ဘွန်ဒက်လီဂါရဲ့ အတောက်ပဆုံး တိုက်စစ်အားသန် ကွင်းလယ်လူကို ချိန်ရွယ်လာတဲ့ ချယ်ဆီး

ချယ်ဆီးအသင်းဟာ ဘွန်ဒက်လီဂါကလပ် လေဗာကူဆင်အသင်းမှ လူငယ် ကွင်းလယ်လူ ဖလိုရီယန် ဝက်ဇ်ကို အကဲခတ်နေပြီး အတော်လေး နှစ်သက်နေကြောင်း ဂျာမာန်သတင်းတွေ ကိုးကားပြီး လန်ဒန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာခဲ့ပြီဖြစ်ပါတယ်။

အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူကို စိတ်ဝင်စားနေတာက ချယ်ဆီးတစ်သင်းတည်း မဟုတ်ဘဲ မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာဟာဆိုရင် ကင်းထောက်တွေပါ စေလွှတ် စောင့်ကြည့်နေတာလို့ BILD သတင်းဌာနရဲ့ သတင်းထောက် Christian Falk က ဆိုလာခဲ့တယ်။

Falk က ” လက်တလော ဝက်ဇ်ရဲ့ ခြေစွမ်းတွေကို စောင့်ကြည့်ဖို့ဆိုပြီး ဂွာဒီယိုလာက လေဗာကူဆင်ထံ ကင်းထောက်တွေပါ စေလွှတ်ထားတာပါ။ သူ့ကိုတော့ ချယ်ဆီး၊ ယူနိုက်တက်၊ အာဆင်နယ်နဲ့ လီဗာပူးတို့ကလည်း အတော်လေး စိတ်ဝင်စားနေကြတယ်။ ပရီးမီးယားလိဂ်ကလပ် အများကြီးကတော့ စိတ်ဝင်စားနေတာပါပဲ။

သူကတော့ ပရီးမီးယားလိဂ်ထံ ပြောင်းလာဖို့ မလောသေးပါဘူး။ လူငယ်လေး ဝက်ဇ်က လေဗာကူဆင်မှာပဲ တိုးတက်မှုတွေ ဆက်ရှာဖွေလိုနေတာပါ။ ဘိုင်ယန်နဲ့လည်း စကားပြောမှုတွေ ရှိထားပေမယ့် ကစားသမားဘက်နဲ့ တိုက်ရိုက် ပြောခဲ့တာတော့ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးမန်နေဂျာ တူချယ်ဟာ သူ့လက်ထက်မှာ ရူဒီဂါ၊ ကိုင်နဲ့ ဗာနာတို့ကို လမ်းကြောင်းမှန်ပေါ် ပြန်တင်ပေးလာနိုင်ခဲ့တယ်။ ဒါပေမယ့်လို့ ဗာနာက အနာဂတ်မှာ ချယ်ဆီးမှာပဲ ဆက်နေမယ်လို့ အာမခံချက် မရှိခြင်းနဲ့အတူ တိုက်စစ်ပိုင်းအတွက် အင်အားဖြည့်ဖို့ လန်ဒန်ကလပ်ဘက်က ရှာဖွေမှုတွေ ဆက်လုပ်နေဆဲဖြစ်တယ်။

ဝက်ဇ်ဟာ ဘွန်ဒက်လီဂါရဲ့ အတောက်ပဆုံး ကြယ်ပွင့်တွေထဲက တစ်ဦးဖြစ်ပြီး ဒီရာသီ ဘွန်ဒက်လီဂါ အပါအဝင် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၇ ဂိုးထိ ရယူထားပြီဖြစ်ပါတယ်။

ချယ်ဆီးဘက်က အလေးအနက် စိတ်ဝင်စားနေတယ်လို့ ယုံကြည်မှုနဲ့အတူ ဝက်ဇ်ရဲ့ သတင်းတွေကိုလည်း ပိုမို သိလာရတယ်။ သတင်းထောက် ရိုမန်နိုကတော့ လီဗာကူဆင်က ၎င်းတို့ ကစားသမားကို ရောင်းချဖို့ စိတ်ကူးမရှိသေးသလို စာချုပ်မှာလည်း ဖျက်သိမ်းကြေး ထည့်သွင်းမထားဘူးလို့ ဖော်ပြခဲ့ပါသေးတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ ဘြန္ဒက္လီဂါကလပ္ ေလဗာကူဆင္အသင္းမွ လူငယ္ ကြင္းလယ္လူ ဖလိုရီယန္ ဝက္ဇ္ကို အကဲခတ္ေနျပီး အေတာ္ေလး ႏွစ္သက္ေနေၾကာင္း ဂ်ာမာန္သတင္းေတြ ကိုးကားျပီး လန္ဒန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာခဲ့ျပီျဖစ္ပါတယ္။

