင္စားမႈ အျမင့္ဆံုး အေျပာင္းအေရႊ႔ ကိစၥဟာ သူ႔ရဲ႕ ျခံထဲမွာ ျဖစ္သြားခဲ့တာအတြက္ လိုင္ကာက အေတာ္ေလး အံ့ၾသသင့္ခဲ့ပါတယ္။
ဒီကာလေတြ တစ္ေလွ်ာက္မွာ အဆိုပါ ကိစၥကို ထုတ္မေျပာခဲ့တဲ့ လိုင္ကာ အခုေတာ့ ထုတ္ေျပာလာျခင္း ျဖစ္သလို ခြင့္ျပဳခ်က္ရမယ္ဆိုရင္ ဝုဒ္ဝတ္ဘက္က ဘက္လို ညိႏိႈင္းခဲ့တယ္ဆိုတာ သူ ထုတ္ျပပါမယ္လို႔ ဆိုလာခဲ့တယ္။
လိုင္ကာက ေျပာရာမွာ “ ဝုဒ္ဝတ္က က်ေနာ္ရဲ႕ သူငယ္ခ်င္းေကာင္းပါ။ သူက အိမ္နီးနားခ်င္းေကာင္းလည္း ျဖစ္ပါတယ္။ သူ က်ေနာ္ ေနာက္ေဖး ဥယ်ာဥ္ထဲ ေရာက္ေနခ်ိန္မွာပဲ ယူႏုိက္တက္အတြက္ ေရာ္နယ္ဒိုကို လက္မွတ္ထိုးခဲ့တာျဖစ္ပါတယ္။
တကယ္ကို အံ့ၾသသင့္စရာပါပဲ။ သူ အိမ္ထဲဝင္လာေတာ့ ေရာ္နယ္ဒိုရဲ႕ ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ (သို႔) တစ္ေယာက္ေယာက္နဲ႔ ဖုန္းေျပာေနတယ္။ က်ေနာ္က အဲ့နားမွာပဲ ရွိေနတာပါ။ ဝုဒ္ဝတ္က ေရာ္နယ္ဒိုကို လက္မွတ္ထိုးဖို႔ ကိစၥကို ဖုန္းကေနပဲ သေဘာတူညီမႈ ရသြားခဲ့တယ္။
အိမ္ေနာက္ေဖး ျခံထဲမွာ ဝုဒ္ဝတ္ ဖုန္းေျပာေနတဲ့ ပံုကိုေတာင္ က်ေနာ္ ရလိုက္ေသးတယ္။ သူ ခြင့္ျပဳရင္ အဲ့ပံုကို တစ္ရက္က်ရင္ က်ေနာ္ ျပပါမယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
ေရာ္နယ္ဒိုက မယံုႏုိင္ေလာက္တဲ့ ေျခစြမ္း တည္ျငိမ္မႈေတြျဖင့္ ယူႏုိက္တက္အတြက္ အက်ိဳးျဖစ္ေနေပမယ့္လည္း မန္ခ်က္စတာကလပ္က ရလဒ္ပိုင္းမွာေတာ့ ရုန္းကန္ေနရဆဲျဖစ္တယ္။ ဒီရာသီ အေစာမွာတင္ ကာရာေဘာင္းက ထြက္ခဲ့ရတဲ့ ယူႏုိက္တက္ဟာ ႏုိင္ငံတကာ သီတင္းပတ္ အျပီးမွာေတာ့ ပြဲၾကပ္ကာလေတြကို ေက်ာ္ျဖတ္ရဖို႔ ရွိလာေနျပီ ျဖစ္ပါတယ္။
