ဘိုင်ယန်လီဗာကူဆင် အသင်းရဲ့ ကွင်းလယ်တိုက်စစ်သမား ဖလိုရီယန် ဝါ့ဇ် ကို ဘိုင်ယန်မြူးနစ်နဲ့ ပရီးမီးယားလိဂ် ကလပ်တွေက စိတ်ဝင်စား စောင့်ကြည့်နေကြောင်း သတင်းထောက် ရိုမန်နိုက ဖော်ထုတ်လိုက်ပြီး လီဗာကူဆင်ကတော့ ၎င်းတို့ ကစားသမားကို ရောင်းချဖို့ စိတ်ကူးမရှိတဲ့ အပြင် စာချုပ်မှာလည်း ဖျက်သိမ်းကြေး ထည့်သွင်းမထားဘူးလို့ သိရပါတယ်။
နောက်နှစ်နွေမှာ အပြောင်းအရွှေ့သတင်း ခေါင်းစီးတွေထဲ နေရာယူလာဖွယ် ရှိတဲ့ ဟာလန်းကို ဒေါ့မွန်က ၂၀၂၃ ထိ အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးစားနေပါတယ်။

လီဗာပူးအသင်းဟာ ရက်ဘူး ဆဲလ်ဘတ်အသင်း တိုက်စစ်သမား ကာရင် အဒီရေမီ ကို ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေထဲ နောက်ဆုံး ပါဝင်လာပါတယ်။ ဆယ်ကျော်သက် တိုက်စစ်မှုးကို ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန်နဲ့ လိုက်ပ်ဇစ် တို့ကလည်း စောင့်ကြည့်နေကြပါတယ်။
အာဆင်နယ် တိုက်စစ်သမား မာတင်နယ်လီဟာ အသင်းမှာ ပွဲကစားချိန် နည်းပါးလာတဲ့ အပေါ် စိုးရိမ်တာကြောင့် အသင်းနဲ့ ဆက်ရှိဖို့ အနာဂတ်ကို စဉ်းစားနေပြီ ဖြစ်ကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာ နေရာကို ယှဉ်ပြိုင်နိုင်မယ့် ညာစွန်ခံစစ်သမား သစ် ရှာဖွေနေပြီး ရိန်းဂျားစ်မှ နေသန် ပက်တာဆန်နဲ့ နောဝစ်ချ်မှ မက်စ် အေရွန်တို့ က စာရင်းထဲမှာ ရှိနေပါတယ်။
အာဆင်နယ်အသင်းဟာ လူငယ် ကစားသမားတွေကို ရောင်းချရာမှာ စည်းမျဉ်းအချို့ ချိုးဖောက်ခဲ့တယ် ဆိုပြီး ဖီဖာက ဒဏ်ရိုက်ခဲ့ပေမယ့် အားကစား ခုံရုံးမှာ အယူခံတင် ရင်ဆိုင်ရာမှာတော့ ဂန်းနားတို့ အနိုင်ရရှိသွားခဲ့ပါတယ်။
အင်္ဂလန် ကစားသမားဟောင်းကြီး ဂယ်ရီလိုင်ကာ က စီရော်နယ်ဒိုနဲ့ ယူနိုက်တက် တို့ဟာ သူ့ခြံထဲမှာ လက်မှတ်ထိုး သဘောတူခဲ့ကြတာ ဖြစ်ကြောင်း ဖော်ထုတ်လိုက်ပါတယ်။ အက် ဝုဒ်ဝပ်က ၎င်းရဲ့ အိမ်နီးချင်း သူငယ်ချင်း ဖြစ်တယ်လို့ လိုင်ကာက ဆိုပါတယ်။

