စပိန် Vs ပြင်သစ် တို့ ထိပ်တိုက်တွေ့တဲ့ နေးရှင်းလိဂ် ဗိုလ်လုပွဲကြို အချက်အလက်နဲ့ သုံးသပ်ခန့်မှန်း

ထိပ်သီး လက်ရွေးစင် နှစ်သင်းဖြစ်တဲ့ စပိန်နဲ့ ပြင်သစ်အသင်းတို့ဟာ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် ပြိုင်ပွဲ နောက်ဆုံး အဆင့်ထိ ရောက်ရှိလာခဲ့ပြီးနောက် လာမယ့် တနင်္ဂနွေနေ့မှာ ဗိုလ်လုပွဲ အဖြစ် ထိပ်တိုက် တွေ့ဆုံပြီ ဖြစ်ပါတယ်။

ဥရောပ ချန်ပီယံ အီတလီအသင်းကို ကျော်ဖြတ်လာတဲ့ စပိန်အသင်းဟာ တဖက်မှာလည်း ယူရို ၂၀၂၀ က မကြေပွဲ နွှဲချင်နေတဲ့ ပြင်သစ်နဲ့ ဆုံနေတာပါ။

ဒီနှစ်သင်းဟာ အောက်တိုဘာ ၁၁ ရက်၊ လာမယ့် တနင်္လာနေ့ နံနက် အစော ၁း ၁၅ နာရီမှာ အီတလီ၊ မီလန်မြို့က ဆန်စီရို ကွင်းမှာ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

ပွဲကြို ထူးခြားသတင်းများ

ဖာရန် တောရက်စ်ဟာ အီတလီနဲ့ ပွဲမှာ ဒဏ်ရာ ရသွားခဲ့ပေမယ့် တနင်္ဂနွေနေ့ ဗိုလ်လုပွဲ အမှီ ပြန်ကောင်းလာဖွယ် ရှိပါတယ်။ စပိန်နည်းပြ လူးဝစ် အင်းနရစ်ကတော့ ဘယ်လိုရှိမလဲ မသိသေးဘူး လို့သာ သတိကြီးစွာထား ပြောဆိုခဲ့ပါတယ်။

ပြင်သစ်ကတော့ ဘယ်လ်ဂျီယံကို နိုင်တဲ့ ပွဲမှာ ဘာဒဏ်ရာ သတင်းသစ်မှ မရှိခဲ့ဘဲ ပြီးခဲ့တဲ့လက မပါနိုင်တဲ့ အမ်ဘတ်ပီ လည်း ကြံ့ခိုင်မှု အပြည့် ရှိနေပြီ ဖြစ်ပါတယ်။

နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုများ

ဒီတစ်ပတ် ဗိုလ်လုပွဲဟာ ဒီနှစ်သင်းကြား ၂၀၁၇ မတ်လက ပြင်သစ်ကို စပိန် ၂-၀ နဲ့နိုင်တဲ့ ခြေစမ်းပွဲ နောက်ပိုင်း နောက်ဆုံး လေးနှစ် အတွင်း ပထမအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။

သမိုင်းတလျောက် ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ စပိန်က ၁၆ ကြိမ် နိုင်၊ ပြင်သစ် ၁၂ ကြိမ်နိုင်ပြီး သရေ ၇ ပွဲ ရှိထားပါတယ်။

ဒီတစ်ပတ် နေးရှင်းလိဂ် ဗိုလ်လုပွဲ ခန့်မှန်းရလဒ်

စပိန် 1-2 ပြင်သစ်

နှစ်သင်း လူစာရင်း

Spain squad

Goalkeepers: David de Gea (Man. United), Robert Sánchez (Brighton), Unai Simón (Athletic)

Defenders: Marcos Alonso (Chelsea), César Azpilicueta (Chelsea), Eric García (Barcelona), Aymeric Laporte (Man. City), Iñigo Martínez (Athletic), Pedro Porro (Sporting CP), Sergio Reguilón (Tottenham), Pau Torres (Villarreal)

Midfielders: Sergio Busquets (Barcelona), Pablo Fornals (West Ham), Gavi (Barcelona), Bryan Gil (Tottenham), Koke (Atlético), Mikel Merino (Real Sociedad), Mikel Oyarzabal (Real Sociedad), Rodri (Manchester City), Sergi Roberto (Barcelona)

Forwards: Yeremi Pino (Villarreal), Pablo Sarabia (Sporting CP), Ferran Torres (Man. City)

France squad

Goalkeepers: Benoît Costil (Bordeaux), Hugo Lloris (Tottenham), Mike Maignan (AC Milan)

