ဘာစီလိုနာအသင်းဟာ ပေါ့ဘာနဲ့ ဖရက် ကက်ဆီကို မခေါ်ယူနိုင်ရင် အရန် ပစ်မှတ် အဖြစ် မွန်ချင်ဂလာဘတ် ကွင်းလယ် ကစားသမား ဒန်းနစ် ဇာကရီယာ ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။
ယူနိုက်တက်ဟာ အသင်းခေါင်းဆောင် မက်ဂွဲရားအတွက် လုပ်ခ လစာတိုးပေးမယ့် စာချုပ်သစ် တစ်ရပ် သက်တမ်းတိုး ချုပ်ဆိုဖို့ အလွန်နီးစပ်နေပြီ ဖြစ်ကြောင်း အင်္ဂလန်သတင်းတွေက ဆိုပါတယ်။
မန်စီးတီးအသင်းဟာ ၎င်းတို့ရဲ့ ဝတ်စုံဂျာစီ စပွန်ဆာ ပါတနာ Puma ရဲ့ အကူအညီနဲ့ ဟာလန်းကို ဒေါ့မွန်ထံကနေ ခေးယူနိုင်ဖို့ မျှော်လင့်နေပါတယ်။

နယူးကာဆယ် အသင်းကို ရောင်းချပြီးတဲ့နောက် ပိုင်ရှင်ဟောင်း မိုက် အက်ရှ်လေဟာ ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ဝယ်ယူဖို့ စိတ်ဝင်စား လှုပ်ရှားနေပါတယ်။
ချယ်ဆီးအသင်းဟာ ခရစ္စဆက်တန်နဲ့ သက်တမ်းတိုး စာချုပ် ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်ကြောင်း သတင်းထောက် ရိုမန်နိုက ဆိုပါတယ်။ ခရစ္စဆက်တန်ကို ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ချဉ်းကပ်လိုတဲ့ ကလပ် အသင်း ၂သင်း ရှိခဲ့တယ်လို့လည်း ၎င်းက ဆိုခဲ့ပါတယ်။
နယူးကာဆယ် ယူနိုက်တက်ဟာ ကြီးမားတဲ့ ခေါ်ယူမှုတစ်ခုလုပ်ဖို့ မျှော်လင့်နေသလို နာပိုလီနဲ့ ဆီနီဂေါ ဗဟိုနောက်ခံလူ ကူလီဘာလီအတွက် အပြောင်းအရွှေ့လုပ်ဖို့ စီစဉ်နေပါတယ်။
ဘန်လေ ခံစစ်မှုး ဂျိမ်းစ် တာကောစကီးဟာ ပိုင်ရှင်သစ် ရောက်လာတဲ့ နယူးကာဆယ် အသင်းရဲ့ ပထမဆုံး ခေါ်ယူမှု ဖြစ်လို့ အလားအလာများနေပါတယ်။ နယူးကာဆယ်ဟာ ယူနိုက်တက်မှ လင်ဂတ်နဲ့ ဘိုင်လေတို့ကိုလည်း ဇန်နဝါရီမှာ ခေါ်ဖို့ မျက်စိကျနေပါတယ်။
ယူနိုက်တက် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ကို ဇန်နဝါရီမှာ ခေါ်ယူဖို့ ဂျူဗင်တပ်က လှုပ်ရှား လာဖွယ် ရှိပြီး နယူးကာဆယ်လည်း ဝင်ပါလာနိုင်တယ်လို့ သတင်းထောက် နီကိုလိုက ဖော်ထုတ်ထားပါတယ်။

Zawgyi
ဘာစီလိုနာအသင္းဟာ ေပါ့ဘာနဲ႕ ဖရက္ ကက္ဆီကို မေခၚယူနိုင္ရင္ အရန္ ပစ္မွတ္ အျဖစ္ မြန္ခ်င္ဂလာဘတ္ ကြင္းလယ္ ကစားသမား ဒန္းနစ္ ဇာကရီယာ ကို ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။
ယူနိုက္တက္ဟာ အသင္းေခါင္းေဆာင္ မက္ဂြဲရားအတြက္ လုပ္ခ လစာတိုးေပးမယ့္ စာခ်ဳပ္သစ္ တစ္ရပ္ သက္တမ္းတိုး ခ်ဳပ္ဆိုဖို႔ အလြန္နီးစပ္ေနျပီ ျဖစ္ေၾကာင္း အဂၤလန္သတင္းေတြက ဆိုပါတယ္။
မန္စီးတီးအသင္းဟာ ၄င္းတို႔ရဲ႕ ၀တ္စံုဂ်ာစီ စပြန္ဆာ ပါတနာ Puma ရဲ႕ အကူအညီနဲ႕ ဟာလန္းကို ေဒါ့မြန္ထံကေန ေခးယူနိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
နယူးကာဆယ္ အသင္းကို ေရာင္းခ်ျပီးတဲ့ေနာက္ ပိုင္ရွင္ေဟာင္း မိုက္ အက္ရွ္ေလဟာ ခ်န္ပီယံရွစ္ကလပ္ ဒါဘီအသင္းကို ၀ယ္ယူဖို႔ စိတ္၀င္စား လႈပ္ရွားေနပါတယ္။
ခ်ယ္ဆီးအသင္းဟာ ခရစၥဆက္တန္နဲ႕ သက္တမ္းတိုး စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈ ရခဲ့ျပီ ျဖစ္ေၾကာင္း သတင္းေထာက္ ရိုမန္နိုက ဆိုပါတယ္။ ခရစၥဆက္တန္ကို ျပီးခဲ့တဲ့ သီတင္းပတ္ေတြ အတြင္း ခ်ဥ္းကပ္လိုတဲ့ ကလပ္ အသင္း ၂သင္း ရွိခဲ့တယ္လို႔လည္း ၄င္းက ဆိုခဲ့ပါတယ္။
နယူးကာဆယ္ ယူႏိုက္တက္ဟာ ႀကီးမားတဲ့ ေခၚယူမႈတစ္ခုလုပ္ဖို႔ ေမွ်ာ္လင့္ေနသလို နာပိုလီနဲ႔ ဆီနီေဂါ ဗဟိုေနာက္ခံလူ ကူလီဘာလီအတြက္ အေျပာင္းအေ႐ႊ႕လုပ္ဖို႔ စီစဥ္ေနပါတယ္။
ဘန္ေလ ခံစစ္မႈး ဂ်ိမ္းစ္ တာေကာစကီးဟာ ပိုင္ရွင္သစ္ ေရာက္လာတဲ့ နယူးကာဆယ္ အသင္းရဲ႕ ပထမဆံုး ေခၚယူမႈ ျဖစ္လို႔ အလားအလာမ်ားေနပါတယ္။ နယူးကာဆယ္ဟာ ယူနိုက္တက္မွ လင္ဂတ္နဲ႕ ဘိုင္ေလတို႔ကိုလည္း ဇန္န၀ါရီမွာ ေခၚဖို႔ မ်က္စိက်ေနပါတယ္။
ယူနိုက္တက္ ကြင္းလယ္ကစားသမား ဗန္ဒီဘိခ္ကို ဇန္န၀ါရီမွာ ေခၚယူဖို႔ ဂ်ဴဗင္တပ္က လႈပ္ရွား လာဖြယ္ ရွိျပီး နယူးကာဆယ္လည္း ၀င္ပါလာနုိင္တယ္လို႔ သတင္းေထာက္ နီကိုလိုက ေဖာ္ထုတ္ထားပါတယ္။