Zawgyi
ဘိုင္ယန္လီဗာကူဆင္ အသင္းရဲ႕ ကြင္းလယ္တိုက္စစ္သမား ဖလိုရီယန္ ၀ါ့ဇ္ ကို ဘိုင္ယန္ျမဴးနစ္နဲ႕ ပရီးမီးယားလိဂ္ ကလပ္ေတြက စိတ္၀င္စား ေစာင့္ၾကည့္ေနေၾကာင္း သတင္းေထာက္ ရိုမန္နိုက ေဖာ္ထုတ္လိုက္ျပီး လီဗာကူဆင္ကေတာ့ ၄င္းတို႔ ကစားသမားကို ေရာင္းခ်ဖို႔ စိတ္ကူးမရွိတဲ့ အျပင္ စာခ်ဳပ္မွာလည္း ဖ်က္သိမ္းေၾကး ထည့္သြင္းမထားဘူးလို႕ သိရပါတယ္။
ေနာက္နွစ္ေႏြမွာ အေျပာင္းအေရႊ႕သတင္း ေခါင္းစီးေတြထဲ ေနရာယူလာဖြယ္ ရွိတဲ့ ဟာလန္းကို ေဒါ့မြန္က ၂၀၂၃ ထိ အသင္းမွာ ဆက္ထိန္းထားဖို႔ ၾကိဳးစားေနပါတယ္။
လီဗာပူးအသင္းဟာ ရက္ဘူး ဆဲလ္ဘတ္အသင္း တိုက္စစ္သမား ကာရင္ အဒီေရမီ ကို ေခၚယူဖို႔ စိတ္၀င္စားတဲ့ အသင္းေတြထဲ ေနာက္ဆံုး ပါ၀င္လာပါတယ္။ ဆယ္ေက်ာ္သက္ တုိုက္စစ္မႈးကို ဘိုင္ယန္ျမဴးနစ္၊ ေဒါ့မြန္နဲ႕ လိုက္ပ္ဇစ္ တို႔ကလည္း ေစာင့္ၾကည့္ေနၾကပါတယ္။
အာဆင္နယ္ တိုက္စစ္သမား မာတင္နယ္လီဟာ အသင္းမွာ ပြဲကစားခ်ိန္ နည္းပါးလာတဲ့ အေပၚ စိုးရိမ္တာေၾကာင့္ အသင္းနဲ႕ ဆက္ရွိဖို႔ အနာဂတ္ကို စဥ္းစားေနျပီ ျဖစ္ေၾကာင္း သိရပါတယ္။
ယူနိုက္တက္ဟာ ၀မ္ဘစ္ဆာကာ ေနရာကို ယွဥ္ျပိဳင္နိုင္မယ့္ ညာစြန္ခံစစ္သမား သစ္ ရွာေဖြေနျပီး ရိန္းဂ်ားစ္မွ ေနသန္ ပက္တာဆန္နဲ႕ ေနာ၀စ္ခ်္မွ မက္စ္ ေအရြန္တို႔ က စာရင္းထဲမွာ ရွိေနပါတယ္။
အာဆင္နယ္အသင္းဟာ လူငယ္ ကစားသမားေတြကို ေရာင္းခ်ရာမွာ စည္းမ်ဥ္းအခ်ိဳ႕ ခ်ိဳးေဖာက္ခဲ့တယ္ ဆိုျပီး ဖီဖာက ဒဏ္ရိုက္ခဲ့ေပမယ့္ အားကစား ခံုရံုးမွာ အယူခံတင္ ရင္ဆိုင္ရာမွာေတာ့ ဂနး္နားတို႔ အနုိင္ရရွိသြားခဲ့ပါတယ္။
အဂၤလန္ ကစားသမားေဟာင္းၾကီး ဂယ္ရီလိုင္ကာ က စီေရာ္နယ္ဒိုနဲ႕ ယူနိုက္တက္ တို႔ဟာ သူ႔ျခံထဲမွာ လက္မွတ္ထိုး သေဘာတူခဲ့ၾကတာ ျဖစ္ေၾကာင္း ေဖာ္ထုတ္လိုက္ပါတယ္။ အက္ ၀ုဒ္၀ပ္က ၄င္းရဲ႕ အိမ္နီးခ်င္း သူငယ္ခ်င္း ျဖစ္တယ္လို႔ လိုင္ကာက ဆိုပါတယ္။