အသက္ ၁၈ ႏွစ္အရြယ္ ကြင္းလယ္လူကို စိတ္ဝင္စားေနတာက ခ်ယ္ဆီးတစ္သင္းတည္း မဟုတ္ဘဲ မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာဟာဆိုရင္ ကင္းေထာက္ေတြပါ ေစလႊတ္ ေစာင့္ၾကည့္ေနတာလို႔ BILD သတင္းဌာနရဲ႕ သတင္းေထာက္ Christian Falk က ဆိုလာခဲ့တယ္။

Falk က ” လက္တေလာ ဝက္ဇ္ရဲ႕ ေျခစြမ္းေတြကို ေစာင့္ၾကည့္ဖို႔ဆိုျပီး ဂြာဒီယိုလာက ေလဗာကူဆင္ထံ ကင္းေထာက္ေတြပါ ေစလႊတ္ထားတာပါ။ သူ႔ကိုေတာ့ ခ်ယ္ဆီး၊ ယူႏုိက္တက္၊ အာဆင္နယ္နဲ႔ လီဗာပူးတို႔ကလည္း အေတာ္ေလး စိတ္ဝင္စားေနၾကတယ္။ ပရီးမီးယားလိဂ္ကလပ္ အမ်ားၾကီးကေတာ့ စိတ္ဝင္စားေနတာပါပဲ။

သူကေတာ့ ပရီးမီးယားလိဂ္ထံ ေျပာင္းလာဖို႔ မေလာေသးပါဘူး။ လူငယ္ေလး ဝက္ဇ္က ေလဗာကူဆင္မွာပဲ တိုးတက္မႈေတြ ဆက္ရွာေဖြလိုေနတာပါ။ ဘိုင္ယန္နဲ႔လည္း စကားေျပာမႈေတြ ရွိထားေပမယ့္ ကစားသမားဘက္နဲ႔ တိုက္ရိုက္ ေျပာခဲ့တာေတာ့ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးမန္ေနဂ်ာ တူခ်ယ္ဟာ သူ႔လက္ထက္မွာ ရူဒီဂါ၊ ကိုင္နဲ႔ ဗာနာတို႔ကို လမ္းေၾကာင္းမွန္ေပၚ ျပန္တင္ေပးလာႏုိင္ခဲ့တယ္။ ဒါေပမယ့္လို႔ ဗာနာက အနာဂတ္မွာ ခ်ယ္ဆီးမွာပဲ ဆက္ေနမယ္လို႔ အာမခံခ်က္ မရွိျခင္းနဲ႔အတူ တိုက္စစ္ပိုင္းအတြက္ အင္အားျဖည့္ဖို႔ လန္ဒန္ကလပ္ဘက္က ရွာေဖြမႈေတြ ဆက္လုပ္ေနဆဲျဖစ္တယ္။

ဝက္ဇ္ဟာ ဘြန္ဒက္လီဂါရဲ႕ အေတာက္ပဆံုး ၾကယ္ပြင့္ေတြထဲက တစ္ဦးျဖစ္ျပီး ဒီရာသီ ဘြန္ဒက္လီဂါ အပါအဝင္ ျပိဳင္ပြဲစံုမွာ သြင္းဂိုး ၇ ဂိုးထိ ရယူထားျပီျဖစ္ပါတယ္။

ခ်ယ္ဆီးဘက္က အေလးအနက္ စိတ္ဝင္စားေနတယ္လို႔ ယံုၾကည္မႈနဲ႔အတူ ဝက္ဇ္ရဲ႕ သတင္းေတြကိုလည္း ပိုမို သိလာရတယ္။ သတင္းေထာက္ ရိုမန္နိုကေတာ့ လီဗာကူဆင္က ၄င္းတို႔ ကစားသမားကို ေရာင္းခ်ဖို႔ စိတ္ကူးမရွိေသးသလို စာခ်ဳပ္မွာလည္း ဖ်က္သိမ္းေၾကး ထည့္သြင္းမထားဘူးလို႕ ေဖာ္ျပခဲ့ပါေသးတယ္။