ရွန်းနီ လက်သစ်ဖြစ်လာမယ်လို့ အိုဝင် ဟောကိန်းထုတ်လိုက်တဲ့ ယူနိုက်တက် တိုက်စစ်မှူး

ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဖြစ်တဲ့ မိုက်ကယ် အိုဝင်ကတော့ အသင်းဟောင်းဟာ ဝိန်းရွန်းနီ လက်သစ် တိုက်စစ်မှူး တစ်ဦး ရှာဖို့ လိုအပ်နေတယ်လို့ ဆိုလိုက်ပြီး လူငယ် ကစားသမား မေဆန်ဂရင်းဝုဒ်က ဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ့်သူလို့ ယူဆကြောင်း ထုတ်ဖော် ပြောဆိုလာပါတယ်။

အိုဝင်က ယူနိုက်တက်ဟာ အတွေ့အကြုံရှိပြီးသား တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဇာလက်တန်၊ အစ်ဟာလိုတို့ကို ရေတို အတွက် ခေါ်ယူတာမျိုးထက် နောက် ဆယ်စုနှစ်တာ အတွက် အသင်းမှာ ဆက်ရှိနေပြီး အစွမ်းပြနိုင်မယ့် တိုက်စစ်မှူးမျိုး ပိုမို လိုအပ်တာ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ဆယ်ကျော်သက် တိုက်စစ်မှူးလေး ဂရင်းဝုဒ် ဟာ အသင်း လိုအပ်နေတဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင်မယ်လို့ အိုဝင်က ယုံကြည်နေပါတယ်။

” ယူနိုက်တက်က နောက်ထပ် ဝိန်းရွန်းနီ တစ်ယောက် ရဖို့ မလွယ်ဘူး ဆိုတာ သိပါတယ်။ အသက် ၁၉-၂၀ ဝန်းကျင်လောက် ရှိနေပြီးခြေစွမ်းလည်း ကောင်း နောက်ထပ် ၁၀နှစ်လောက် အသင်းမှာ ရှိနေမယ့် တိုက်စစ်မှူးမျိုး ရှာဖို့ မလွယ်ပါဘူး။ သူတို့ဟာ ဇာလက်တန်တို့ အစ်ဟာလို တို့လို တိုက်စစ်မှူးတွေပဲ ခေါ်ဖြစ်နေတယ်။

ဒီကစားသမားတွေက ကောင်းပါတယ် ဒါပေမယ့် ကစားသမား ကာလက အဆုံးသတ်ဖို့ တရွေ့ရွေ့ နီးလာနေတယ်။ ယူနိုက်တက် အနေနဲ့ အခုမှ ကစားသမား ဘ၀ အစ ဖြစ်ပြီး အသင်းနဲ့ အတူ ရေရှည် သယ်ဆောင်သွားနိုင်မယ့် ရွန်းနီ တစ်ယောက် လိုနေတယ်။ ဒါက မေဆန် ဂရင်းဝုဒ် ဖြစ်နိုင်မလား။ ဒီလို လူငယ်လေးကို အသင်းနဲ့ အတူ ပျိုးထောင်ပေးသွားမယ်ဆို ဒါက ဖြစ်နိုင်ပါတယ်။ ယူနိုက်တက်က တကယ့် လမ်းကြောင်းမှန် အတိုင်း သွားနေတယ်လို့ ကျနေ်ာ ထင်တယ်။ ” လို့ အိုဝင်က သုံးသပ် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် အကယ်ဒမီထွက် လူငယ်တိုက်စစ်သမားလေး ဂရင်းဝုဒ်ဟာ အသင်းမှာ ပွဲကစားခွင့် တဖြည်းဖြည်း ပိုမိုရရှိလာသူ ဖြစ်ပါတယ်။ အရန်ကနေ ပါဝင်လာရတာ များပေမယ့် ပြိုင်ပွဲစုံ ၃၅ ပွဲထိ ပါဝင်ကစားထားကာ ၁၂ ဂိုး သွင်းယူထားပါတယ်။

