ဖာနန်ဒက်စ် ပေါ့ဘာအတွဲကို ပရိသတ်ကြိုက်ပုံစံ ကစားစေဖို့ ပြင်ဆင်နေတဲ့ မန်နေဂျာဆိုးရှား

UNICODE – မန်နေဂျာဆိုးရှားဟာ ပရီးမီးယားလိဂ် ပြန်လည် စတင်တဲ့အခါ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်ကို တွဲဘက်စေပြီး ကမ္ဘာဖလား ချန်ပီယံကို ကွင်းလယ်တိုက်စစ်မှာ ကစားစေတဲ့ ပုံစံမျိုးကို လူစာရင်း ဆွဲလာတယ်လို့ သိရတယ်။

ယူနိုက်တက် မန်နေဂျာဟာ ခြေကျင်းဝတ် ဒဏ်ရာကနေ ရာနှုန်းပြည့် ပြန်ကောင်းလာနေတဲ့ ပေါ့ဘာကို လေ့ကျင့်ရေးမှာ ဖာနန်ဒက်စ်နဲ့ တွဲဘက်စေတာမျိုးကို လေ့ကျင့်ရေး စတင်ခွင့်ရှိတည်းက လုပ်ဆောင်ထားပါတယ်။ ဒီကွင်းလယ်နှစ်ဦး တွဲဘက်မှုက ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အထောက်အပံ့ကြီး ဖြစ်စေမယ်လို့ ဆိုးရှားက ယုံကြည်နေတယ်။

ဆိုးရှားဟာ ပေါ့ဘာနဲ့ ဖာနန်ဒက်စ် အကောင်းဆုံး တွဲဘက်နိုင်ပြီး ပေါ့ဘာက သူ့စိတ်ကြိုက် တိုက်စစ်လိုက်ခွင့်မျိုး ရစေမယ့် နည်းစနစ်ကို စတင်ရှာဖွေနေတာဖြစ်တယ်။ တိုက်စစ်ကို လွတ်လွတ်လပ်လပ် ကစားခွင့်ရမယ့် ပေါ့ဘာနောက်မှာ ဖာနန်ဒက်စ်ကတော့ ယခင်လို တိုက်စစ်လိုက်မှုအစား ကွင်းလယ်တာဝန် ပိုယူတဲ့ နံပါတ် ၈ နေရာကို ကစားဖို့ ရှိနေပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက် ကစားသမားဘဝမှာ ကိုယ်တိုင် သုံးဂိုးသွင်းပြီး လေးကြိမ် ဂိုးထောက်ပံ့ ပေးထားပေမယ့် သူ့စိတ်ကြိုက် နေရာက ကွင်းလယ်ကို အားပြုကစားတဲ့ နေရာဖြစ်တယ်။ ဖာနန်ဒက်စ်ရဲ့ ပေါက်ကွဲအား ကောင်းမှု၊ ဖိအားပေးနှုန်း ပြင်းထန်မှုတွေက နံပါတ် ၈ နေရာနဲ့ အံဝင်ဖို့ရှိကာ တစ်ဘက်မှာလည်း ခံစစ်ပိုင်း ကူရမှု နည်းပါးသွားမယ့် ပေါ့ဘာက ထိပ်တန်း ခြေစွမ်းတွေ ပြန်ပြနိုင်မယ် ခန့်မှန်းရတယ်။

မန်နေဂျာဆိုးရှားက ကွင်းလယ်ကိုတော့ သုံးယောက်တန်း ပုံစံပဲ ကစားမှာဖြစ်ခြင်းကြောင့် ကွင်းလယ်ခံစစ်ကိုတော့ တောမီနေးနဲ့ ဖရက် နှစ်ဦးတည်းက တစ်ဦး တာဝန်ယူရဖွယ် ရှိပါတယ်။ လက်တလောမှာ ကွင်းလယ် အတွဲသစ်ကို မန်နေဂျာက စမ်းသပ်နေပြီး ကာရင်တန်မှာတော့ ပေါ့ဘာ ဖာနန်ဒက်စ်ကို တွဲဘက် လေ့ကျင့်ရေသော်လည်း တစ်သင်းစီ ခွဲကန်ခိုင်းတာမျိုးတွေလည်း လုပ်ဆောင်ထားပါတယ်။