Defenders: Lucas Digne (Everton), Léo Dubois (Lyon), Lucas Hernández (Bayern), Theo Hernández (AC Milan), Presnel Kimpembe (Paris), Jules Koundé (Sevilla), Benjamin Pavard (Bayern), Dayot Upamecano (Bayern), Raphaël Varane (Man. United)

Midfielders: Matteo Guendouzi (Marseille), Paul Pogba (Man. United), Adrien Rabiot (Juventus), Aurélien Tchouaméni (Monaco), Jordan Veretout (Roma)

Forwards: Wissam Ben Yedder (Monaco), Karim Benzema (Real Madrid), Moussa Diaby (Leverkusen), Antoine Griezmann (Atlético Madrid), Anthony Martial (Man. United), Kylian Mbappé (Paris)

Zawgyi

ထိပ္သီး လက္ေရြးစင္ နွစ္သငး္ျဖစ္တဲ့ စပိန္နဲ႕ ျပင္သစ္အသင္းတို႔ဟာ ယူအီးအက္ဖ္ေအ ေနးရွင္းလိဂ္ ျပိဳင္ပြဲ ေနာက္ဆံုး အဆင့္ထိ ေရာက္ရွိလာခဲ့ျပီးေနာက္ လာမယ့္ တနဂၤေႏြေန႔မွာ ဗိုလ္လုပြဲ အျဖစ္ ထိပ္တိုက္ ေတြ႔ဆံုျပီ ျဖစ္ပါတယ္။

ဥေရာပ ခ်န္ပီယံ အီတလီအသင္းကို ေက်ာ္ျဖတ္လာတဲ့ စပိန္အသင္းဟာ တဖက္မွာလည္း ယူရို ၂၀၂၀ က မေၾကပြဲ ႏႊဲခ်င္ေနတဲ့ ျပင္သစ္နဲ႕ ဆံုေနတာပါ။

ဒီနွစ္သင္းဟာ ေအာက္တိုဘာ ၁၁ ရက္၊ လာမယ့္ တနလၤာေန႔ နံနက္ အေစာ ၁း ၁၅ နာရီမွာ အီတလီ၊ မီလန္ျမိဳ႕က ဆန္စီရို ကြင္းမွာ ယွဥ္ျပိဳင္ၾကမွာ ျဖစ္ပါတယ္။

ပြဲၾကိဳ ထူးျခားသတင္းမ်ား

ဖာရန္ ေတာရက္စ္ဟာ အီတလီနဲ႕ ပြဲမွာ ဒဏ္ရာ ရသြားခဲ့ေပမယ့္ တနဂၤေႏြေန႔ ဗိုလ္လုပြဲ အမွီ ျပန္ေကာင္းလာဖြယ္ ရွိပါတယ္။ စပိန္နည္းျပ လူး၀စ္ အင္းနရစ္ကေတာ့ ဘယ္လိုရွိမလဲ မသိေသးဘူး လို႔သာ သတိၾကီးစြာထား ေျပာဆိုခဲ့ပါတယ္။

ျပင္သစ္ကေတာ့ ဘယ္လ္ဂ်ီယံကို နိုင္တဲ့ ပြဲမွာ ဘာဒဏ္ရာ သတင္းသစ္မွ မရွိခဲ့ဘဲ ျပီးခဲ့တဲ့လက မပါနိုင္တဲ့ အမ္ဘတ္ပီ လည္း ၾကံ႕ခိုင္မႈ အျပည့္ ရွိေနျပီ ျဖစ္ပါတယ္။

နွစ္သင္း ထိပ္တိုက္ေတြ႔ဆံုမႈမ်ား

ဒီတစ္ပတ္ ဗိုလ္လုပြဲဟာ ဒီနွစ္သင္းၾကား ၂၀၁၇ မတ္လက ျပင္သစ္ကို စပိန္ ၂-၀ နဲ႕နိုင္တဲ့ ေျခစမ္းပြဲ ေနာက္ပိုင္း ေနာက္ဆံုး ေလးနွစ္ အတြင္း ပထမအၾကိမ္ ေတြ႔ဆံုျခင္းလည္း ျဖစ္ပါတယ္။

သမိုင္းတေလ်ာက္ ထိပ္တိုက္ေတြ႔ဆံုမႈေတြမွာေတာ့ စပိန္က ၁၆ ၾကိမ္ နုိင္၊ ျပင္သစ္ ၁၂ ၾကိမ္နုိင္ျပီး သေရ ၇ ပြဲ ရွိထားပါတယ္။

ဒီတစ္ပတ္ ေနးရွင္းလိဂ္ ဗိုလ္လုပြဲ ခန္႔မွန္းရလဒ္

စပိန္ 1-2 ျပင္သစ္