Zawgyi – ယူနုိက္တက္ တုိက္စစ္မွဴးေဟာင္း ျဖစ္တဲ့ မိုက္ကယ္ အို၀င္ကေတာ့ အသင္းေဟာင္းဟာ ၀ိန္းရြန္းနီ လက္သစ္ တိုက္စစ္မွဴး တစ္ဦး ရွာဖို႔ လိုအပ္ေနတယ္လို႔ ဆိုလိုက္ျပီး လူငယ္ ကစားသမား ေမဆန္ဂရင္း၀ုဒ္က ဒီလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးနုိင္မယ့္သူလို႔ ယူဆေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာပါတယ္။

အို၀င္က ယူနုိက္တက္ဟာ အေတြ႔အၾကံဳရွိျပီးသား တိုက္စစ္မွဴးေတြ ျဖစ္တဲ့ ဇာလက္တန္၊ အစ္ဟာလိုတို႔ကို ေရတို အတြက္ ေခၚယူတာမ်ိဳးထက္ ေနာက္ ဆယ္စုနွစ္တာ အတြက္ အသင္းမွာ ဆက္ရွိေနျပီး အစြမ္းျပနိုင္မယ့္ တိုက္စစ္မွဴးမ်ိဳး ပိုမို လိုအပ္တာ ျဖစ္တယ္လို႔ သံုးသပ္ခဲ့ပါတယ္။

ယူနိုက္တက္ရဲ႕ ဆယ္ေက်ာ္သက္ တိုက္စစ္မွဴးေလး ဂရင္း၀ုဒ္ ဟာ အသင္း လိုအပ္ေနတဲ့ ကြက္လပ္ကို ျဖည့္ေပးနုိင္မယ္လို႔ အုိ၀င္က ယံုၾကည္ေနပါတယ္။

” ယူနိုက္တက္က ေနာက္ထပ္ ၀ိန္းရြန္းနီ တစ္ေယာက္ ရဖို႔ မလြယ္ဘူး ဆိုတာ သိပါတယ္။ အသက္ ၁၉-၂၀ ၀န္းက်င္ေလာက္ ရွိေနျပီးေျခစြမ္းလည္း ေကာင္း ေနာက္ထပ္ ၁၀နွစ္ေလာက္ အသင္းမွာ ရွိေနမယ့္ တိုက္စစ္မွဴးမ်ိဳး ရွာဖို႔ မလြယ္ပါဘူး။ သူတို႔ဟာ ဇာလက္တန္တို႔ အစ္ဟာလို တို႔လို တိုက္စစ္မွဴးေတြပဲ ေခၚျဖစ္ေနတယ္။

ဒီကစားသမားေတြက ေကာင္းပါတယ္ ဒါေပမယ့္ ကစားသမား ကာလက အဆံုးသတ္ဖို႔ တေရြ႕ေရြ႕ နီးလာေနတယ္။ ယူနိုက္တက္ အေနနဲ႔ အခုမွ ကစားသမား ဘ၀ အစ ျဖစ္ျပီး အသင္းနဲ႕ အတူ ေရရွည္ သယ္ေဆာင္သြားနိုင္မယ့္ ရြန္းနီ တစ္ေယာက္ လိုေနတယ္။ ဒါက ေမဆန္ ဂရင္း၀ုဒ္ ျဖစ္နုိင္မလား။ ဒီလုိ လူငယ္ေလးကို အသင္းနဲ႕ အတူ ပ်ိဳးေထာင္ေပးသြားမယ္ဆို ဒါက ျဖစ္နုိင္ပါတယ္။ ယူနိုက္တက္က တကယ့္ လမ္းေၾကာင္းမွန္ အတိုင္း သြားေနတယ္လို႔ က်ေန္ာ ထင္တယ္။ ” လို႔ အို၀င္က သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

ယူနိုက္တက္ အကယ္ဒမီထြက္ လူငယ္တိုက္စစ္သမားေလး ဂရင္း၀ုဒ္ဟာ အသင္းမွာ ပြဲကစားခြင့္ တျဖည္းျဖည္း ပိုမိုရရွိလာသူ ျဖစ္ပါတယ္။ အရန္ကေန ပါ၀င္လာရတာ မ်ားေပမယ့္ ျပိဳင္ပြဲစံု ၃၅ ပြဲထိ ပါ၀င္ကစားထားကာ ၁၂ ဂိုး သြင္းယူထားပါတယ္။