ZAWGYI – မန္ေနဂ်ာဆိုးရွားဟာ ပရီးမီးယားလိဂ္ ျပန္လည္ စတင္တဲ့အခါ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ကို တြဲဘက္ေစျပီး ကမၻာဖလား ခ်န္ပီယံကို ကြင္းလယ္တိုက္စစ္မွာ ကစားေစတဲ့ ပံုစံမ်ိဳးကို လူစာရင္း ဆြဲလာတယ္လို႔ သိရတယ္။

ယူႏုိက္တက္ မန္ေနဂ်ာဟာ ေျခက်င္းဝတ္ ဒဏ္ရာကေန ရာႏႈန္းျပည့္ ျပန္ေကာင္းလာေနတဲ့ ေပါ့ဘာကို ေလ့က်င့္ေရးမွာ ဖာနန္ဒက္စ္နဲ႔ တြဲဘက္ေစတာမ်ိဳးကို ေလ့က်င့္ေရး စတင္ခြင့္ရွိတည္းက လုပ္ေဆာင္ထားပါတယ္။ ဒီကြင္းလယ္ႏွစ္ဦး တြဲဘက္မႈက ရာသီကုန္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အေထာက္အပံ့ၾကီး ျဖစ္ေစမယ္လုိ႔ ဆိုးရွားက ယံုၾကည္ေနတယ္။

ဆိုးရွားဟာ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္ အေကာင္းဆံုး တြဲဘက္ႏုိင္ျပီး ေပါ့ဘာက သူ႔စိတ္ၾကိဳက္ တိုက္စစ္လိုက္ခြင့္မ်ိဳး ရေစမယ့္ နည္းစနစ္ကို စတင္ရွာေဖြေနတာျဖစ္တယ္။ တိုက္စစ္ကို လြတ္လြတ္လပ္လပ္ ကစားခြင့္ရမယ့္ ေပါ့ဘာေနာက္မွာ ဖာနန္ဒက္စ္ကေတာ့ ယခင္လို တိုက္စစ္လိုက္မႈအစား ကြင္းလယ္တာဝန္ ပိုယူတဲ့ နံပါတ္ ၈ ေနရာကို ကစားဖို႔ ရွိေနပါတယ္။

ဖာနန္ဒက္စ္ဟာ ယူႏုိက္တက္ ကစားသမားဘဝမွာ ကိုယ္တုိင္ သံုးဂိုးသြင္းျပီး ေလးၾကိမ္ ဂိုးေထာက္ပံ့ ေပးထားေပမယ့္ သူ႔စိတ္ၾကိဳက္ ေနရာက ကြင္းလယ္ကို အားျပဳကစားတဲ့ ေနရာျဖစ္တယ္။ ဖာနန္ဒက္စ္ရဲ႕ ေပါက္ကြဲအား ေကာင္းမႈ၊ ဖိအားေပးႏႈန္း ျပင္းထန္မႈေတြက နံပါတ္ ၈ ေနရာနဲ႔ အံဝင္ဖို႔ရွိကာ တစ္ဘက္မွာလည္း ခံစစ္ပိုင္း ကူရမႈ နည္းပါးသြားမယ့္ ေပါ့ဘာက ထိပ္တန္း ေျခစြမ္းေတြ ျပန္ျပႏိုင္မယ္ ခန္႔မွန္းရတယ္။

မန္ေနဂ်ာဆိုးရွားက ကြင္းလယ္ကိုေတာ့ သံုးေယာက္တန္း ပံုစံပဲ ကစားမွာျဖစ္ျခင္းေၾကာင့္ ကြင္းလယ္ခံစစ္ကိုေတာ့ ေတာမီေနးနဲ႔ ဖရက္ ႏွစ္ဦးတည္းက တစ္ဦး တာဝန္ယူရဖြယ္ ရွိပါတယ္။ လက္တေလာမွာ ကြင္းလယ္ အတြဲသစ္ကို မန္ေနဂ်ာက စမ္းသပ္ေနျပီး ကာရင္တန္မွာေတာ့ ေပါ့ဘာ ဖာနန္ဒက္စ္ကို တြဲဘက္ ေလ့က်င့္ေရေသာ္လည္း တစ္သင္းစီ ခြဲကန္ခိုင္းတာမ်ိဳးေတြလည္း လုပ္ေဆာင္ထားပါတယ္။