ဘောလုံးရာသီ ပြီးဆုံးအောင် ကစားဖို့ ထောက်ခံတိုက်တွန်းလိုက်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ပြိုင်ပွဲရဲ့ အရည်အသွေးကို ထိန်းသိမ်းထားနိုင်စေရန် လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီ ကို ပြီးဆုံးအောင် ကစားစေဖို့ လိုလားပြီး ထောက်ခံမှု အပြည့် ပေးထားကြောင်း သဘောထားကို ကြေငြာချက် ထုတ်ပြန်သွားပါတယ်။

သောကြာနေ့က ကလပ်အသင်းတွေရဲ့ အစည်းအဝေးအပြီးမှာ ပရီးမီးယားလိဂ်၊ အခြား ပြည်တွင်းလိဂ်တွေနဲ့ အမျိုးသမီးပြိုင်ပွဲများကို ရက် အကန့်အသတ်မရှိ ရပ်နားထားဦးမှာ ဖြစ်တယ်လို့ ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်နောက် အခုလို အာဆင်နယ်ဘက်က တုန့်ပြန် ကြေငြာခဲ့ခြင်း ဖြစ်ပါတယ်။

ယခင်ဆုံးဖြတ်ချက်များမှာ ပွဲစဉ်တွေကို ဧပြီ ၃၀ ထိ ကနဦး ရပ်နားထားပြီး မေလထဲ ပြန်လည် စတင်ဖို့ ရည်ရွယ်ခဲ့ပေမယ့် ဖြစ်နိုင်ရန် ခက်ခဲသွားပြီ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ လက်ရှိ အမှတ်ပေးဇယားမှာ အဆင့် ၉ မှာသာ ရှိပေမယ့် ဘောလုံးရာသီကို ဖျက်သိမ်းလိုတဲ့ အသင်းထဲ မပါဝင်ဘဲ ပြီးဆုံးအောင် ကစားစေလိုကြောင်း အသိပေးခဲ့ပါတယ်။

” အာဆင်နယ်အသင်းဟာ ၂၀၁၉-၂၀ ဘောလုံးရာသီရဲ့ ပြည်တွင်းလိဂ်တွေ၊ ဖလားပွဲစဉ်တွေ လက်ကျန်ပွဲများ အားလုံး ပြီးဆုံးအောင် ကစားဖို့ အပြည့်အ၀ ထောက်ခံပါတယ်။ ဒါက ပြိုင်ပွဲတစ်ခုစီရဲ့ အရည်အသွေးကို ထိန်းသိမ်းရာ ရောက်ပါတယ်။ ဒါ့အပြင် ကျနော်တို့ အသင်းက အစိုးရနဲ့ ဆေးအဖွဲ့တွေရဲ့ လမ်းညွှန်မှုတွေနဲ့သာ ဒီအပေါ် လုပ်ဆောင်ကြဖို့လည်း အပြည့်အ၀ ထောက်ခံ အားပေးပါတယ်။” လို့ အာဆင်နယ်အသင်းက တရားဝင် ကြေငြာချက် ထုတ်ပြန်သွားပါတယ်။

အဆင့်နိမ့်တန်းတွေက ကလပ်အသင်းတွေဟာလည်း ပွဲစဉ်တွေ ရပ်နားထားတာကြောင့် ကွင်းဝင်ကြေးများ ဆုံးရှုံးကာ ဘဏ္ဍာရေး အကြပ်အတည်းများ ရင်ဆိုင်နေရပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာလည်း တကယ်သာ ရာသီဖျက်သိမ်းရင် ပေးချေရမယ့် လျော်ကြေး များစွာ ရှိနေပါတယ်။

Zawgyi – အာဆင္နယ္အသင္းဟာ ျပိဳင္ပြဲရဲ႕ အရည္အေသြးကို ထိန္းသိမ္းထားနုိင္ေစရန္ လက္ရွိ ပရီးမီးယားလိဂ္ ေဘာလံုးရာသီ ကို ျပီးဆံုးေအာင္ ကစားေစဖို႔ လိုလားျပီး ေထာက္ခံမႈ အျပည့္ ေပးထားေၾကာင္း သေဘာထားကို ေၾကျငာခ်က္ ထုတ္ျပန္သြားပါတယ္။

ေသာၾကာေန႔က ကလပ္အသင္းေတြရဲ႕ အစည္းအေ၀းအျပီးမွာ ပရီးမီးယားလိဂ္၊ အျခား ျပည္တြင္းလိဂ္ေတြနဲ႕ အမ်ိဳးသမီးျပိဳင္ပြဲမ်ားကို ရက္ အကန္႔အသတ္မရွိ ရပ္နားထားဦးမွာ ျဖစ္တယ္လို႔ ထြက္ေပၚလာတဲ့ ဆံုးျဖတ္ခ်က္ေနာက္ အခုလို အာဆင္နယ္ဘက္က တုန္႔ျပန္ ေၾကျငာခဲ့ျခင္း ျဖစ္ပါတယ္။

ယခင္ဆံုးျဖတ္ခ်က္မ်ားမွာ ပြဲစဥ္ေတြကို ဧျပီ ၃၀ ထိ ကနဦး ရပ္နားထားျပီး ေမလထဲ ျပန္လည္ စတင္ဖို႔ ရည္ရြယ္ခဲ့ေပမယ့္ ျဖစ္နုိင္ရန္ ခက္ခဲသြားျပီ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ လက္ရွိ အမွတ္ေပးဇယားမွာ အဆင့္ ၉ မွာသာ ရွိေပမယ့္ ေဘာလံုးရာသီကို ဖ်က္သိမ္းလိုတဲ့ အသင္းထဲ မပါ၀င္ဘဲ ျပီးဆံုးေအာင္ ကစားေစလိုေၾကာင္း အသိေပးခဲ့ပါတယ္။

” အာဆင္နယ္အသင္းဟာ ၂၀၁၉-၂၀ ေဘာလံုးရာသီရဲ႕ ျပည္တြင္းလိဂ္ေတြ၊ ဖလားပြဲစဥ္ေတြ လက္က်န္ပြဲမ်ား အားလံုး ျပီးဆံုးေအာင္ ကစားဖို႔ အျပည့္အ၀ ေထာက္ခံပါတယ္။ ဒါက ျပိဳင္ပြဲတစ္ခုစီရဲ႕ အရည္အေသြးကို ထိန္းသိမ္းရာ ေရာက္ပါတယ္။ ဒါ့အျပင္ က်ေနာ္တို႔ အသင္းက အစိုးရနဲ႕ ေဆးအဖြဲ႕ေတြရဲ႕ လမ္းညႊန္မႈေတြနဲ႕သာ ဒီအေပၚ လုပ္ေဆာင္ၾကဖို႔လည္း အျပည့္အ၀ ေထာက္ခံ အားေပးပါတယ္။” လို႔ အာဆင္နယ္အသင္းက တရား၀င္ ေၾကျငာခ်က္ ထုတ္ျပန္သြားပါတယ္။

အဆင့္နိမ့္တန္းေတြက ကလပ္အသင္းေတြဟာလည္း ပြဲစဥ္ေတြ ရပ္နားထားတာေၾကာင့္ ကြင္း၀င္ေၾကးမ်ား ဆံုးရွံဳးကာ ဘ႑ာေရး အၾကပ္အတည္းမ်ား ရင္ဆိုင္ေနရျပီ ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာလည္း တကယ္သာ ရာသီဖ်က္သိမ္းရင္ ေပးေခ်ရမယ့္ ေလ်ာ္ေၾကး မ်ားစြာ ရွိေနပါတယ္။